ငှားရမ်းခ ကြီးကြပ်ရေးဝန်၏ ခွင့်ပြုချက်အရ နေသူထံမှ တိုက်ခန်းဝယ်မည် ဆိုလျှင်

ငှားရမ်းခ ကြီးကြပ်ရေးဝန်၏ ခွင့်ပြုချက်အရ နေသူထံမှ တိုက်ခန်းဝယ်မည် ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
5 Jul 2016 11:11 am တွင် တင်ခဲ့သည်
2626 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

မကြာသေးမီရက်ပိုင်းက ဖြစ်သည်။ စာရေးသူ၏ ရုံးခန်းသို့ တပည့်တစ်ဦး ရောက်လာပါသည်။ သူ့ကို မြင်လိုက်သည်နှင့် အခက်အခဲတစ်ခုနဲ့ ကြုံနေပြီဟု သိလိုက်သည်။ စိတ်ဓာတ်ကျနေပုံရသည်။

''ငါ့တပည့်ကြည့်ရတာ စိတ်မကြည်မလင်နဲ့ စိတ်ပျက်နေပုံရတယ်။ ဘာအခက်အခဲတွေနဲ့ တွေ့နေပြန်ပြီလဲ''

''ဒီလိုပါဆရာ၊ ကျွန်တော်က နယ်ကို ရုံးချိန်းသွားမှာမို့ အပြန်မှ အခုဝယ်မယ်ဆိုတဲ့ တိုက်ခန်းရဲ့ စာရွက်စာတမ်းတွေ ကြည့်ပေးမယ်။ စရန်မပေးနဲ့ဦးလို့ မှာထားတာကို စရန်ငွေပေးဖြစ်အောင် ပေးလိုက်တယ် ဆရာ''

''အခု ဘာဖြစ်နေလို့လဲ''

''ကျွန်တော် ပြန်လာမှ စာရွက်စာတမ်းတွေကို စစ်ကြည့်လိုက်တော့ ငှားရမ်းခကို စံငှားရမ်းခအဖြစ် မြို့နယ်ငှားရမ်းခကြီးကြပ်ရေးဝန်ရုံးက သတ်မှတ်ပေးထားပြီး၊ မြို့နယ်ငှားရမ်းခကြီးကြပ်ရေးဝန်ရုံးမှာပဲ ပေးသွင်းနေရတဲ့ တိုက်ခန်း ဖြစ်နေတယ်။ အခု မြေရှင်က လာပြီး ကန့်ကွက်နေတယ်လို့ ပြောတယ်ဆရာ၊ အဲဒါ ဘယ်လိုဆောင်ရွက်ရင်ရမလဲဆိုတာ သိချင်ပါတယ် ဆရာ။ ရောင်းလို့ဝယ်လို့ ဖြစ်ပါသလား ဆရာ''

''တိုက်ခန်း အရောင်းအဝယ် ပြုလုပ်ရာမှာ မြေရှင်နဲ့ သဘောတူညီချက် ရယူဖို့မလိုဘဲ မိမိစိတ်ကြိုက် မည်သူ့ကိုမဆို လွတ်လပ်စွာ ရောင်းချခွင့်၊ လွှဲပြောင်းခွင့် ရှိတယ်'' လို့ ဒေါ်ငွေသိန်းနဲ့ ဒေါ်သိန်းညွန့် ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၇''မှာ ဆုံးဖြတ်ညွှန်ကြားထားတာ သိတယ်မဟုတ်လား။ ဒါကြောင့် မြေရှင်အနေနဲ့ ကန့်ကွက်ပိုင်ခွင့်တော့ မရှိဘူး၊ အခြားတစ်ခုခုကြောင့် ဖြစ်မယ် ထင်တယ်''

''မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးဝန်ရုံးမှာ အိမ်လခ ပေးသွင်းနေရတယ်ဆိုတဲ့ ကိစ္စက ဖြစ်နိုင်လား ဆရာ''

