ဗဟုသုတ | Posted by ရွှေစင်ဝင်း
ဒီနေ့ ကျွန်တော်အလုပ်အားပါတယ်။ အလုပ်မရှိလျှင် မနေတတ်တဲ့ ကျွန်တော် ဟာ ငယ်သူငယ်ချင်းကိုလှမြင့်နဲ့အတူ ရန်ကင်းမြို့ နယ်က "စာချုပ်စာတမ်းမှတ်ပုံ တင်ရုံး'' ကို ရောက်ခဲ့ကြပါတယ်။ သူငယ် ချင်းရဲ့ ကားနဲ့ပဲ အပျင်းပြေအချိန်ကုန် စေမယ်ဆိုတဲ့ ရည်ရွယ်ချက်ရယ်၊ မရောက် တာကြာပြီ ဖြစ်တဲ့ စာချုပ်စာတမ်းရုံးကိုလဲ အလည်သဘောနဲ့ ရောက်ခဲ့တာပါ။ ကိုလှမြင့်ကတော့ ပါမစ်နဲ့ မြေကွက်အတွက် SP လုပ် စရာရှိလို့ ကျွန်တော့်ကို အားကိုးပြီး အဖော်အဖြစ် ခေါ်ရှာတယ်ပေါ့။
စာချုပ်စာတမ်းရုံးဆိုတာကတော့ ရုံးဖွင့်တဲ့နေ့တိုင်းလို လူမများတဲ့နေ့ မရှိ ပါဘူး။ SP/GP လုပ်မှာလား၊ကျမ်းကျိန်လွှာ လုပ်မှာလား၊ မွေးစားစာချုပ်လုပ်မှာလား၊ မြေကွက်ရောင်း/၀ယ်စာချုပ်လား၊ ဘာပဲ လုပ်လုပ် ရှောင်ကွင်းလို့မရတဲ့ စာချုပ်စာ တမ်း မှတ်ပုံတင်ရုံးမှာ လူတွေဆုံကြရပါ တယ်။ တန်းစီသူတွေ တန်းစီကြရတယ်။ စောင့်သူတွေ စောင့်ကြရပါတယ်။
သူငယ်ချင်းကိုလှမြင့်ကတော့ SP လုပ်မယ်ဆိုတော့ အဆင့်သိပ်မများဘူး ပေါ့။ ဒီ့အပြင် လည်လည်ဝယ်ဝယ်ရှိတဲ့ သူ့တပည့်လေးတစ်ယောက်လည်း ကားပေါ် မှာ ပါလာပြီးသားမို့ ကျွန်တော်ကြည်စိုှးုဃ ကတော့ သူငယ်ချင်းရဲ့ အဖော်အနေနဲ့ ပါ လာတာပါ။ အချိန်တွေပိုနေတော့ မြင်မြင်သမျှ စပ်စုမိပြန်ပါတယ်။
ကျွန်တော်အလုပ် “အိမ်ခြံမြေပညာ သင်တန်း”မှာ ဘာတွေထည့်ပြောရမလဲ၊ ဘာတွေထည့်သင်ရမလဲဆိုတဲ့ ကုန်ကြမ်းရှာ တယ်ဆိုပါတော့ “စာချုပ်စာတမ်းမှတ်ပုံတင် ရုံး”ဆိုတာကလည်း ကျွန်တော့် အိမ်ခြံမြေ ပညာသင်တန်းမှာ အမြဲထည့်သင်နေရတဲ့ သင်ခန်းစာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ ကျွန်တော့်အတွက် ထူးဆန်းတာ ရှာသာရှာ ရတယ် တွေ့ဖို့ခက်နေပါတယ်။
စိတ်ဝင်စားစရာတစ်ခုတွေ့ပါပြီဗျာ၊ ၀ှီးချဲနဲ့ အဖိုးကြီးတစ်ယောက်ပါ။ အသက် ကတော့ ၇၀ ကျော်လောက်ပဲ ရှိဦးမှာပါ။ ကျန်းမာရေးကောင်းပုံတော့ မရဘူး။ သူ့ နံဘေးမှာ တူလို၊ သားလို လူနှစ်ယောက်လဲ ပါပါတယ်။ အသက်တွေက ၄၀ ကျော် လောက်တွေပါ။
ကျွန်တော်လည်း အဲဒီဝှီးချဲဘေး ရောက်သွားပြီး မေးလိုက်မိပါတယ်။
