သတိပြုစရာ မြေအမျိုးအစားများ

သတိပြုစရာ မြေအမျိုးအစားများ - Property Knowledge in Myanmar from iMyanmarHouse.com
8 Nov 2016 12:23 pm တွင် တင်ခဲ့သည်
2416 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

၁။ "လယ်ယာမြေ၊ ဥယျာဉ်မြေ၊ ရွာမြေကွက်ရိုက်
မြေကွက်တွေ ဝယ်မယ်ဆိုရင်"

ဈေးကွက်ထဲမှာ ဥယျာဉ်မြေ၊ လယ်ယာမြေ၊ ရွာမြေတွေ
ကို အကွက်ရိုက်ပြီး ရောင်းနေတာတွေရှိပါတယ်။

သည်မြေတွေဟာ တရားဝင်အဖြစ် အိမ်ဆောက်ပြီး
နေလို့ရတဲ့ ကွက်ရိုက်မြေတွေ ဖြစ်မဖြစ် ဝယ်သူတွေ
သိထားဖို့ လိုပါတယ်။

ဝယ်ယူကြတဲ့အခါမှာ အပေါ်မှာ ဖော်ပြ ထားတဲ့
မြေအမျိုးအစားတွေက အ ရောင်းအဝယ်ပြုလုပ်ရင်
တရားဝင်ရဲ့လား၊ ဝယ်ခွင့်ရှိလို့လား၊ လူနေလို့ ရလား
ဆိုတဲ့ မေးစရာ မေးခွန်းတွေ ရှိနေပါတယ်။

ဥပဒေအရ ဥယျာဉ်မြေ၊လယ်ယာမြေတွေကို လူနေခွင့်
မရှိတာ၊ လူနေဖို့ ကွက်ရိုက်ရောင်းတာတွေက
တရားမဝင်ဘူးလို့ လည်း ပြောကြပါတယ်။
ဝယ်ထားမိသူတွေအတွက် လိမ်ရောင်းခံရ တာတွေ၊
မြေယာပြဿနာတွေလည်း ကြုံကြရတာတွေကြောင့်
တချို့က မဝယ်ရဲ ကြပါဘူး။

ဈေးကွက်ထဲမှာ လယ်မြေတွေပဲ အကွက်ရိုက်
ရောင်းတာမျိုး မဟုတ်ဘဲ ဥယျာဉ်မြေ၊ ရွာမြေတွေကိုပါ
ကွက်ရိုက်ပြီး ဈေး နည်းနည်း နဲ့ ရောင်းနေကြတာ
တွေလည်း ရှိတယ်။

ဥယျာဉ်ခြံမြေ
--------------

- ဥယျာဉ် ခြံမြေ တွေက လယ် ယာမြေထဲမှာပါဝင်တယ်။
- မြေစာရင်းဌာနမှာ ဥယျာဉ်ခြံမြေလို့ အမည်ပေါက်
နေပေမဲ့ လူနေရပ်ကွက်အတွင်း ရောက်နေတဲ့
မြေကွက်တွေလည်း ရှိတယ်။
- မြေစာရင်းဦးစီးဌာနမှာ ဥယျာဉ်ခြံမြေဖြစ်နေပေမဲ့
မြေကွက်က မြို့နယ်စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ
ရှိပြီး လူနေရပ်ကွက်ဖြစ်နေတာ၊
- ဝယ်ထားသူက အိမ်ခွန်စည်းကြပ်ထားရင် လယ်မြေအဖြစ်
အကျုံးမဝင်ဘူး။
ဒါတွေကြောင့် မြို့ရွာရပ်ကွက်အတွင်း ရောက်ရှိနေတဲ့
ဥယျာဉ်ခြံမြေတွေကို အရောင်းအဝယ်ပြုလုပ်နေ ကြတာလို့
အကျိုးဆောင်ရှေ့နေ မသူသူက ရှင်းပြပါတယ်။

မသူသူက
“ဥယျာဉ်မြေ၊ ရွာမြေတွေကို ဂရန်အထိ လျှောက်ထားလို့
ရတာတွေရှိတယ်၊
ဥယျာဉ်ခြံမြေ တွေကတော့ လူနေရပ်ကွက်အတွင်းရှိ
နေတယ်၊
စီမံချက်နဲ့ လျှောက်ခွင့်ပြုလိုက်တဲ့နေရာတွေလဲရှိတော့
မြေဂရန်အထိ လျှောက်ခွင့်ရတဲ့ နေရာတွေလဲ ရှိနေ
တာကြောင့် စိတ်ပူစရာတော့ မရှိဘူး၊ ဒါပေမဲ့ဝယ်ထားတဲ့
မြေကွက်က အချက်အလက်တွေ၊ စာရွက်စာတမ်းတွေ
စစ်မှန်ဖို့တော့ လိုတယ်”လို့ ပြောပါတယ်။

