ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ

ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
17 Jan 2017 11:53 am တွင် တင်ခဲ့သည်
13575 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ကမ္ဘာတစ်ဝန်း "အခွင့်အရေးတွေ ပေါများရာ မြေ" လို့ လူသိများကြတဲ့
အမေရိကန်နိုင်ငံက ကိုယ့်ထူးကိုယ်ချွန်ပြီး ကြီးပွားချမ်းသာလာခဲ့ကြတဲ့
ဘီလျံနာ သူဌေးကြီး ဆယ်ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။

ဘ၀ အစပိုင်းမှာ ခက်ခဲကြမ်းတမ်းမှုတွေကို ကျော်ဖြတ်လာခဲ့ကြပြီးမှ
ချမ်းသာကြွယ်ဝမှုတွေကို ပိုင်ဆိုင်နိုင်ခဲ့ကြတဲ့ အမေရိကန်က အမျိုးသား၊
အမျိုးသမီး လုပ်ငန်းရှင်ကြီးတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။

၁. Do Won Chang (Forever 21 တည်ထောင်သူ)

၁၉၈၄ ခုနှစ်က Do Won Chang မှာ Los Angeles မှာ Fashion
21 လို့ခေါ်တဲ့ စတိုးဆိုင်သေးတစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းဟာ
ပထမတစ်နှစ်မှာပဲ ရောင်းအား ဒေါ်လာ ၇၀၀,၀၀၀ ရှိခဲ့ပါတယ်။
ယခုအခါမှာတော့ ကမ္ဘာတစ်ဝန်း စတိုးဆိုင်ပေါင်း ၇၉၀ ထိ ရှိနေပြီး
တစ်နှစ် ရောင်းအား ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံထိ ရှိနေတဲ့
Forever 21 လက်လီလုပ်ငန်းကြီးကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။
သူဌေးကြီး Do Won Chang ဟာဆိုရင် ယခုအခါမှာတော့
အသားတင်ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ
ရှိနေပြီဖြစ်ပါတယ်။

၂. Howard Schultz ( Starbucks စီအီးအိုဟောင်း)

Starbucks ရဲ့ စီအီးအိုဖြစ်ခဲ့တဲ့ သူဌေးကြီး Howard Schultz
ဟာဆိုရင် ဖြစ်မှ ဖြစ်နိုင်ပါ့မလားဆိုတဲ့တွေကို အောင်မြင်အောင်
လုပ်ပြချင်တဲ့ ရည်မှန်းချက်တွေနဲ့ ကြိုးစားခဲ့သူတစ်ဦးဖြစ်ပါတယ်။
၎င်း စီအီးအို ဖြစ်ပြီးနောက် ကမ္ဘာတစ်ဝန်း ယနေ့ချိန်အထိ Starbucks
ဆိုင်ပေါင်း ၂၄,၅၀၀ ထိ တိုးချဲ့ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ နိုင်ငံရေးဘက်ကို ကူးဖို့အတွက် စီအီးအိုအဖြစ်မှ
နှုတ်ထွက်ခဲ့သူလည်း ဖြစ်ပါတယ်။ အသားတင် ပိုင်ဆိုင်မှုတန်ဖိုး
ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ ရှိပါတယ်။

၃. Oprah Winfrey

Oprah Winfrey ကတော့ ၁၉၈၈ ခုနှစ် သူမ အသက် ၃၀ အရွယ်
က Harpo Studios ဆိုတဲ့လုပ်ငန်းကို ထူထောင်ခဲ့ပြီး ယင်းကနေ
တဆင့် ယခုအချိန်မှာတော့ တီဗီရှိုးတွေ၊ မဂ္ဂဇင်းတွေ၊ ရုပ်ရှင်တွေနဲ့
Oprah Windfrey Network တို့ အပါအ၀င် ကြီးမားတဲ့ မီဒီယာ
လုပ်ငန်းကြီးအဖြစ် ပြောင်းလဲရပ်တည်နေပြီပဲဖြစ်ပါတယ်။
အသားတင် ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ရှိနေပါတယ်။

၎. Spanx တည်ထောင်သူ နဲ့ စီအီးအို Sara Blakely

ယခုလက်ရှိအချိန်မှာ တစ်နှစ်ကို ရောင်းအား ဒေါ်လာ သန်း ၄၀၀ ရှိ
aနတဲ့ အောက်ခံအ၀တ်အစား ကုမ္ပဏီ Spanx ကို တည်ထောင်သူနဲ့
စီအီးအိုလည်း ဖြစ်ပါတယ်။ နိုင်ငံမှာ ကိုယ့်ထူးကိုယ်ချွန်ချမ်းသာလာတဲ့
အသက်အငယ်ဆုံးသော ဘီလျံနာလည်းဖြစ်ပါတယ်။ အသား
တင်ကြွယ်ဝမှု တန်ဖိုး ဒေါ်လာ ၁ ဒသမ ၀၁ ဘီလီယံ ရှိပါတယ်။

