ဥယျာဉ်ခြံမြေရောင်းပြီး ကိုယ်စားလှယ်လွှဲစာပေးလိုက်လျှင် ပိုင်ဆိုင်မှုတွေအားလုံး ဆုံးရှုံးတော့မှာလား

ဥယျာဉ်ခြံမြေရောင်းပြီး ကိုယ်စားလှယ်လွှဲစာပေးလိုက်လျှင် ပိုင်ဆိုင်မှုတွေအားလုံး ဆုံးရှုံးတော့မှာလား - Property Knowledge in Myanmar from iMyanmarHouse.com
22 Mar 2016 11:54 am တွင် တင်ခဲ့သည်
1906 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ပြည်မြို့နယ်၊ မြို့ရှောင်လမ်းအနီးတွင် ဥယျာဉ်ခြံမြေ၀ယ်လိုသူ စီးပွားရေးလုပ်ငန်း ရှင်တစ်ဦး၏ ဖိတ်ခေါ်မှုကြောင့် ကျွန်ုပ်မှာ ကြိုတင်ပြင်ဆင်မှုမရှိဘဲ လိုက်ပါလာရ သည်။ ဥယျာဉ်ခြံမြေကို နှစ်ယောက်စလုံး သွားရောက်ကြည့်ရှုပြီး အပြန်တွင် သဘော ကျသွားသည်။ ထို့ကြောင့် (၅)ဧကအကျယ် ဥယျာဉ်ခြံမြေကွက်ကို သိန်း (၁၀၀) ပေး ၍စာချုပ်ပြီးနောက် အရေးပေါ် အလုပ်ရှိ သည်ဟုဆိုကာ ကျွန်ုပ်ကိုထားခဲ့ပြီ ညပိုင်းတွင် ပြန်သွားသည်။ ကျွန်ုပ်ကျန်ရစ် ခဲ့ရခြင်းမှာ လယ်ယာမြေပုံစံ-၇ လက်မှတ်ကိုင်ဆောင်သူ မြေအမည်ပေါက် “ဦးမြတ်လှ”ထံမှ ကိုယ် စားလှယ်လွှဲစာယူပေးဖို့ အတွက် ဖြစ်သည်။ ဤသို့ဖြင့် ကျွန်ုပ်လည်း ပြည်မြို့တွင် တစ်ညတာ အိပ်စောင့်ခဲ့ရသည်။

ရုံးအရောက်နည်းသူဖြစ်သဖြင့် စာချုပ် ရုံးအမည်သစ်ပြောင်းလဲပုံပြောပြထား

နောက်တစ်နေ့ ရုံးဖွင့်ချိန် နံနက် ၁၀ နာရီခွဲခန့်တွင် ဦးမြတ်လှအား ပြည်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ လာခဲ့ရန် မှာကြားခဲ့သည်။ ဥယျာဉ်ခြံမြေရောင်းသူ ဦးမြတ်လှမှာ တစ်သက်လုံး ခြံစိုက်ပျိုးရေး လုပ်ကိုင်သူဖြစ်သဖြင့် အလွန်ရိုးသားသည်။ ထို့ကြောင့် စာချုပ်စာတမ်းရုံးဆိုသည်မှာ “ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန”ရုံးကို ခေါ်ကြောင်း ပြောပြထားသည်။ ယခု ဒီမိုကရေစီအစိုးရလက်ထက်တွင် “မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန”ဟု နာမည်ပြောင်းထားကြောင်း လည်း ရှင်းပြထားရသေးသည်။

