မြေဂရန်ကို အွန်လိုင်းမှ လျှောက်ထားနိုင်ပြီဖြစ်သော်လည်း လျှောက်ထားသူနည်းပါးနေ

မြေဂရန်ကို အွန်လိုင်းမှ လျှောက်ထားနိုင်ပြီဖြစ်သော်လည်း လျှောက်ထားသူနည်းပါးနေ - Property Knowledge in Myanmar from iMyanmarHouse.com
16 May 2016 12:16 pm တွင် တင်ခဲ့သည်
9793 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

မြေဂရန်လျှောက်ခြင်း၊ ပိုင်ဆိုင် မှုကြေညာခြင်း စသည့်မြေယာစီမံခြင်း များကို မြို့တော်ခန်းမ၌ လာရောက် လျှောက်ထားရန်မလိုတော့ဘဲ ဧပြီ ၁ရက်မှစတင်ကာ အွန်လိုင်းမှလျှောက် ထားနိုင်ပြီဖြစ်သော်လည်း လက်ရှိအ ချိန်အထိ လျှောက်ထားသူ နည်းပါး နေကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှသိရသည်။

''အွန်လိုင်းကနေ မြေဂရန်လျှောက် ထားတာကို ယခုလ ၁ရက်နေ့က စတင် ဆောင်ရွက်နေပေမယ့် လျှောက်ထား သူ နည်းနေသေးတယ်။ သင်္ကြန်ပိတ် ရက်တွေနဲ့လဲ တိုက်ဆိုင်နေလို့ပါ။နောက်ပိုင်းမှာတော့ တဖြည်းဖြည်းသိ လာပြီး အွန်လိုင်းကနေ လျှောက်လာ နိုင်မှာပေါ့''ဟု ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ ကော်မ တီဝင်တစ်ဦးက ပြောသည်။

အွန်လိုင်းမှ မြေယာစီမံမှုလျှောက် ထားနိုင်သည့် မြို့နယ်များမှ ဒဂုံမြို့ သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင် ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံ မြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ ရန်ကင်း၊ သာကေတ၊ မင်္ဂ လာတောင်ညွန့်၊ ဆိပ်ကြီးခနောင်တို၊ ဒေါပုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂ လာဒုံ၊ မရမ်းကုန်း၊ အင်းစိန် စသည့် မြို့နယ် ၁၇ မြို့နယ်ဖြစ်ကြောင်း သိ ရသည်။

အွန်လိုင်းမှ မြေယာစီမံခြင်းများ ကိုလျှောက်ရန် www.ycdc.gov.mm ကိုဝင်ရမည်ဖြစ်ပြီး အွန်လိုင်းဝန် ဆောင်မှုတွင် အိမ်ခြံမြေဂရန်ကိုရွေး ၍ လျှောက်လွှာတွင် မြေပုံကူး၊ လျှောက် ထားလိုသည့်ကိစ္စကိုရွေးကာ မြေပုံကူး လျှောက်ထားခြင်းလျှောက်လွှာပုံစံ အချက်အလက် များဖြည့်ရမည်ဖြစ် သည်။ အီးမေးလ်လိပ်စာရှိပါကလည်း ဖြည့်စွက်ပေးရန်လိုအပ်ကြောင်း သိ ရသည်။

ထို့နောက် လိုအပ်သည့်စာရွက် စာတမ်းများအား scan ဖတ်ပြီး attach ဖိုင်တွဲကာ ပို့ပေးရမည်ဖြစ်သည်။ အ ထက်ပါအချက် အလက်များအားလုံး ပြည့်စုံပါက လျှောက်ထားပါသည်ကို နှိပ်လိုက်လျှင် ဌာနမှပေးသော တိုကင် နံပါတ်ကိုရရှိမည်ဖြစ်ကြောင်း သိရ သည်။

ဌာနမှ အီးမေးလ်၊ SMS ပေးပို့ ပြီး အကြောင်းပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။ တိုကင်နံပါတ်လက်ခံရရှိ သည်နှင့် မူရင်းနှင့်တိုက်ဆိုင်စစ်ဆေး ရန် မြို့တော်ခန်းမသို့ လာရောက်ရန် အကြောင်းကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။

''လျှောက်ထားသူအနေနဲ့ ဌာန က လိုအပ်တာတွေ စစ်ဆေးပြီးရင် မြို့တော်ခန်းမမှာ ဝန်ဆောင်ခပါ တစ် ပါတည်း ပေးသွင်းနိုင်ပါတယ်။ တစ်ပါ တည်းမပေးသွင်းနိုင်ရင်လဲ လျှောက် ထားတဲ့မြို့နယ်က နီးစပ်ရာမြို့တော် စည်ပင်ဘဏ်ခွဲတွေ၊ ဒါမှမဟုတ် ဧရာ ဝတီဘဏ်ခွဲတွေမှာ တိုက်ရိုက်ပေးသွင်း နိုင်ဖို့ ငွေသွင်းချလန်အမှတ်ကို အွန် လိုင်းကနေ အကြောင်းကြားပေးမှာ ပါ''ဟု ¤င်းကဆက်လက်ပြောဆိုသည်။

ဌာနလုပ်ထုံးလုပ်နည်းအရ စိစစ် ဆောင်ရွက်ပြီး သတင်းစာကြေညာရန် လိုအပ်သည့်လျှောက်ထားမှုများအ တွက် ဌာနမှတာဝန်ယူကြေညာသည့် သတင်းစာကြေညာခငွေကို ဌာနတွင် လာရောက်ပေးသွင်းရမည်ဖြစ်သည်။

သီးခြားသတင်းစာကြေညာရန် လိုအပ်ပါက ဌာနမှပေးသည့်ကြော်ငြာ ပုံစံနှင့် သက်ဆိုင်ရာသတင်းစာတိုက် များတွင် ကာယကံရှင်ကိုယ်တိုင် ငွေ ပေးသွင်း၊ သတင်းစာကြေညာထည့် သွင်းဆောင်ရွက်ရမည်ဖြစ်ပြီး သတင်း စာပါပြီး နောက်ရက်တွင် ယင်းသတင်း စာများအား ဌာနသို့မပျက်မကွက်ပြန် လည်ပေးပို့ပေးရမည်ဖြစ်ကြောင်း သိ ရသည်။

အွန်လိုင်းဖြင့်မြေယာစီမံမှုလျှောက် ထားခြင်းများအပေါ် ဌာနမှစိစစ်ခွင့် ပြုပြီးပါက လျှောက်ထားသည့်မြေပုံ ရာဇဝင်ကို ဌာနတွင်ကိုယ်တိုင်ထုတ် ယူခြင်း (သို့မဟုတ်) လျှောက်ထားစဉ် တိုကင်အမှတ်ဖြင့် သက်ဆိုင်ရာမြို့ နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးများတွင် ထုတ်ယူနိုင်မည်ဖြစ်သည်။ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေး မှူးရုံးများရှိ ဌာနမှသတ်မှတ်ထုတ်ပေး ထားသောစာရွက်ဖြင့်သာ ခွင့်ပြုထား သော မြေပုံ၊ မြေရာဇဝင်ကိုထုတ်ယူ ပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သိရသည်။

Credit : Yangon Times

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service