၅. Las Vegas Sands စီအီးအို Sheldon Adelson

တက္ကဆီဒရိုင်ဘာတစ်ဦး၏ သားဖြစ်သူ Sheldon Adelson မှာ
၎င်း ၁၂ နှစ်သားအရွယ်က လမ်းပေါ်တွင် သတင်းစာရောင်းသမား
ကလေးတစ်ဦးအဖြစ်မှ ကမ္ဘာ့အကြီးဆုံး ကာစီနိုနဲ့ အပန်းဖြေစခန်း
လုပ်ငန်း ကုမ္ပဏီ Las Vegas Sands စီအီးအို ထိ တက်လှမ်းလာခဲ့
သူဖြစ်ပါတယ်။ ယခုအခါ အသားတင်ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ
၃၂ ဒသမ ၂ ဘီလီယံ ရှိနေပြီဖြစ်ပါတယ်။

၆. Soros Fund Management ဥက္ကဌ George Soros

မွေးရပ်မြေ ဟန်ဂေရီသို့ နာဇီတို့ ကျူးကျော်ဝင်ရောက်စဉ်က
အသက် ၁၃ နှစ်သားအရွယ်သာရှိသေး ပြီးထွက်ပြေးလာခဲ့တဲ့
သူဌေးကြီး George Soros အနေနဲ့ ယခုအောင်မြင်သည့်
လုပ်ငန်းကြီးဖြစ်တဲ့ Soros Fund Management ကို ထူထောင်
ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသားတင် ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ
၂၄ ဒသမ ၉ ဘီလီယံ ရှိပါတယ်။

၇. WhatsApp တည်ထောင်သူ Jan Koum

ကမ္ဘာပေါ်မှာ လူပေါင်း ၁ ဘီလီယံကျော် သုံးနေကြတဲ့ လူကြိုက်
အများဆုံး chat app ဖြစ်တဲ့ WhatsApp ကို တည်ထောင်
သူဖြစ်ပါတယ်။၂၀၁၄ ခုနှစ်က Facebook က WhatsApp ကို ဒေါ်လာ
၁၉ ဘီလီယံကျော်ဖြင့် ၀ယ်ယူချိန်တွင် Koum မှာ နေ့ချင်းညချင်း
ဘီလျံနာအဖြစ်သို့ ရောက်ရှိခဲ့သူဖြစ်ပါတယ်။ အသားတင်
ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ ရှိပါတယ်။

၈. Continental Resoures စီအီးအို Harold Hamm

Oklahoma အခြေစိုက် Continental Resources ရဲ့ စီအီးအို ဖြစ်သူ
အသက် ၇၁ နှစ်အရွယ်သူဌေးကြီး Hamm မှာ ၂၀၁၂ ခုနှစ်က
တိုင်းမ်မဂ္ဂဇင်း၏ သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ်
ဖော်ပြခံရသူဖြစ်ပါတယ်။ အသားတင် ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ
၁၁ ဒသမ ၃ ဘီလီယံရှိပါတယ်။

၉. Oracle ပူးတွဲတည်ထောင်သူနှင့် စီအီးအိုဟောင်း Larry Ellison

ယနေ့အချိန်တွင် Microsoft ပြီးရင် ကမ္ဘာ့ဒုတိယမြောက်အကြီးဆုံး
ဆော့ဝဲထုတ်လုပ်သူ ကုမ္ပဏီ Oracle ကို ပူးတွဲတည်ထောင်သူဖြစ်
ပါတယ်။ ၁၉၇၇ ခုနှစ်က Software Development Laboratories
(SDL) (နောင်တွင် Oracle ဟု အမည်ပြောင်း) ကို အရင်းအနှီး
ဒေါ်လာ ၂,၀၀၀ တည်းဖြင့် စတင်တည်ထောင်ခဲ့ပါတယ်။ အသားတင်
ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၄၈ ဒသမ ၃ ဘီလီယံ ရှိပါတယ်။

၁၀. John Mitchell Systems ပူးတွဲတည်ထောင်သူ
John Paul DeJoria

ဆံသားထိန်းသိမ်းရေးကုမ္ပဏီ Redken ကနေ အလုပ်ပြုတ်ခဲ့ဖူး
သည့် John Paul DeJoria မှာ ၁၉၈၀ မှာတော့ Paul Mitchell
Systems ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပါတယ်။ ယင်းနောက်
၎င်း၏ အမျိုးသားသုံးရှန်ပူကို တစ်အိမ်တက်ဆင်းစနစ်နဲ့ ရောင်း
ချခဲ့ဖူးပြီး ယနေ့အချိန်မှာတော့ ၎င်းရဲ့ ကုမ္ပဏီမှာ တစ်နှစ်ရောင်းအား
ဒေါ်လာ ၁ ဘီလီယံ ရှိနေပြီဖြစ်ပါတယ်။ အသားတင်ကြွယ်ဝမှုတန်ဖိုး
ဒေါ်လာ ၃ ဘီလီယံရှိပါတယ်။

Credit: SFJ Strategy First
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့ကြတဲ့ အမေရိကန်ဘီလျံနာသူဌေးကြီးများ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service