ရွာမြေဆိုတာ
--------------

- ရွာမြေဆိုတာ လူနေရပ်ကွက် အတွင်းရှိ နိုင်ငံတော်က
တရားဝင် ချပေးထားတဲ့ မြေမဟုတ်သေးတဲ့
မြေအမျိုးအစားလို့ သိရတယ်။
- စီမံချက်နဲ့ ဂရန်လျှောက်ထားခွင့်ရနိုင်တဲ့ အမျိုးအစား
ဖြစ်တယ်။
- တချို့က ကျေးရွာတိုးချဲ့မြေလို့လည်း ခေါ်ကြပါတယ်။
- လူနေမြေမဟုတ်ဘဲနဲ့ လယ်ယာမြေအဖြစ်
သတ်မှတ်ထားသေးတဲ့ နေရာတွေလည်း ရှိတာကြောင့်
ဝယ်ယူတဲ့အခါမှာ သက်ဆိုင်ရာမြေတိုင်းရုံးတွေမှာ
စိစစ်ဖို့တော့ လိုပါတယ်။

ဝယ်မယ်ဆိုရင်တော့ လူနေရပ်ကွက်အတွင်းမှာရှိတဲ့မြေဖြစ်
နေရင်တော့ ပိုပြီးကောင်းတယ်၊ လူမနေသေးတဲ့ ကွင်းပြင်
တွေမှာ အကွက်ရိုက်ရောင်းတာတွေကိုတော့
ဝယ်လို့မရတာတော့ မဟုတ်ဘူး၊ ဝယ်လို့ရတယ်၊
လူနေလို့ တော့ မရ ဘူး၊ တရားမဝင်ဘူး၊ လူ နေရပ်ကွက်
အတွင်းမှာ လူနေထိုင်မှုများတဲ့ နေရာတွေ၊ ကျေးရွာ
တိုး ချဲ့တွေမှာ ရှိ တဲ့ ဥယျာဉ်မြေ၊ ရွာမြေတွေကိုတော့
လယ်ယာမြေထဲ ထည့်မှတ်လို့ မရ တာတွေရှိတယ်”လို့
မသူသူက ပြောပါတယ်။

၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းတဲ့ လယ်ယာမြေဥပဒေပုဒ်မ
၃ (က) မှာ
* လယ်ယာမြေကို လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊
တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးထားတဲ့မြေ၊ ဓနိ မြေ၊
ဥယျာဉ်မြေ၊ ဟင်းသီးဟင်း ရွက်ပန်းမန်စိုက်ပျိုးတဲ့
ခြံမြေ၊ မြေနု ကျွန်းမြေ စတာတွေကို ခေါ်ဆိုတာလို့
ပါဝင်ပါတယ်။ အဲသည်ထဲမှာ မြို့နယ်နိမိတ်၊ ကျေးရွာ
နယ်နိမိတ် အတွင်းရှိ လူနေအိမ်ရာတွေ၊ဘာသာရေး
အဆောက်အအုံနယ်နိမိတ်တွေ မပါဝင်ဘူးလို့
သတ်မှတ်ထားတယ်လို့ သိရပါတယ်။ *

လယ်ယာမြေဆိုတာ
---------------------
- အရင်ကပြဋ္ဌာန်းထားတဲ့ လယ် ယာမြေဥပဒေတွေအရ
လယ်ယာ မြေတွေကို လွှဲပြောင်းရောင်းချဖို့
ခွင့်မပြုထားဘူး။
- ၂၀၁၂ ခုနှစ်မှာ ပြန်လည်ပြဋ္ဌာန်းထားတဲ့ လယ်ယာမြေ
ဥပဒေမှာတော့ လယ်ယာမြေ ကို ရောင်းချ၊ ပေါင်နှံ၊
ငှားရမ်း၊ လဲ လှယ်၊ပေးကမ်းမှုတွေ ပြုနိုင်တယ်လို့
ပြဋ္ဌာန်းထားပါတယ်။
- ဒါပေမဲ့ ပြုလုပ်မယ်ဆို သက်ဆိုင်ရာမြို့နယ် ကြေးတိုင်
နှင့်မြေစာရင်းဦးစီး ဌာနရုံးမှာ အရောင်းအဝယ်
မှတ်ပုံတင်စာချုပ် ချုပ်ပြီး ပြုလုပ်မှ တရားဝင်တာဖြစ်ပြီး
- လူနေခွင့်မရှိဘဲ စိုက်ပျိုးရေးလုပ်ငန်းပဲ လုပ်ကိုင်ရမှာ
ဖြစ်တယ်လို့ သိရပါတယ်။

* ဈေးကွက်ထဲမှာ အကွက်ရိုက်ရောင်းချနေတဲ့
လယ်ယာမြေတွေ၊ ဥယျာဉ်မြေတွေ၊ ရွာမြေတွေက
လူနေရပ်ကွက်အတွင်းမှာ ရှိတာတွေ ရှိသလို
လူနေရပ်ကွက် မဟုတ်ဘဲ လယ်ယာမြေအဖြစ်ပဲ ရှိနေတဲ့
မြေ ကွက်တွေလည်း ရှိနေတာကြောင့် သတိပြုသင့်တယ်။
* မြေကွက်ဝယ်မယ်ဆိုရင် မြေစာရင်းဦးစီးဌာနကို
လယ်ယာမြေအဖြစ် သတ်မှတ်ထား တာ ဟုတ်မဟုတ်
စုံစမ်းရမှာပါ။
* မြေ စာရင်းဦးစီးဌာနမှာ ဝယ်ယူတာ ဆိုရင်တော့
မြို့မြေစာရင်းထဲမှာ ပါဝင်မှ ဝယ်သင့်တယ်လို့
သိရပါတယ်။

