အထည်ကြီးပျက် မြန်မာအိမ်ခြံမြေဈေးကွက်……………….

အထည်ကြီးပျက် မြန်မာအိမ်ခြံမြေဈေးကွက်………………. - Property Knowledge in Myanmar from iMyanmarHouse.com
3 Mar 2016 12:58 pm တွင် တင်ခဲ့သည်
1490 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

တစ်ဦးချင်းဝင်ငွေနည်းပါးနေခြင်း

မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်တွင် အိမ်ခြံမြေဈေးနှုန်းများမှာ လက်ရှိအချိန်တွင် အမေရိကတိုက်တွင် ဈေးနှုန်း ကြီးမြင့်ပါသည် ဆိုသည့် မြေဈေးနှုန်းထက်ကြီးမြင့်နေသည်ကို တွေ့နေရပြီဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံ၏ စက်မှုဇုန်မြေဈေးနှုန်းသည် ကမ္ဘာ့ ပေါ့ဘုရင်ဖြစ်သော မိုက်ကယ်ဂျက်ဆင်၏ နေအိမ်ကိုလေလံတင်ထားသည့် ဈေးနှုန်းထက်ပင်မြင့်မားနေသည်ကို တွေ့လာရသည်။

မြန်မာနိုင်ငံ၏ လူတစ်ဦးခြင်း ဝင်ငွေမှာ အာဆီယံဒေသ အတွင်းမှာပင် နည်းပါးသည့် စာရင်းဝင်နိုင်ငံတစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံ အိမ်ခြံမြေဈေးနှုန်းတွင်မှု အာဆီယံဒေသတွင် မကဘဲ ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံများထက်ပင် သာလွန်နေသည်။ ယင်းမှာ နိုင်ငံတော်၏ဝင်ငွေ နှင့် ထွက်ငွေမကာမိသည်ကို မီးမှောင်းထိုးပြနေခြင်းပင်ဖြစ်သည်။ အဆိုပါ ပြဿနာမှာ နိုင်ငံတော်အဆင့် ဖြစ်သည့်အတွက် မြန်မာနိုင်ငံ သားတိုင်းလည်း ယင်းပြဿနာကို ကြုံတွေ့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အိမ်ခြံ မြေကို နိုင်ငံသားတို့မှာ ဝယ်ယူနိုင်သည့် အနေအထားမျိုးမရှိလျှင် အိမ်ခြံမြေဈေးနှုန်းမြင့်မားနေခြင်းသာရှိပြီး အဝယ်ရှိမည် မဟုတ်ပေ။ နိုင်ငံစီးပွားရေးမှ မဖွံ့ဖြိုးသေးသည့်အတွက် နိုင်ငံအတွင်းလူတစ်ဦးချင်းဝင်ငွေမှာလည်း နည်းပါးနေဦးမည်ဖြစ်ကာ ဝင်ငွေအနည်းငယ်ဖြင့် မြင့်တက်သော အိမ်ခြံမြေဈေးကွက် နိုင်ငံသားတို့ ဝယ်ယူနိုင် ခြင်းမရှိတော့လျှင် ယင်းမှာ ဈေးကွက်ပျက်ကိန်းပင်ဖြစ်သည်။