''ဒီအချက်တစ်ခုတည်းနဲ့တော့ မဖြစ်နိုင်ဘူး။ တချို့ အိမ်ရှင်(မြေရှင်) တွေက အိမ်လခတိုးတောင်းလို့ အိမ်ငှားက မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးဝန်ရုံး အခု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၂၇ အရ စံငှားရမ်းခ သတ်မှတ်ပေးပါလို့ လျှောက်ထားနိုင်တယ်။ ငှားရမ်းခ ကြီးကြပ်ရေးဝန်ရုံးက အိမ်ရှင်ကို အကြောင်းကြားပြီး၊ စုံစမ်းစစ်ဆေးလို့ သင့်တော်တဲ့ ငှားရမ်းခကို စံငှားရမ်းခအဖြစ် သတ်မှတ်ပေးနိုင်တယ်။ အိမ်ငှားက သတ်မှတ်ပေးထားတဲ့ စံငှားရမ်းခကို အိမ်ရှင်ထံ ပေးဆောင်ရမှာဖြစ်တယ်။ အဲဒီမှာ အိမ်ရှင်က အိမ်ငှားရမ်းခကို လက်မခံဘူးဆိုရင် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၆ အရ မြို့နယ်ငှားရမ်းခကြီးကြပ်ရေးဝန်ထံ ပေးသွင်းနိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်''

''ဒါဆိုရင် အိမ်ရှင်(မြေရှင်) က၊ အိမ်ငှားရမ်းခကို မယူလို့ မြို့နယ်ငှားရမ်းခကြီးကြပ်ရေးဝန်ရုံး ဆရာပြောတဲ့ အခု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံ ပေးသွင်းတာဖြစ်မှာပေါ့နော်''

''အဲဒီလို ရိုးရိုးတန်းတန်းဆိုရင်တော့ တိုက်ခန်းဝယ်တဲ့သူက မြေရှင်ထံ စံငှားရမ်းခနှုန်းအတိုင်း အိမ်လခ သွားပေးမယ်။ ဒါမှမဟုတ်ရင် မြေရှင်သဘောတူတဲ့ အိမ်ငှားရမ်းခကို မြေရှင်(အိမ်ရှင်) ထံ ပေးမယ်။ အိမ်ရှင်ကလည်း လက်ခံမယ်ဆိုရင် အခြား ဘာပြဿနာမှ မရှိတော့ဘူးပေါ့။ တကယ်လို့ အိမ်ရှင်ဖြစ်သူက ငှားရမ်းခကို လက်မခံခဲ့ရင် တိုက်ခန်းဝယ်သူက ငှားရမ်းခ ကြီးကြပ်ရေးဝန်ထံ အိမ်ငှားအဖြစ် ဆက်လက်နေထိုင်ခွင့်နဲ့ ငှားရမ်းခပေးသွင်းခွင့်ပြုဖို့ လျှောက်ထားရမှာဖြစ်တယ်''

''ဆရာပြောမှ ကျွန်တော် သတိရတော့တယ်ဆရာ''

''ကဲ- ပြောပါဦး''

''အခု တိုက်ခန်းရောင်းမယ့်သူကို ငှားရမ်းခကြီးကြပ်ရေးဝန်ရုံးက နေထိုင်ခွင့်ချပေးထားတဲ့ အခန်းလို့ ပြောတယ်ဆရာ၊ ဒါကြောင့် ရောင်းလို့ မရဘူးဆိုပြီး ကန့်ကွက်တာလို့လည်း ပြောတယ်''

''ဟုတ်ပြီ၊ အခုမှပဲ ရှင်းတော့တယ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးဝန်က တိုက်ခန်းရောင်းမယ့်သူကို မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ ပိုဒ်ခွဲ (၁) အရ၊ ဆက်လက်နေထိုင်ခွင့်နဲ့ စံငှားရမ်းခ သတ်မှတ်ပေးထားတာ ဖြစ်တယ်''

''ဟုတ်ကဲ့ ဆရာ''

''အဲဒီလို အခြေအနေမျိုးဆိုရင်တော့ အခြားသူကို ဥပဒေအရ မိမိသဘောအလျောက် ရောင်းချခွင့် မရှိဘူး''

''ဆရာ ဆိုလိုတဲ့သဘောက မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (၁) အရ၊ စံငှားရမ်းခ သတ်မှတ်ပေးပြီး ဆက်လက်နေထိုင်ခွင့် ပြုထားတဲ့ တိုက်ခန်းဆိုရင် တိုက်ခန်းနေသူက တိုက်ခန်းကို ရောင်းချလွှဲပြောင်းခွင့် မရှိဘူးဆိုတဲ့ သဘောပေါ့နော်''

