ဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားရမလဲ…..

ဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားရမလဲ….. - Property Knowledge in Myanmar from iMyanmarHouse.com
26 Oct 2016 12:13 pm တွင် တင်ခဲ့သည်
1906 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ဝါလလည်းကင်းလွတ်လို့ သီတင်းအချိန်အခါသမယကိုလည်း ကျော်လွန်သွားပြီး အချိန်အခါဆိုတော့ မြန်မာတို့ရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေအတိုင်းပဲ အသိုက်ပြောင်း၊ နေရာထိုင်ခင်းပြောင်း အမှုကိစ္စတွေ ပြုလုပ်ဖို့အချိန်ကျရောက်ပြီပဲ ဖြစ်ပါတယ်။ နေရာထိုင် ခင်း အိုးအိမ်အသစ်ပြောင်းရွှေ့ဖို့ စီစဉ်ထားတဲ့သူတွေလည်း ကြိုတင် ပြီးတော့ နေထိုင်မယ့် အိုးအိမ်နေရာအသစ်ကိုလည်း ရွေးချယ်ပြီး လောက်ပြီလည်း
ဖြစ်မှာပါ။ ဒီတစ်နှစ်ဝါကျွတ်မှာတော့ ဇနီးမောင်နှံ၊ မိသားစုတွေရဲ့ ဝင်ငွေကောင်းလာပြီး စုဆောင်းထားတဲ့ ငွေကြေးစု ဆောင်းငွေလေးနဲ့ နေအိမ်အ
သစ်တစ်လုံးကို ပိုင်ဆိုင်ဝယ်ယူကြမယ့် သူတွေလည်း ရှိမှာပါ။ ဒီလိုမျိုး နေအိမ်သစ်တစ်လုံးကို ဝယ်ယူပိုင် ဆိုင်တော့မယ်ဆိုရင် သိထားသင့်စရာအချက်အလက် ဗဟုသုတ လေးကိုသတိထားနိုင်ဖို့ ဖော်ပြပေးလိုက်
ပါတယ်…..

၁။ မိမိတို့ရဲ့ငွေကြေးနဲ့တတ်နိုင်တဲ့ နေအိမ်သစ်တစ်လုံး
ကိုပဲဝယ် ယူသင့်ပါတယ်။ လက်ထဲမှာရှိနေတဲ့ ငွေကြေးပမာဏထက်များ လွန်းတဲ့ အိမ်မျိုးကိုဝယ်ယူဖို့ဆိုတာ သိပ်ပြီးတော့ အဆင်မပြေ နိုင်ပါဘူး။ ငွေကြေးများလွန်းလို့ ချေးငှားတာပဲ
ဖြစ်ဖြစ်၊ အရစ်ကျ ဝယ်ယူလိုက်ရတာမျိုးက သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင် ပါတယ်။ အဆင်ပြေမှ ပြန်ပြီးပေးသွင်းသွားမယ့် ငွေကြေးတွေအ တွက် စိုးရိမ်ပူပန်နေရလို့ သင့်အိမ်ကလေးမှာ စိတ်အေးအေးနေနိုင် မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်မို့လို့ မိမိတို့ရဲ့ငွေကြေးလေးနဲ့ တတ်နိုင် တဲ့ အိမ်သစ်ကလေးတစ်ကိုပဲအသေအချာရွေးချယ်ပြီး နေထိုင်ပါ။ နောက်နောင် ငွေကြေးအဆင်ပြေလာတဲ့အခါမှ မိမိနေချင်တဲ့အိမ် သစ်ကလေးကို ဝယ်ယူလို့ရနိုင်ပါသေးတယ်။