Uncle ကြီးက ဘာကိုစောင့်နေရတာ ပါလဲလို့၊ အဲဒီပုဂ်္ဂိုလ်ကြီးက ပြန်ဖြေပါတယ်။ ဒု-ဦးစီးမှူးဆီကို ၀င်ဖို့စောင့်တာတဲ့ ဒါက သားအကြီးကောင်ပါလို့လဲ မိတ်ဆက်ပေး လိုက်တာက စလို့ (၃)မိနစ်လောက် စကားတွေ ပြောနေမိကြပါတယ်။
ကျွန်တော်ကလည်း အိမ်ခြံမြေသင် တန်းဆရာလေ၊ မနေနိုင်ဘူး၊ ရှာရှည်မိပါ တယ်။ Uncle ရဲ့ အိမ်ကို မခေါ်ဘူးလား လို့။
ကျွန်တော်ကတော့ စာသင်တဲ့အထဲက “စာချုပ်စာတမ်းမှတ်ပုံတင်တယ် ဥပဒေ ပုဒ်မ (၃၁)”ကUncle အတွက် မေးလိုက်တာပါ။
Uncle ကြီးက စဉ်းစားပါသေးတယ်ဗျာ၊ စုံစမ်းကြည့်လိုက်တော့ အကုန်အကျကလဲ မနည်းလှဘူးမို့၊ အခုလို ကိုယ်တိုင်ပဲ လာ လိုက်တာပါ။ ကျွန်တော် အိမ်ရောင်းတော့ မယ်လေဗျာ။ အဲဒီကိစ္စ ဟိုသွားဒီလာ မလုပ်နိုင်လို့ သားအကြီးကောင်က SP လွှဲပေးဖို့ပါ။ နောက်ထပ်ဘယ်လောက်ကြာ ကြာ စောင့်ရဦးမလဲမသိပါဘူးလို့ ငြီးတွား ရှာပါတယ်။
အဖေ၊ ဒီဦးကြီးနဲ့ ခဏနေလိုက်အုံး နော်။ ကျွန်တော်တို့ ဒု-ဦးစီးမှူးရုံးခန်း အခြေအနေသွားကြည့်လိုက်ဦးမယ်ဆိုပြီး သူ့ရဲ့သားကြီးနဲ့ အဖော်သားထွက်သွား ကြပါတယ်။
ကျွန်တော်ကြည်စိုး IC ကို သူ့အဖေနဲ့ ၀ှီးချဲကို ကြည့်လိုက်ပါလို့ ပြောသွား သလိုပါပဲ။ တကယ်တော့ ဘာမှမပြောပါ ဘူး။ ကိုယ့်အသိနဲ့ကိုယ်ပဲ “အေးအေး”လို့ ပြောလိုက်ပါတယ်။
ဒီသူငယ်တွေရဲ့ လှုပ်ရှားပုံလေး မကြိုက်မိတာရယ်၊Uncle ကြီးကိုကြည့်ရ တာ စိတ်ထဲမှာ တစ်ခုခုမေးစရာရှိနေသလို ခံစားမိတာရယ်ကြောင့် ...
“ Uncle ကြီး အသက်လဲရလာပြီ၊ နေလည်းမကောင်းဘဲနဲ့ ဘာပြုလို့ အိမ်ရောင်း ရတာလဲ”ကစလို့ စပ်စုပါတော့တယ်။ တကယ်သိချင်လာပါပြီ။
အေးဗျာ၊ ခုနသွားတာက အကြီးကောင် ပါ။ အိမ်မှာအငယ်မရှိသေးတယ်။ သားသမီး (၂)ယောက်ထဲပါ။ အန်တီက ဆုံးသွားတာ (၁)နှစ်ပဲ ရှိပါသေးတယ်။ အန်ကယ်က ခုအသက် (၇၈)နှစ်ပါ။ ကိုယ့်အိမ်ကိုယ့်ခြံ ဘယ်ရောင်းချင်ပါ့မလဲဗျာ။
Uncle ကြီးပြောရင်းဆိုရင်း အားပါ လာပုံရပါတယ်။ သူပြောချင်တာတွေကို နားထောင်ပေးမယ့်လူရှိတယ်ဆိုပြီး။
သူတို့မောင်နှမ (၂)ယောက်က အတူ တူတွေပါဗျာ၊ အမွေလိုချင်ကြတယ်လေဗျာ၊ ကျွန်တော်ကလဲ လမ်းသာမလျှောက်နိုင် တာ၊ သွေးတိုးဆီးချိုကလဲ မပြောပလောက် ဘူး၊ သေလောက်တဲ့ရောဂါမရှိသေးလို့ မအောင့်နိုင်ကြဘူးထင်ပါတယ်ဗျာ၊ ကျွန် တော့်ကို တိုက်ခန်းကောင်းကောင်း ပြန်ဝယ် ပေးမယ်ပေါ့ဗျာ။ ထုံးစံအတိုင်း အမွေလိုချင် လာသူတို့ရဲ့ ထုံးစံအတိုင်းပါပဲ။