မျှော်သူပေါ်မလာတော့ စောင့်သူစိတ်ပူတာ ဓမ္မတာပါ

ကျွန်ုပ်မှာ ထိုနေ့နံနက် (၁၀)နာရီခန့် တွင် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှ ကြို၍ စောင့်နေသည်။ အထူးကိုယ်စားလှယ်လွှဲစာ လွှဲပေးမည့် ဦးမြတ်လှ ရောက်လာလျှင် အဆင်သင့်လက်မှတ်ထိုးပြီး အမြန်လွှဲပေး နိုင်ရန်အတွက် စာရိုက်ခြင်း တံဆိပ်ခေါင်း ကပ်ခြင်း ပေးသူနှင့် အသိသက်သေ (၂)ဦး၏ နိုင်ငံသားကတ်ပြားများကို မိတ္ထူ တစ်စုံစီကူးပေးထားခြင်းများကို ကြိုတင် ပြုလုပ်ထားလိုက်သည်။ အားလုံးအဆင်သင့် ဖြစ်ပြီမို့ စာချုပ်စာတမ်းမှူး ရှေ့မှောက်တွင် လက်မှတ်ထိုးခြင်း လက်ဗွေနှိပ်ခြင်းများ ပြုလုပ်ဖို့အတွက် ဦးမြတ်လှ လာရာလမ်း ကို မျှော်ရင်းစောင့်နေမိသည်။ သို့သော် ဦးမြတ်လှကမူ နေ ၁၂း၀၀ နာရီထိုးသည် အထိ ပေါ်မလာတော့ စိတ်ပူလာသည်။

ဥယျာဉ်ခြံကွက်ကို ရောင်းလိုက်ရလို့ စိတ်မကောင်းဖြစ်သွားပြီလား

မကြာမီ အိမ်ခြံမြေအကျိုးဆောင် “ရဲရင့်အောင်”ရောက်လာသည်။ “ဦးမြတ် လှ” တစ်ယောက် ညက အိပ်မပျော်လို့ မနက် (၈)နာရီမှာ သူပြနေကျပြည်မြို့ ဆေးခန်းမှာ ဆေးသွားထိုးနေတယ်လို့ ပြောတယ်။ အိမ်မှာတော့ ပြန်မရောက် သေးဘူးဆရာ “သူ့ဇနီးက ဘာပြောလိုက် သလဲဟင်” “သူ့ဇနီးကတော့ ဆေးခန်းမှာ ပြပြီးရင် အဲဒီက ရုံးနီကြီးကို လိုက်လာခဲ့ မယ်လို့ ပြောတယ်တဲ့” “ဟေ ... ဒါဆို ရင် ကိုယ်စားလှယ်လွှဲဖို့ လိုက်လာတာတော့ သေချာပြီ” “သူလိုက်လာတဲ့ ရုံးက ရုံးနီကြီး ဆိုတော့ ဟိုဘက်ခြမ်းက ပြည်ခရိုင်တရားရုံး ကြီးကို ပြောတာထင်တယ်။ ရုံးကိစ်္စဆိုတော့ တရားရုံးလို့ ထင်ချင်ထင်နေမှာ၊ ကဲ ညီလေး ရာ ရှာလက်စနဲ့ ပြည်တရားရုံးထဲမှာ သွား ရှာကြည့်ပါဦး”ဟု အကြံပေးလိုက်ရာ ရဲရင့်အောင်လည်း ခြေလှမ်းကျဲကြီး ဖြင့် ထွက်သွားသည်။

ရုံးမှန်ရင်မလာချင်ဘူးတဲ့၊ ရှေ့မီနောက်မီ ရိုးသားသည့်လူကြီးများ

(၁၅)မိနစ်ခန့်အကြာတွင် “ရဲရင့်အောင်” နှင့်အတူ “ဦးမြတ်လှ”တို့ နှစ်ဦးစာချုပ်စာ တမ်းရုံးသို့ စကားတပြောပြောနှင့် ရောက် လာသည်။ ကျွန်ုပ်က “ဦးမြတ်လှ တရားရုံး ရှေ့မှာ ရောက်နေတာကြာပြီလား” “ဆရာက ၁၀း၀၀ နာရီ ချိန်းထားတော့ ဆေးခန်းစောစောသွားပြီး တရားရုံးရှေ့မှာ လာစောင့်နေတာကြာပြီ၊ ဖုန်းဆက် အကြောင်းကြားဖို့ သတိရပေမယ့် ရှေ့နေ ကြီး ဖုန်းနံပါတ်လည်းမသိတော့ မဆက်ဖြစ် ဘူး။ ဒါနဲ့ ရုံးရှေ့မှာ ထိုင်စောင့်နေတာ “ရဲရင့်အောင်” လာခေါ်မှပဲ တရားရုံး မဟုတ်ဘူး။ စာချုပ်စာတမ်းရုံးဆိုတာ ခွဲခြားသိတော့တယ်။ ကျွန်တော်တစ်သက် ဒီလိုရုံးတွေကို ရောက်ဖူးတာ မဟုတ်ဘူး ဗျ။ ဒါကြောင့် ရုံးဆိုရင် တရားရုံးကို ပြော တာပဲ ထင်ပြီး စောင့်နေတာပေါ့ဗျာ”