၂။ စိတ်ချယုံကြည်ရတဲ့ အိမ်ခြံမြေအကျိုးဆောင်နဲ့ တိုင်ပင်ဆွေးနွေး ပါ။ မေးမြန်းပါ။ အကူအညီယူပါ။ သင်တို့ရဲ့ အိမ်ခြံမြေဈေးကွက်ထဲ ဝါရင့်ပြီးတော့ စိတ်ချယုံကြည်ရတဲ့ ပွဲစား၊ အကျိုးဆောင်ကိုပဲ သင့် အိမ်အဝယ် အလုပ်ကိုအပ်နှံပါ။ အကျိုးဆောင်၊ ပွဲစားအလုပ်ဆိုတာ မျိုးက ယုံကြည်ရတစ်ဝက်၊ မယုံကြည်ရတစ်ဝက် အလုပ်မျိုးပါ။ ဈေး ကွက်ထဲမှာ ပွဲတစ်ပွဲစာလောက်နဲ့ ပညာပြသွားတတ်တဲ့ ပွဲစားတွေ များပါတယ်။ ဒါ့ကြောင့်မို့လို့ စိတ်ချယုံကြည်ရပြီး အလုပ်အကြောင်း ကိုလည်း ကောင်းကောင်းနားလည်တဲ့ အကျိုးဆောင်ကိုပဲ ဝယ်ယူဖို့ အိမ်ရှာခိုင်းတာတို့၊ ဈေးစကားပြော အရောင်းအဝယ် ညှိနှိုင်းဆောင် ရွက်စေတာတို့ကို ပြုလုပ်သင့်ပါတယ်။

၃။ ပြီးပြည့်စုံလွန်းတဲ့ အိမ်တွေဆိုတာ ဈေးကွက်ထဲမှာ မရှိဘူးဆိုတာ သင့်အနေနဲ့ သိထားသင့်ပါတယ်။ သင့်ရဲ့ ပထမဆုံးဝယ်ယူနေထိုင် မယ့်အိမ်က သင့်စိတ်ကူးအိမ်မက်ထဲကအတိုင်းလည်း ဖြစ်ချင်မှဖြစ် ပါလိမ့်မယ်။ အိမ်တစ်လုံးစာဈေးနှုန်း၊ အိမ်အကျယ်၊ နေရာအစရှိသ ဖြင့် အချက်အလက်တွေအားလုံးက သင်လိုချင်သလိုတော့ဖြစ်လာ မှာမဟုတ်ပါဘူး။ သင့်ငွေကြေးနဲ့ တန်ဖိုးမျှတဲ့နေအိမ်တစ်လုံးတော့ စီ စစ်ပြီးတော့ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

၎။ သင့်မိသားစုနဲ့ သင့်တော်ကိုက်ညီမယ့် နေအိမ်တစ်လုံးကို ရွေး ချယ်ဝယ်ယူပါ။ အကယ်၍ သင်ကော၊ သင့်အိမ်က မိသားစုဝင် တွေထဲမှာ လမ်းသိပ်မသွားလာနိုင်တဲ့ အသက်ကြီးသူတွေ၊ ကလေး ငယ်လေးတွေပါလာရင် အထပ်မြင့်အိမ်တွေက အဆင်မပြေနိုင်ဆို တာမျိုးပါ။ နောက်ပြီး အိမ်ရဲ့ပြင်ဆင်မှုတွေ၊
အလုပ်ကိစ္စအဝဝ အတွက် တာဝန်ယူလုပ်ပေးမယ့်သူမရှိတဲ့ အခါမျိုးတွေအတွက် လည်း အရမ်းကြီးပြင်ဆင်ပြုပြင်ပေးနေရမယ့် အိမ်မျိုးကို မရွေးချယ် တာပိုကောင်းပါတယ်။ အိမ်ရဲ့အမိုး၊ ရေနုတ်မြောင်း၊ ခြံဝင်း၊ အစရှိ သဖြင့်တွေက ပြင်ဆင်ဖို့ဆိုရင် နည်းနည်းလေး အားစိုက်ပင်ပန်းရ နိုင်ပါတယ်။

၅။ အိမ်နဲ့ပတ်သက်တဲ့ အခွန်တွေ၊ ဆောင်ရမယ့် အဖိုးအခ၊ အခွန်အခနဲ့ စာရင်းတွေနဲ့ပတ်သက်ပြီးတော့ အတိအကျ သိရှိထားဖို့လိုပါ လိမ့်မယ်။ မြေခွန်၊ ရေခွန်၊ မီးခွန်နဲ့ တခြားအဖိုးအခ ပေးဆောင်ရ မယ့် ပမာဏနဲ့ အချိန်၊ ဌာနဆိုင်ရာတွေမှာ သွားရောက်မှတ်ပုံတင် ရမယ့် ကိစ္စအဝဝအတွက်ကိုလည်း ကြိုတင်လေ့လာ သိရှိထားဖို့ လိုပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service