သားရေးသမီးရေးမဟုတ်ပါ။ သား အတင်းသမီးအတင်းပြောလို့ကောင်းနေတုန်း Uncle ရဲ့ သားတော်မောင်ပြန်လာပြီမို့၊ အကင်းပါးပြီးသားဖြစ်ကြတဲ့လူကြီးများက စကားလွှဲလိုက်ပါတယ်။
ကဲ Uncle ကြီးရေ ခင်ဗျားသားတော် မောင်လည်း ပြန်လာပြီ။ ကျွန်တော်လည်း သူငယ်ချင်းဆီသွားလိုက်ပါအုံးမယ်လို့ နှုတ်ဆက်ပြီး ဒါနဲ့ ညခူန ကြီးရဲ့ နာမည်နဲ့ ဖုန်းနံပါတ်လေးပြောပါအုံး။
ဦးသီဟ ၀၉ ၇၉၆၅၅၅၅၉၆ တဲ့။ ဟုတ်ပါပြီ့ ညခူန ကြီး၊ ဒါကျွန်တော့် အလုပ်ကတ်ပြားပါဆိုပြီး အိမ်ခြံမြေသင်တန်း ကျောင်းကတ်တစ်ခုပေးခဲ့ပြီး ခွာခဲ့ပါတယ်။
ဒါပေမဲ့ စိတ်ကခွာလို့မရပါဘူး။ ကျွန် တော်ရဲ့ ရင်ထဲမှာရှိတဲ့ အတွေးတွေကို ထပ်ပြီး အလုပ်ပေးလိုက်ပြန်ပါပြီ။ ထပ်ပြီး တွေးခိုင်းလိုက်ပြန်ပြီပေါ့။
ဒီ Uncle ကြီးရဲ့ ရင်ထဲမှာသားသမီး တွေ အမွေကြိုတောင်းနေကြတဲ့ ကိစ္စက လွယ်လွယ်နဲ့ အဖြေရှာလို့မရတဲ့။ ကျွန်တော် တို့ စဉ်းစားလက်စဖြစ်တဲ့ သေတမ်းစာ (will )ကိစ္စဆိုရင် မမှားပါဘူး။
ကျွန်တော်တို့ဆိုတာ ဘယ်သူတွေလဲ ဆိုတော့ အသက် ၅၀ ကျော် ၆၀၊ ၇၀ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အများစုပါပဲ။
ကျွန်တော်တို့တစ်တွေ အိုလာကြပါပြီ။ အလုပ်မရှိကြတော့ပါဘူး။ အများစုက ပင်စင်လေးနဲ့ သားသမီးမျက်နှာကြည့်ရမ လိုလို လောကကြီးကို အပြစ်တင်ရမလိုလို ဖြစ်ကုန်ကြရတဲ့အရွယ်တွေမှာ တိုင်းပြည် က စီးပွားရေးမကောင်းတော့ ကျွန်တော် တို့ရဲ့ သားသမီးအများစုကလည်း စီးပွား ရေးမကောင်းဘူးပေါ့။
ရှာလို့လည်းလွယ်၊ ကုန်ဈေးနှုန်းကလည်း မတက်သေးခင်မှာ စုဆောင်းတည်ဆောက် ထားခဲ့ကြတဲ့ အိမ်လေး၊ ခြံလေးကတော့ လူတိုင်းလိုမှာ ရှိနေကြပါတယ်။
ကျွန်တော်တို့ရဲ့ သားသမီးအရွယ် ၃၀၊ ၄၀ တွေကတော့ ကုန်ဈေးနှုန်းကလည်း ကြီးတဲ့ခေတ်၊ ရှာရဖွေရတာလည်း မလွယ် တဲ့ခေတ် အဆုံးပြောရလျှင် ရာသီဥတုပါ ပူလွန်းအေးလွန်းဖောက်ပြန်လွန်းတယ်လေ။ ဒီထက်ပိုဆိုးတာက ရုပ်ဝတ္ထုတွေက တစ်ဟုန် ထိုး တိုးတက်လာတော့ တကယ်လိုအပ်လာ တာက “ငွေ”သမ္မာအာဇီဝနဲ့ ရှာလို့ရစရာ လိုက်ကြည့်တော့ တွေ့ကြမှာပါ။ မိဘအမွေ။ မိဘအများစုက အိုလာကြပြီဖြစ်ပေမယ့် ဆေးပညာ ဗဟုသုတတွေကလည်း ကြွယ်ဝ လာတဲ့ခေတ်မို့ အသက်တွေကရှည်ပေါ့။ ဒီတော့ မျှော်မိတဲ့သားသမီးတွေကို စိတ် မဆိုးသာပါဘူး။ မိဘဘိုးဘွားတွေ သေလွန် ကြမှရမယ့်အမွေတွေက အိမ်ခြံမြေ။