ကိုယ်စားလှယ်လွှဲစာကြောင့် အအိပ် ပျက်ခဲ့ရသူ

“အေးဗျာ ... ဦးမြတ်လှရဲ့ ရိုးသား မှုကိုတော့ လေးစားသွားပြီ”ဟု ကျွန်ုပ်က ဂုဏ်ယူချီးကျူးပြောလိုက်ရာ “ရိုးရိုးသားသား ပဲ မေးရဦးမယ် ရှေ့နေကြီးရယ်၊ ကျွန်တော် တို့ရွာမှာတော့ ဒီလိုပဲ ဥယျာဉ်ခြံမြေတွေ အရောင်းအ၀ယ်လုပ်သွားကြတာ တွေ့ရ တာကတော့ ရောင်းသူအမည်ပေါက် လယ်ယာမြေပုံစံ - ၇ လက်မှတ်ပေးလိုက် ပြီး ခြံမြေအရောင်းအ၀ယ်စာချုပ်မှာ လက်မှတ်ထိုးလိုက်ရင်ပြီးတာပဲ၊ အခုလို အထွေထွေကိုယ်စားလှယ်လွှဲစာတို့ အထူး ကိုယ်စားလှယ်လွှဲစာလွှဲတာတို့ မရှိကြပါ ဘူးဗျာ။

မနေ့က ခြံမြေအရောင်းအ၀ယ်စာချုပ် ပြီးရင် ဒီမနက် ကိုယ်စားလှယ်လွှဲစာ လွှဲ ပေးရမယ်ဆိုတော့ ကျွန်တော်ညက စဉ်းစား ရင်း စဉ်းစားရင်းနဲ့ အတွေးလွန်သွားပြီး တစ်ညလုံး အိပ်လို့မရခဲ့ဘူးဗျာ။ မနက်မိုး လင်းမှ အိပ်ရေးပျက်တော့ သွေးပေါင်တွေ ကျပြီး ခေါင်းတွေမူးလာတယ်။ လဲတော့ မလိုဖြစ်လို့ မနက် ၈ နာရီမှာ ဆေးခန်းသွား ပြီးဆေးထိုးလိုက်ရတာ။ စဉ်းစားမိတာက ဒီလိုဗျ။ ကိုယ်စားလှယ်လွှဲစာလွှဲပြီးရင် ပိုင်ဆိုင်တဲ့ ခြံမြေတွေနဲ့ ရှိသမျှ စည်းစိမ် လေးတွေ အကုန်ပေးလိုက်ရတာပဲ”လို့ “လူကြီးသူမတွေ ပြောတာကြားဖူးတယ် လေ။ အဲဒါတကယ်ဟုတ်ရဲ့လားဟင် ရှေ့နေကြီး ရယ်ပြောပါဦး”ဟု အလွန်စိတ်ဆင်း ရဲနေသော အမူအယာဖြင့် ဦမြတ်လှက မေးသည်။

