သန်းကြွယ်သူဌေးဖြစ်ဖို့ လွယ်ကူရိုးရှင်းသည့် အဆင့်(၅)ခု

သန်းကြွယ်သူဌေးဖြစ်ဖို့ လွယ်ကူရိုးရှင်းသည့် အဆင့်(၅)ခု - Property Knowledge in Myanmar from iMyanmarHouse.com
18 Aug 2016 11:26 am တွင် တင်ခဲ့သည်
10145 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့က အလှမ်းဝေးလွန်းတဲ့ အိပ်မက်တစ်ခုလို ဖြစ်နေပါသလား။ တကယ်တမ်းလက်တွေ့မှာတော့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့က အရမ်းလွယ်တယ်လို့ ပြောရင် ယုံနိုင်မှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့ အခုဖော်ပြမယ့် အချက်(၅)ခုနဲ့ ပြည့်စုံဖို့ပဲ လိုတာပါ။

၁။ သင့်စိတ်ဆန္ဒကို တိုးတက်အောင်မြင်စေနိုင်မယ့် လူတွေနဲ့ ၀န်းရံထားပါ။

သင့်ရည်မှန်းချက်တစ်ခု ပြီးမြောက်အောင်မြင်စေဖို့အတွက် လက်ရှိအောင်မြင်ပြီးသားလူတွေနဲ့ ဆက်ဆံရေးတည်ဆောက်ထားဖို့လိုပါတယ်။ သူတို့တွေက သင့်ကို ဘာလုပ်ဖို့လိုတယ်ဆိုတာကို ပြောပြပေးနိုင်ပါတယ်။ ဒီလိုဆိုရင် မဖြစ်နိုင်ဘူးလို့ထင်တဲ့ ရည်မှန်းချက်တွေက တကယ်ဖြစ်လာနိုင်ကို သိမြင်လာပါလိမ့်မယ်။

၂။ မဖြစ်နိုင်ဘူးထင်တာတွေကို ပြန်လည်ဆန်းစစ်ပါ။

သင်အိပ်မက်ကို အကောင်အထည်ပေါ်လာဖို့ ပံ့ပိုးကူညီပေးနိုင်သူတွေနဲ့ ၀န်းရံပြီးတဲ့အခါမှာ သင့်ရဲ့ခံယူချက်ကို အဆင့်မြှင့်တင်ဖို့ လုပ်ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ကန့်သတ်ထားတဲ့ ယုံကြည်မှုတွေကို ဆန်းစစ်ပြီးအတွေးတွေကို ပြန်လည်ပုံဖော်ရမှာ ဖြစ်ပါတယ်။ ကိုယ့်သမိုင်းကိုကိုယ်တိုင်ပြန်ပြင်ရေးတဲ့သဘောပဲ ဖြစ်ပါ
တယ်။ ဒီလိုဆန်းစစ်ရာမှာ ဘယ်အချက်တွေက ရှေ့ဆက်ဖို့ အဟန့်အတားဖြစ်နေစေတာလဲ၊ တကယ်ပဲ အဟန့်အတားဖြစ်နေတာလား ဒါမှမဟုတ် စိတ်ထဲမှာပဲ တွေးကြောက်နေတာလား၊ စိုးရိမ်စိတ်တွေကို ဘယ်လို ကျော်ဖြတ်နိုင်မလဲ စသဖြင့် စဉ်းစားသုံးသပ်ရမှာဖြစ်ပါတယ်။

၃။ မျှော်လင့်မထားတဲ့ တန်ဖိုးတွေ ပေးနိုင်ပါစေ။

သင့်ရဲ့ဝင်ငွေတိုးတက်လာဖို့က မျှော်လင့်မထားတဲ့ တန်ဖိုးတွေ ပေါင်းထည့်ပေးနိုင်စွမ်းပေါ်မှာ မူတည်နေပါတယ်။တန်ဖိုးတွေ ပေါင်းထည့်ပေးနိုင်ဖို့အတွက် အလုပ်ကြိုးစားဖို့ လိုတယ်လို့ လူအများစုက ထင်တတ်ကြပါတယ်။ တကယ်တော့ မျှော်လင့်မထားတဲ့ တန်ဖိုးတွေပေါင်းထည့်ရာမှာ သင့်ရဲ့အဆက်အသွယ်တွေ၊ အချိန်တွေ၊ ဖြေရှင်းပေးနိုင်တဲ့ ပြဿနာတွေကနေ တဆင့်ပေါင်းထည့်ပေးလို့ ရနိုင်ပါတယ်။ မှန်ကန်တဲ့လူတွေနဲ့ အဆက်အသွယ်ကောင်းတွေ တည်ဆောက်နိုင်တဲ့အခါမှာ အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာတတ်တာကြောင့် သင့်ရဲ့အချိန်တွေကိုရင်းနှီးမြုပ်နှံပြီး ပြဿနာဖြေရှင်းနိုင်
သူတစ်ယောက် ဖြစ်လာဖို့ လိုပါတယ်။ အလုပ်ကိုချည်းပဲ ကြိုးစားလုပ်ဆောင်ဖို့နဲ့ လစာကောင်းတဲ့အလုပ်တစ်ခုရဖို့ စတဲ့ အတွေးအခေါ်ဟောင်းတွေကို ဘေးချိန်ထားပြီး လူမှန်နေရာမှန်မှာ ချိန်သားကိုက်လှုပ်ရှားတတ်တဲ့ အလေ့အကျင့်ကို မွေးမြူထားဖို့ လိုပါတယ်။

၎။ စားသုံးသူကို သေချာရွေးချယ်ပါ။

သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာဖို့ အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းကတော့ သင့်ရဲ့ ထုတ်ကုန် ဒါမှမဟုတ် ၀န်ဆောင်မှုကို ဈေးနှုန်းမြှင့်တင်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုဈေးနှုန်းမြှင့်တင်ဖို့ တစ်ယောက်ယောက်ကို ပြောကြည့်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာမျိုးပဲ ကြားရမှာသေချာပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ စားသုံးသူတွေကို ပညာသားပါပါရွေးချယ်တတ်ဖို့ လိုပါတယ်။ စားသုံးသူတွေက ပေးချင်တဲ့ ဈေးနှုန်းဟာ သူတို့လက်ခံရရှိတဲ့ တန်ဖိုးနဲ့ တိုက်ရိုက်ဆက်နွယ်နေတာကြောင့် ဖြစ်ပါတယ်။

၅။ ရေရှည်အတွက် ရင်းနှီးမြုပ်နှံပါ။

လူအများစုက အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်အောင်မြင်ချင်တတ်ကြပါတယ်။ ဒီနည်းလမ်းက လူတစ်ချို့အတွက်ပဲ အလုပ်ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ရေရှည်အတွက် ရင်းနှီးမြုပ်နှံတဲ့အခါမှာ ရလဒ်တွေက ပိုပြီး မြန်မြန်ရရှိတာကို တွေ့ရပါလိမ့်မယ်။ သင့်ရဲ့အချိန်ကို သုံးစွဲပုံ၊ ၀န်ထမ်းတွေ ခန့်အပ်မှု၊ တည်ဆောက်ထားတဲ့ဆက်ဆံရေး၊ ဖန်တီးထုတ်လုပ်တဲ့ ထုတ်ကုန်၊ လုပ်ငန်းရဲ့ဖွဲ့စည်းပုံ စတာတွေအားလုံးမှာ ရေရှည်အတွက်တွေးပြီး ရင်းနှီးမြုပ်နှံတတ်ဖို့ လိုပါတယ်။

Credit: Gentleman

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service