မြေဝယ်ယူနည်းလမ်းညွှန်

မြေဝယ်ယူနည်းလမ်းညွှန် - Property Knowledge in Myanmar from iMyanmarHouse.com
1 Jun 2016 12:03 pm တွင် တင်ခဲ့သည်
3622 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

တစ်ချို့သောစာဖတ်သူများက ကျွန်မတို့ Company Facebook Page Message Box မှတစ်ဆင့် မြေ၀ယ်ချင်လို့ ဘယ်လိုများ ၀ယ်ရမလဲဆိုတဲ့
မြေ၀ယ်နည်းများကို မေးမြန်းလာတဲ့အတွက် ဒီတစ်ပတ် မြေ၀ယ်ယူပုံ လေးကိုရေးသားတင်ဆက်လို့ပါတယ်။ လူကြီးမင်းတို့ဟာဂရံမြေတစ်ကွက်ကို
ဝယ်ယူရန်အတွက် မြေအမည်ပေါက် ပိုင်ရှင်နဲ့ သွားရောက်တွေ့ဆုံခဲ့သည် ဆိုပါစို့။

ဒါဆိုပထမဆုံးလုပ်ရမယ့်အလုပ်ကမြေဈေးကိုညှိရပါမယ်။ ပိုင်ရှင်ခေါ်ဈေးနဲ့ လူကြီးမင်းတို့ရဲ့ ပေးနိုင်မယ့်ဈေးကိုညှိရပါမယ်။
ဈေးညှိပြီးလို့ ကြိုက်ပြီဆိုတာနဲ့ ၀ယ်ယူမည့်မြေကွက်ရဲ့ ဂရံမြေခွန်နှင့် အရောင်းအ၀ယ်စာချုပ်တို့ကိုတောင်းယူကြည့်ရှု.ပြီး
အမည်ပေါက်မြေပိုင်ရှင်ကရောင်းခြင်းဟုတ်/မဟုတ် ကိုလေ့လာရပါမယ်။ အမည်ပေါက်မြေပိုင်ရှင် ရောင်းသည်ဆိုပါက
အရောင်းအ၀ယ်အတွက် စရံငွေ ပေးချေလို့ရပါပြီ။ စရံငွေ အချို့ ပေးချေသည့်နေ့၌ ယင်းမြေကွက်၏ မြေဂရံမူရင်းအားမှန်ကန်ခြင်း ရှိ / မရှိ သက်ဆိုင်ရာ
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (သို့) အိုးအိမ်ဦးစီးဌာန အစရှိသည်တို့၌ သွားရောက်စစ်ဆေးရပါမည်။

မှန်ကန်ပါက ယင်းမြေကွက်နှင့် သက်ဆိုင်ပတ်သက်သော စာချုပ်စာတမ်းများကို မိတ္ထူတစ်စုံကူးယူထားရပါမည်။ ၎င်းအပြင် နိုင်ငံပိုင်သတင်းစာ၌
ယင်းမြေကွက်နှင့်ပတ်သက်ပြီး စရံငွေတချို့ပေးချေထားပြီးဖြစ်၍ ကန့်ကွက်လိုသူများရှိပါက လာရောက်ကန့်ကွက်နိုင် ကြောင်း သတင်းစာကြော်ငြာထည့်သွင်းရပါမည်။
အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုနိုင်ရန် အတွက် မြေကွက်ပိုင်ရှင်အား ၎င်း၏ ကုန်ကျစရိတ်နှင့် အရောင်းမြေပုံကူးယူပေးရန် တောင်းဆိုရပါမည်။

သတင်းစာ၌ ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်သွင်းပြီး (၁၄) ရက်ပြည့်သည့်တိုင် လာရောက်ကန့်ကွက် မည့်သူမရှိပါက အရောင်းအ၀ယ်အား ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
မြေကွက်နှင့်ပတ်သက်ပြီး နောက်ဆုံးကျန်ငွေအား ၀ယ်ယူသူမှ ရောင်းချသူသို့ ပေးချေမည့်နေ့တွင် ရောင်းချသူထံမှ ရောင်းချမည့် မြေကွက် နှင့်တကွ ဂရံမူရင်း၊ မြေခွန်မူရင်း၊
ရေခွန်မူရင်း၊ မီတာခွန်နှင့် ယင်းမြေကွက်နှင့် စပ်ဆိုင်ပတ်သက်သော စာချုပ်စာတမ်း မူရင်းအားလုံးကို ၀ယ်ယူမှတောင်းခံရမည့်အပြင် ယင်းမြေကွက်အား
ဝယ်ယူသူအမည်ပေါက်ရေးအတွက် ၀ယ်သူမှ စရိတ်စကကျခံပေးပြီးရောင်းချသူမှ သက်ဆိုင်ရာ ရုံးဌာနအသီးသီးတွင် လက်မှတ်ရေးထိုးဆောက်ရွက် ပေးမည်ဖြစ်ကြောင်း
အရောင်းအ၀ယ်စာချုပ်၌ ကတိပြုလက်မှတ်ရေးထိုးပေးရမည်ဖြစ်သည်။

ရောင်းချသူအနေနှင့် ၀ယ်ယူသူအမည်ပေါက်ရေးအတွက် ရုံးဌာနအသီးသီးတွင် လိုက်လံဆောင်ရွက်ရန် အခက်အခဲရှိပါကရောင်းချသူအားရန်ကုန်မြို့
စာချုပ်စာတမ်းများမှတ်ပုံတင်ရုံး၌ ယင်းမြေကွက်အားစီမံခန့်ခွဲပိုင် ခွင့်အတွက် အထူးကိုယ်စားလှယ်လွှဲစား (S.P) ကိုပေးအပ်ရမည်ဖြစ်ပါသည်။

Credit: Myanmar Property News

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service