အို ကျွန်တော်စဉ်းစားတာစုံနေပါပြီ ဗျာ။ သားတွေသမီးတွေ အမွေမမျှော်ကြရ အောင် ဘယ်လိုလုပ်မလဲလို့ စဉ်းစားပြန် တော့လည်း လမ်းကမမြင်၊ ကိုယ်တစ်ယောက် တည်းကိစ်္စကလည်းမဟုတ်၊ ကိုယ်တစ်ယောက် တည်းကိစ်္စဆိုရင်တော့ အဖွားကြီးကို ခေါ်ပြီး ရေထဲခုန်ချလိုက်ကြရင်ပြီးပါတယ်။
အင်းထွက်ပေါက်ကို မရမက ရှာကြည့် တော့တွေ့မိပါတယ်။ သူများ ယဉ်ကျေးမှုနဲ့ ဥပဒေတွေထဲက “သေတမ်းစာ”ပါပဲ။
“သေတမ်းစာ”သာ ရေးခွင့်ရှိရင် ကမ်္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကြီးတွေရဲ့ သားသမီးတွေကတောင် သူတို့မိဘတွေကို စောစော “ထာဝရအိပ်စက်ကြပါစေ”လို့ ဆုတောင်းနေကြတယ် မကြာဖူးပါဘူး၊ သူတို့ဆီမှာက အဖေအမေ သေလွန်လဲ အမွေတွေကို ကိုယ်ရချင်မှ ရမှာလေ။
မြန်မာ့ဓလေ့မှာကတော့ “လင်သေရင် မယား”၊ “မယားသေရင်လင်”၊ “လင်ကော မယားပါသေရင် သားသမီး”၊ ပြီးမှ မြေး၊ မြေးမရှိမှမြစ်၊ အဆင့်လိုက်အဆင့်လိုက် ပုံသေနည်းသာသာနဲ့ အမွေရယူနေကြရတာ မို့။
သေတမ်းစာဆိုတာမျိုးသာ ပြန်ပြီးတော့ မပေါ်ပေါက်ဘူးဆိုရင် ဘုန်းဘုန်းတို့ဟော ကြတဲ့ ရန်သူမျိုးငါးပါးထဲက “သားဆိုးသမီး ဆိုးနဲ့ အမွေခံဆိုးများ”ဆိုတာက ဘယ်လို လုပ်ပြီး ဖယ်နိုင်ကြပါ့မလဲ။
ဒီတော့ အိမ်ပြန်ရောက်လို့ ဦးသီဟကြီး ဆီ ဖုန်းဆက်ရင် ဦးသီဟရေ ခင်ဗျားအတွက် စဉ်းစားပါတယ်။ လောလောဆယ်အဖြေ တွက်လာတာကတော့ ... မြန်မာပြည်မှာ ၁၈၈၀ ခုနှစ်ကတည်းက စပြီး ခေတ်မှိန်သွားခဲ့ရတဲ့သေတမ်းစာ (will) ကို တမ်းတပြီး၊ “ပြန်လာပါတော့ ဝေ”လို့သာ ဆုတောင်းထားနှင့်ပါဦး။ ပြီးမှ သိရ ခင်ရတဲ့ သူငယ်ချင်း ကျွန်တော် ကြည်စိုှးုဃ က စိတ်ရှည်လက်ရှည် ဇွဲ ကောင်းကောင်းနဲ့ အဖြေရှာတတ်ပါတယ်။ အတူတူစဉ်းစားကြတာပေါ့ဗျာလို့ ပြောမယ် စိတ်ကူးတယ်။ စာချုပ်စာတမ်း မှတ်ပုံတင် ရုံးထဲက အတွေးတွေကို အိမ်ပြန်သယ်လာ ရပါတော့တယ်။
ကြည်စိုး IC (အိမ်ဘုရင်) မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com