ဂရုပြုရမယ့် အချက်တွေများတဲ့ လယ်မြေနဲ့ လယ်ယာမြေဈေးကွက်

ဂရုပြုရမယ့် အချက်တွေများတဲ့ လယ်မြေနဲ့ လယ်ယာမြေဈေးကွက် - Property Knowledge in Myanmar from iMyanmarHouse.com
9 Mar 2016 11:39 am တွင် တင်ခဲ့သည်
1877 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

လယ်နဲ့ လယ်ယာမြေအရောင်းအ၀ယ်လုပ်ခြင်း ဟာ အကျိုးအမြတ်များများရနိုင်ဖို့ အခွင့်အလမ်းများပေမယ့် ဂရုစိုက်ရမယ့်အချက်တွေများကြောင်း အတွေ့အကြုံများတဲ့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။

ကျယ်ပြန့်တဲ့ လယ်နဲ့ လယ်ယာမြေတွေကို ခွဲခြမ်းစိတ်ဖြာပြီး အကွက်တွေရိုက်ရောင်းချတာဟာအိမ်ခြံမြေဈေးကွက်အပြင်ဥပဒေအကြောင်းအရာကိုနားလည်ပြီးလုပ်တတ်ကိုင်တတ်တဲ့သူတွေအတွက်အကျိုးကျေးဇူးများများရနိုင်တဲ့ ဈေးကွက်တစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဈေးကွက်မှာ အဲဒီလိုလုပ်ကိုင်နိုင်ဖို့ လယ်နဲ့ လယ်ယာမြေကို တရားဝင်ရောင်းဝယ်ခွင့်ရလာအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ပြဋ္ဌာန်းထားတဲ့ ဥပဒေအကြောင်းခြင်းရာတွေကို နားလည်ဖို့ များစွာအရေးကြီးကြောင်းအကျိုးဆောင်တချို့က
ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်မှာ လယ်နဲ့ လယ်ယာမြေ အရောင်းအ၀ယ်ဈေးကွက်မှာတော့ သိရှိနားလည်သူဟာ နည်းပါးနိုင်ပါတယ်။တကယ်တော့အရောင်းအ၀ယ်ဈေးကွက်မှာအတွေ့အကြုံများသူတွေသာမက မြေစမ်းခရမ်းပျိုးလို့ စတင်စမ်းသပ်လုပ်ကိုင်ကြည့်သူတွေအတွက်လည်း လယ်မြေနဲ့လယ်ယာမြေကိုခိုင်မာအောင်ဘယ်လိုရောင်းဝယ်ရမယ်ဆိုတာကိုသေချာ လေ့လာကြည့်သင့်ပါတယ်။

လယ်မြေ၊ လယ်ယာမြေတွေအရောင်းအ၀ယ်လုပ်တဲ့အခါမှာ အရပ်စာချုပ်နဲ့တင်မပြီးဘဲဘယ်လိုစာရွက်စာတမ်းတွေကအခြေခံကျပြီးမဖြစ်မနေပါဖို့လိုအပ်တယ်ဆိုတာ သိထားရမယ်လို့အတွေ့အကြုံရှိတဲ့အိမ်မြေအကျိုးဆောင်တွေကပြောပါတယ်။

အဲဒီအတွက်သက်ဆိုင်ရာမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ လယ်ယာမြေလုပ်ပိုင် ခွင့်ပြု လက်မှတ်ဖြစ်တဲ့ ပုံစံ(၇)၊
ပြီးတော့ ပုံစံ(၁၀၅) အတွက် ဘယ်လိုလုပ်ဆောင်ရ မယ်ဆိုတဲ့အချက်တွေဟာ တတ်ကျွမ်းနားလည်သူတွေရဲ့ အကူအညီကိုမဖြစ်မနေ ယူသင့်တဲ့ အချက်တွေလို့ ဆိုပါတယ်။

ဒါမှသာ သက်ဆိုင်ရာမြို့နယ်မြေစာရင်းဦးစီးဌာန၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ စတာ တွေရဲ့ အရေးပါမှုကို နားလည်နိုင်ပြီး နောက် ပိုင်းမှာ လုပ်ထုံးလုပ်နည်းကို သိရှိလုပ်ကိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

အိမ်ခြံမြေအရောင်းအ၀ယ်လုပ်ငန်းဟာအကျိုးအမြတ်ကောင်းကောင်းရနိုင်တဲ့နည်းတူပိုင်ဆိုင်မှုအရှုပ်အရှင်းများတတ်တာဟာမကြာခဏကြားရလေ့ရှိတဲ့ အကြောင်း အရာတစ်ခုပါ။

ပိုင်ဆိုင်မှုခိုင်မာဖို့ လမ်းကြောင်းမှန်ဟာ နားလည်ရင်တော့
ကိုယ့်အတွက် မလွဲနိုင်တဲ့အကျိုးအမြတ်ဖြစ်နိုင်ကြောင်း အကျိုးဆောင်တချို့က ပြောပါတယ်။

Credit : The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service