အထူး/အထွေထွေကိုယ်စားလှယ်အကြောင်း မသိသူများစိတ်ပူကြ

ဦးမြတ်လှ၏ အမူအယာကိုကြည့်ပြီး ကျွန်ုပ်အလွန်အမင်း စိတ်မကောင်းဖြစ် သွား သည်။ ယခုမနက်နောက်ကျရခြင်း အကြောင်းများမှာလည်း ထိုအတွေးနှင့် သံသယကြောင့် ဖြစ်မည်ဟု ခန့်မှန်းကြည့် နိုင်သည်။ ““ဒီလိုပါ ဦးမြတ်လှ စိတ်ထဲမှာ စိုးရိမ်စိတ်ရှိနေမယ်ဆိုတာ ကျွန်တော် ကိုယ်ချင်းစာမိပါတယ်။ တကယ်တော့ အထူးကိုယ်စားလှယ်လွှဲစာ လွှဲတယ်ဆိုတာ ဦးမြတ်လှအမည်ပေါက်နေ တဲ့ ဥယျာဉ်ခြံ မြေပုံစံ - ၇ လက်မှတ်နဲ့ပတ် သက်ပြီး ဦးမြတ်လှကိုယ်စား၊ ၀ယ်သူကပြန်ရောင်း ရင်ပဲဖြစ်ဖြစ်၊ သူ့အမည်ပေါက် ပြောင်းရင်ပဲ ဖြစ်ဖြစ်၊ ဆောင်ရွက်လို့ရအောင် ကိုယ်စား လှယ်ယူလိုက်တာပါပဲ။ ဦးမြတ်လှရဲ့ အခြားပိုင်ဆိုင်မှုတွေကို လွှဲပြောင်းယူနိုင်တာ မျိုးမဟုတ်ပါဘူး။ ရောင်းတဲ့မြေကိုပဲ ၀ယ် သူက အခြားသူတစ်ဦးကို ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ လှူဒါန်းခြင်း အစရှိသဖြင့် ပြုလုပ်နိုင်တာပါ။

ကိုယ်စားလှယ်လွှဲစာရုပ်သိမ်းလိုက သတင်းစာကြော်ငြာ၍ ရုပ်သိမ်းခွင့်ရှိ

ဥပမာ ။ ။ အထွေထွေကိုယ်စားလှယ် လွှဲစာ (ွဏ) လွှဲတယ်ဆိုရင်လည်း ထို့အတူ ပါပဲ။ ဦးမြတ်လှရောင်းလိုက်တဲ့ ဥယျာဉ် ခြံမြေကို ၀ယ်သူက ရောင်း/ပေါင်/ငှား/ လဲလှယ်/စွန့်လွှတ်/ပေးကမ်း/လှူဒါန်း/ လုပ်နိုင်တာပါ။ ကိုယ်စားလှယ်လွှဲစာပေး ထားရတယ်ဆိုပေမယ့် ဦးမြတ်လှဘဏ်မှာ အပ်ထားတဲ့ ငွေကို မိမိမသိဘဲ ထုတ်ယူလို့ မရပါဘူး။ ထုတ်ပေးစေချင်ရင် မိမိရဲ့ မှတ်ပုံတင်မူရင်းနဲ့ ဘဏ်စာအုပ်တွေပေး လိုက်မှ ကိုယ်စားထုတ်ပေးလို့ရတာပါ။ ပြီးတော့လည်း ဒီ (GP/SP) ကိုယ်စားလှယ် လွှဲစာတွေကို အသုံးပြုဖို့ မလိုတော့ဘူးဆိုရင် လွှဲစာမူရင်းတွေကို ပြန်ယူပြီး စာချုပ်ရုံး မှာ ပြန်ဖျက်သိမ်းလို့ရပါတယ်။ ထို့အတူ သတင်းစာမှာလည်း မည်သည့်နေ့ကပေး ထားတဲ့ “ကိုယ်စားလှယ်လွှဲစာ”ကို ပြန်လည် ရုပ်သိမ်းကြောင်း ကြေညာလို့ရပါတယ်။”

သောကကင်းဝေးနေနိုင်ရေး၊ အကျိုးသက်ရောက်မှု ရှင်းပြပေး

“ဟုတ်လား။ အခုမှပဲ ရင်ထဲအပူလုံး ကြီးကျသွားတော့တယ်။ စိတ်ရှင်းသွား ပါပြီ။ စာချုပ်စာတမ်းမှူးရောက်လာရင် ခင်ဗျားတို့ပြောတဲ့အတိုင်း လက်မှတ်ထိုး၊လက် ဗွေနှိပ်လိုက်ပြီးတာပဲမဟုတ်လား”။ ဟုတ်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ဦးမြတ် လှရယ် ရိုးသားသော ဦးမြတ်လှ တစ်ယောက် “သောကတွေ ကင်းဝေးသွား ပြီမို့”ရှင်းပြလိုက်ရသော ကျွန်ုပ်မှာလည်း အတိုင်းမသိကျေနပ်နေ မိပါတော့သည်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ဥယျာဉ်ခြံမြေရောင်းပြီး ကိုယ်စားလှယ်လွှဲစာပေးလိုက်လျှင် ပိုင်ဆိုင်မှုတွေအားလုံး ဆုံးရှုံးတော့မှာလား - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service