ဈေးကွက်ထဲမှာ အကွက်ရိုက်ရောင်းချနေကြတဲ့
မြေကွက်တန်ဖိုး တွေက ပေ ၄၀ x ပေ ၆၀ တစ်ကွက်ကို
ကျပ် ၁၀ သိန်းကျော်ကနေ ကျပ် သိန်း ၄၀ ကြားအထိ
ရှိပါတယ်။

၂။ "သစ်တောမြေ အကွက်ရိုက်ရောင်းချတာ၊ လွှဲပြောင်း
ရောင်းချတာတွေ အရေးယူဖို့ စာရင်းကောက်ပြီ"

သစ်တောမြေတွေကို ကော်ဖီ၊ ပိုးဇာ၊ နှစ်ရှည်ပင်စိုက်
ဧကကြီးတွေ ဆောင်ရွက်ဖို့ဆိုပြီး ပုဂ္ဂလိကကိုဧကများစွာ
ချထားပေးခဲ့ပေမဲ့ အကွက်ရိုက် ရောင်းချတာတွေ၊
လွှဲပြောင်းရောင်းချတာတွေရှိလို့ ထိထိရောက်ရောက်
အရေးယူဖို့ စတင်စာရင်းကောက်ယူနေပြီလို့
ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)က
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးအောင်မင်းက ပြောပါတယ်။

အဲသည်အဆိုကို အခုလ ၂၃ ရက်နေ့က ကျင်းပတဲ့
တိုင်းဒေသကြီးလွှတ်တော်တတိယ ပုံမှန်အစည်းအဝေးမှာ
ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က
လွှတ်တော်ကိုယ် စားလှယ်ဦးအောင်မင်းက တင်သွင်း
ခဲ့တာဖြစ်ပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်
ဦးဇော်မောင်၊ ငါန်းဇွန်မြို့နယ်မှ ဒေါ်သဲစုဝေ၊
နွားထိုးကြီးမြို့နယ်မှ ဒေါ်ငြိမ်းသက်နွယ်၊ ပုသိမ်ကြီး
မြို့နယ်မှ ဦးရဲမင်းဦးတို့က ထောက်ခံနွေးဆွေးခဲ့တာ
ဖြစ်ပြီး အကောင် အထည်ဖော်ဖို့ လွှတ်တော်က
အတည်ပြုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက အဆိုကို
အကောင်အထည်ဖော်ဖို့ လွှတ်တော် ကိုယ်စားလှယ်
၁၀ ဦးပါဝင်တဲ့အဖွဲ့ကို ဖွဲ့လိုက်ပြီ၊ မကြာခင်မှာစတင်
တော့မယ်၊ အခုနယ် မြေစာရင်းတွေကောက်နေပြီ၊
အခုကောက် ထားတဲ့ စာရင်းတွေအရဆိုရင် မြေကွက်
တွေကို အစုအစပ်ချထားတာ ၃၇၀ ဦးတွေ့ရှိရတယ်၊
ကော်ဖီစိုက်ခင်း ၁၈၆ ဧကလဲအကွက်တွေ မနည်းဘူး
လို့ ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်ရဲ့ မြေဧရိယာအကျယ်ဟာ ၄၈၈,၇၉၄
ဧကရှိပြီး လေးပုံသုံးပုံဟာဆိုရင် သစ်တောမြေဖြစ်တယ်။
စိုက်ပျိုးလုပ်ကိုင်ခွင့်ချပေးထားတဲ့ မြေကွက်တွေကို
ကွက်ရိုက် ရောင်းချထားတာတွေ၊ လွှဲပြောင်း
ရောင်းချတာတွေနဲ့ လုံးဝစိုက်ပျိုးခြင်းမရှိတာတွေကို
စိစစ်တွေ့ရှိတယ်လို့ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ်အသီးသီးမှာ
သစ်တောဦးစီးဌာနက ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ စိုက်ပျိုး
လုပ်ကိုင်ခွင့်ချထားပေးတဲ့ ကော်ဖီ၊ ပိုးဇာ၊ နှစ်ရှည်ပင်
စိုက်ခင်းဧကကြီးတွေမှာ ပြဋ္ဌာန်းထားတဲ့ စိုက်ပျိုးဥပဒေ
စည်းကမ်းတွေနဲ့မညီဘဲလုပ်ဆောင်နေမှုတွေကို
လက်ရှိတည်ဆဲသစ်တော ဥပဒေနဲ့အညီကွင်းဆင်း
စစ်ဆေး အရေးယူမှာဖြစ်ပါတယ်။

Credit - Kumudra Journal

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service