''မှန်ပါတယ်၊ ဒါပေမယ့် မဖြစ်မနေ ဝယ်လိုက်မိပြီဆိုရင်တော့ ဥပဒေနဲ့အညီ ကုစားလို့တော့ ရတာရှိတယ်''

''ပြောပြပါဦး ဆရာ''

''မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ် အက်ဥပဒေ ပုဒ်မ ၁၃ ပိုဒ်ခွဲ ၂ မှာ ငှားရမ်းခကြီးကြပ်ရေးဝန်ရုံးက အမိန့်ချမှတ်ထားတဲ့အတွက် နေထိုင်ခွင့်ရထားသူဟာ အဆိုပါ တိုက်ခန်း၊ အိမ်ခန်း၊ ဥပစာကနေ မိမိအလိုအလျောက် ထွက်ခွာသွားမယ်ဆိုရင် ငှားရမ်းခကြီးကြပ်ရေးဝန်က နေထိုင်ခွင့်အမိန့်ကို ဖျက်သိမ်းနိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်၊ ဒါကြောင့် ကြီးကြပ်ရေးဝန်ရဲ့ နေထိုင်ခွင့်အမိန့်နဲ့ နေသူဟာ အဆိုပါ ဥပစာက ထွက်ခွာသွားရင် ဒါမှမဟုတ် ရောင်းသွားရင် အဲဒီဥပစာဟာ အခန်းလွတ်ဖြစ်သွားမှာ ဖြစ်တယ်။ ဝယ်သူက အလိုအလျောက် နေထိုင်ခွင့် မရနိုင်ဘူး။ ဥပဒေနဲ့အညီ ဆက်လက်နေထိုင်ခွင့်ကို မြို့ပြဆိုင်ရာ ငှားရမ်းခကြီး ကြပ်ရေးဝန်ထံ လျှောက်ထားရမှာဖြစ်တယ်''

''မြေရှင်က ရောင်းသွားတာ သိရင် ဘယ်လိုဆောင်ရွက်နိုင်သလဲ ဆရာ''

''မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၂၁ မှာ အိမ်ရှင်(မြေရှင်)က နေထိုင်ခွင့်ရထားတဲ့ အိမ်ငှားထွက်ခွာသွားတယ်လို့ သိတဲ့အခါ၊ ဒါမှမဟုတ် အခြားသူ တစ်ဦးတစ်ယောက်က ဝင်ရောက်နေထိုင်တယ်လို့ သိတဲ့အခါ ငှားရမ်းခကြီးကြပ်ရေးဝန်ထံ အိမ်ရှင်အား လက်ရောက်ပေးအပ်ရန် လျှောက်ထားနိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်။

ဒါနဲ့ ပတ်သက်လို့ ''မိုဆက်တီးနှင့် မိုင်မွန်နာဘီဘီပါ နှစ်ဦး၊ ၁၉၆၂ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၅၆'' အမှုမှာ ကွယ်လွန်သူ မူလအိမ်ငှား အနိစ္စရောက်ပြီးနောက် အခင်းဖြစ်တဲ့ အိမ်ခန်းသည် လစ်လပ်သည်ဟု ယူဆရမည်။ ယင်းသို့ လစ်လပ်နေသည့်အတွင်း သေဆုံးသူ၏ အမည်ဖြင့် အခန်းခပေး၍ နေသူသည် ကြီးကြပ်ရေးဝန်၏ အခွင့်အမိန့်တစ်စုံတစ်ရာ မရရှိဘဲ ထိုအခန်းတွင် နေထိုင်သည်ဟု ယူဆရမည်။ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၂၁ အရ အိမ်ခန်းမှ ဖယ်ရှားထွက်ခွာစေရန် အမိန့်ချမှတ်နိုင်ကြောင်း ဆုံးဖြတ်ထားတယ်''

''ဟုတ်ကဲ့ပါ ဆရာ၊ ဥပဒေနဲ့အညီ ဘယ်လို ဆောင်ရွက်ရမယ် ဆိုတာ သိပါပြီ ဆရာ''ဟု ဂါဝရပြု ထွက်ခွာသွားပါတော့သည်။

Credit: ဈေးကွက်ဂျာနယ်

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service