” မီလျံနာ” တိုင်းဆီမှာ တွေ့ရတဲ့ အမူအကျင့် ၇ ခု...!

” မီလျံနာ” တိုင်းဆီမှာ တွေ့ရတဲ့ အမူအကျင့် ၇ ခု...! - Property Knowledge in Myanmar from iMyanmarHouse.com
7 Feb 2017 12:52 pm တွင် တင်ခဲ့သည်
2298 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

မီလျံနာ တစ်ဦးရဲ့ ဘဝဆိုတာ မတော်တဆအခြေအနေမျိုးမှာ ရလာတာမဟုတ်ပါဘူး။ ယနေ့ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေ အားလုံးရဲ့ အတိတ်မှာ အများနဲ့မတူတဲ့ အတွေးအခေါ်
အမူအကျင့်တွေရှိခဲ့မယ်ဆိုတာ သေချာလှပါတယ်။မီလျံနာတစ်ဦးကို မြင်လိုက်ရင်ကံကောင်းလိုက်တာလို့
တွေးတတ်ကြပေမဲ့ နောက်ကွယ်မှာ သူတို့ရဲ့ အလုပ်ကြိုးစားခဲ့မှုကို မေ့လျော့နေတတ် ကြပါတယ်။ မီလျံနာတစ်ဦးဖြစ်ဖို့ဆိုတာ ပုံပြင်တွေထဲနဲ့ လက်တွေ့ဘဝ များစွာကွာခြားနေတတ်ပြီး အာရုံစူးစိုက်မှု၊ အမူအကျင့်နဲ့ လုပ်ရည်ကိုင်ရည် စတဲ့အရာတွေကလည်း အရေးပါလွန်းလှပါတယ်။

လူတိုင်းနီးပါး မီလျံနာသဌေးဖြစ်ချင်ကြပါတယ်။ ဒီတော့ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ အမူအကျင့် ၁၀ ချက်ကို ကြည့်ကြရအောင်ပါ။

၁။ အိပ်ယာစောစောထခြင်း

နယ်ပယ်အသီးသီးက အောင်မြင်နေတဲ့လူတိုင်းမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့်ဖြစ်ပါတယ်။ အထူးသဖြင့် စွန့်ဦးတီထွင်လုပ်ငန်းရှင် တွေဆီမှာ အိပ်ယာစောစောထတတ်တဲ့ အမူအကျင့်တွေ တွေ့ရတတ်ပါတယ်။ HARO လုပ်ငန်းတည်ထောင်သူ ပီတာရှိတ်မန်းဆိုရင် နေ့တိုင်း မနက် ၄း၃၀ ခွဲမှာ အိပ်ယာထလေ့ရှိသူ ဖြစ်ပါတယ်။ မနက်စောစောထပြီး တစ်နေ့တာလုပ်စရာရှိတာတွေကို ပြင်ဆင်ထား တဲ့ အမူအကျင့်ဟာ
အောင်မြင်သူတွေရဲ့ အလေ့အထဖြစ်ပါတယ်။

၂။ ထပ်ခါထပ်ခါ လေ့လာခြင်း

ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်အကြောင်း အမြဲတမ်းလေ့လာနေဖို့လည်း အရေးကြီးပါတယ်။ အောင်မြင်သူ လုပ်ငန်းရှင်တွေကတော့ သူတို့ရဲ့စိတ်ကို ပိုပြီးရင့်သန်စေဖို့နဲ့ ကမ္ဘာကြီးအကြောင်းပိုသိဖို့
နေ့စဉ်စာဖတ်ကြပါတယ်။ NetCom လုပ်ငန်းရဲ့ အကြီးအကဲ ရက်ဆဲလ်ဆာဒါဆိုရင် နေ့စဉ် စာဖတ်သူ ဖြစ်ပါတယ်။ အလုပ်များတဲ့ ကြားရက်တွေမှာတောင် တစ်နေ့ကိုတစ်နာရီကနေ နှစ်နာရီခန့်ထိ
စာဖတ်လေ့ရှိပါတယ်။ စာဖတ်တဲ့အလေ့အကျင့်ဟာ အောင်မြင်မှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

၃။ ငွေကြေးကို စီမံခန့်ခွဲခြင်း

အောင်မြင်သူမီလျံနာတွေက ငွေကြေးကိုစီမံခန့်ခွဲဖို့ ဝါသနာပါသူတွေ ဖြစ်တတ်ကြပါတယ်။ ပုဂ္ဂိုလ်ရေး ဘဝနဲ့ လုပ်ငန်းနယ်ပယ် နှစ်ခုလုံးကို အဆင်ပြေအောင်စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းကလည်း မီလျံနာတစ်ယောက် ဖြစ်ဖို့ အရေးကြီါးပတယ်။ The Millionaire Next Door စာအုပ်ကို ရေးသားတဲ့ စာရေးဆရာ သောမတ်စတန်လေ ကတော့ ကိုယ်ပိုင်အရည်အချင်းနဲ့ ကြီးပွားလာသူတွေဆီမှာ ဘဏ်အကောင့်ထဲက ငွေအနည်းအများကို အမြဲတမ်း စိစစ်တွက်ချက်နေတတ်တဲ့ အကျင့်ရှိတယ်လို့ ရေးသားထားပါတယ်။

၎။ အလုပ်ကြိုးစားပါ

လျှင်လျှင်မြန်မြန် ချမ်းသာလာခြင်းရဲ့ အဓိအကြောင်းအကြောင်းအရင်းတစ်ချက်က အလုပ်ကြိုးစားခြင်း
ဖြစ်ပါတယ်။ ပိုက်ဆံများများ ဘယ်လိုရှာရမလဲဆိုတာ လူတိုင်းနီးပါး စဉ်းစားတက်ကြပေမယ့် အလုပ်ကို ကြိုးကြိုးစားစား လုပ်ရမယ်ဆိုတာတော့ သတိမေ့နေ တတ်ကြပါတယ်။

၅။ ခိုင်မာတဲ့ ရည်မှန်းချက်ရှိခြင်း

စွန့်ဦးတီထွင်လုပ်ငန်းရှင်တိုင်းဆီမှာ တိကျပြတ်သားတဲ့ ရည်မှန်ချက်ပန်းတိုင်ရှိပါတယ်။ သူတို့ရဲ့ အနာဂတ်ဟာ ဘယ်အချိန်မှာ ဘာဖြစ်ရမယ်၊ ဘာလုပ်ရမယ် ဆိုတာတွေနဲ့ ပြည့်နေတတ်ပါတယ်။
နောက်လာမယ့် လေးပတ်အတွင်းဘာလုပ်ရမယ်ဆိုတာကအစ နောက်ငါးနှစ်အတွင်းဘာလုပ်ရမယ်
ဆိုတာလည်းသူတို့စဉ်းစားထားပြီးသား ဖြစ်နေတတ်ပါတယ်။ လေ့လာချက်အရတော့ဘာလုပ်မယ်ဆိုတာ
တိတိကျကျ ဆုံးဖြတ်ထားသူတွေက လိုရာပန်းတိုင်းကိုရောက်ဖို့ သာမန်ထက် ၇၈ ရာခိုင်နှုန်း အခွင့်အလမ်း ပိုပါတယ်။

၆။ မအောင်မြင်မှာ ကြောက်ရွံ့ခြင်း

မအောင်မြင်မှာကိုတွေးပြီး ကြောက်ရွံ့နေတက်ခြင်းကလည်း သင့်ကိုအောင်မြင်သူတစ်ဦးဖြစ်လာဖို့
နှောင့်နှေးစေတက်ပါတယ်။ အောင်မြင်နေသူ လုပ်ငန်းရှင်တွေက ကြိုးစားရင်း ရှုံးနိမ့်မှာကို မကြောက်တတ်ကြပါဘူး။ စွန့်စားမှုကိုလည်း နှစ်သက်ကြပါတယ်။ ရှုံးနိမ့်မှုဟာ မဖြစ်မနေသင်ယူဖို့
လိုအပ်တဲ့ အရာတစ်ခုဖြစ်တယ်ဆိုတာ သူတို့ သဘောပေါက်ကြပါတယ်။ ရှုံးနိမ့်မှုဟာ သင့်အတွက်
နောက်ဆုံးအဖြေမဟုတ်ဘူးဆိုတာကို သတိရဖို့ လိုပါတယ်။

၇။ နားချိန်ယူခြင်း
အောင်မြင်လိုစိတ်ပြင်းပြသူ လုပ်ငန်းရှင်တိုင်း နားချိန်မယူချင်ကြပါဘူး။ ဒါပေမယ့် အောင်မြင်နေသူ အားလုံးကလည်း အနားယူခြင်းဟာ အရေးကြီးတယ်ဆိုတာ သိထားကြပါတယ်။ စာရေးဆရာမ အာရီယာနာဟက်ဖင်တန်ကလည်း ဒါဟာအရေးအကြီးဆုံးလို့ ထောက်ပြထားပါတယ်။ သင့်တော်တဲ့ အနားယူမှု ပြုလုပ်ခြင်းဟာ လူကိုပြန်လည်လန်းဆန်းတက်ကြွစေပြီး အတွေးအခေါ်အသစ်အဆန်းတွေ
ပေးနိုင်မှာ ဖြစ်ပါတယ်။

Credit:Duwun

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service