နိုင်ငံပိုင် သယံဇာတကို နိုင်ငံသားတို့ပိုင်ဆိုင်အသုံးပြုခွင့်မရှိခြင်း

Resources ပစ္စည်းတို့သည် ပြည်တွင်းဈေးကွက်ကို အားကိုးယုံမလုံလောက်လာပါက ပြည်ပဈေးကွက်ကိုပါ အားကိုးလာကြသည့်သဘောလည်းရှိသည်။ ယင်းနည်းတူး မြန်မာနိုင်ငံအိမ်ခြံမြေတို့မှာလည်း နိုင်ငံပိုင် သယံ ဇာတတစ်မျိုးဖြစ်သည့်အတွက် ပြည်တွင်း၏ အိမ်ခြံမြေဝယ်လိုအားဈေးကွက်လျော့နည်းလာပါက ပြည်ပ ဝယ်လိုအားကို မှီတည်းရမည်လည်းဖြစ်သည်။
ယင်းသို့ဖြစ်လာပါက နိုင်ငံသားတို့သည် နိုင်ငံထွက် သယံဇာတ ကို ပိုင်ဆိုင်ခွင့်၊ အသုံးပြုခွင့် မရရှိတော့ပေ။ ထို့နောက် နိုင်ငံသားမှာ အိမ်ငှားဘဝနှင့် နေရမည်ဖြစ်ကာ ပြည်ပရင်း နှီးမြှုပ်နှံသူများမှာ အိုးပိုင်၊ အိမ်ပိုင်များဖြစ်နေပေလိမ့်မည်။ ထို့အတွက် လက်ရှိ မြန်မာနိုင်ငံအိမ်ခြံမြေဈေးနှုန်း မြင့်တက်နေခြင်းသည် နိုင်ငံနှင့် နိုင်ငံသားတို့၏လားရာအတွက် အပေါင်းလက္ခဏာဆောင်သည့် အရာမျိုးအ နည်းငယ်မျှ ပါဝင်နေခြင်းမရှိပေ။ ယင်းကြောင့် တစ်နည်းအားဖြင့်ကြည့်လျှင် မြန်မာနိုင်ငံအိမ်ခြံမြေ ဈေးနှုန်းမြင့် တက်နေသော်လည်း နိုင်ငံသားတို့ဝယ်ယူနိုင်ရန်အတွက်မဟုတ်ဘဲ မရေရာသော နိုင်ငံခြင်းရင်းနှီးမြှုပ်နှံမှုကို စောင့်မျှော်နေကြခြင်းပင်ဖြစ်သည်။

နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ နည်းပါးနေခြင်း

လက်ရှိ မြန်မာနိုင်ငံသည် နိုင်ငံရေးအုပ်ချုပ်မှုစနစ်ပြောင်းလဲမှုစတင်သည့်အချိန်ဖြစ်နေသည့်အပြင် ရွေးကောက် ပွဲကျင်းပရန် အချိန်နီးကပ်နေသည့်အတွက် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းများသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှ ဝင်ရောက်လုပ်ကိုင်မှု နည်းပါးလျက်ရှိသည်။ ထို့အတွက် ယခုအချိန်သည် ပြည်တွင်း အိမ်ခြံမြေဈေးကွက် သည်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမရှိသေးချေ။ အခြားသော အကြောင်းရာတစ်ခုမှာ နိုင်ငံရေး မတည်ငြိမ်သေးသည့်အပြင် မြန်မာနိုင်ငံအိမ်ခြံမြေဈေးနှုန်းများသည် အခြားဖွံ့ဖြိုးပြီးနိုင်ငံများထက် ပိုမိုမြင့်တက် နေသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံသူများပင် မြန်မာနိုင်ငံ အိမ်ခြံမြေဈေးနှုန်းများကြောင့် မြန်မာနိုင်ငံအိမ်ခြံမြေ ဈေးကွက်တွင် များစွာရင်းနှီးမြှုပ်နှံလိုခြင်းမရှိကြချေ။ ယင်းကြောင့် လက်ရှိအချိန်သည် ပြည်တွင်းအိမ်ခြံမြေဈေး ကွက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမဝင်ရောက်သည့်အတွက် ပြည်ပဝယ်လက်မျှော်ကိုး၍ မရပေ။

အထည်ကြီးပျက်ဖြစ်လာသည့် မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်

လက်ရှိ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်သည် ဝယ်လက်လုံးဝမရှိသေးသည့် ဈေးကွက်မျိုးဖြစ်သည်။ အပေါ်တွင် ဖော်ပြခဲ့သလို နိုင်ငံ၏တစ်ဦးချင်းဝင်ငွေနည်းပါးနေသည့်အပြင် နိုင်ငံစီးပွားရေးမှာလည်း ထင်သလောက် မဖွံ့ဖြိုး သေးသည့်အတွက် မြင့်တက်နေသည့် အိမ်ခြံမြေဈေးကွက်ကို မြန်မာနိုင်ငံသားတို့ ပါဝင်ဆင်နွှဲဖို့ဆိုတာ ပို၍ပင် ခက်ခဲလာခဲ့သည်။ ထိုနည်းအတူ ပြည်တွင်းအိမ်ခြံမြေဈေးကွက်သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုတာသည် လက်ရှိ နိုင်ငံရေးအနေအထားအရ ရွှေ့ပြောင်းနေထိုင်လာသည့် နိုင်ငံခြားသားမှ လွဲ၍ကျန်နိုင်ငံခြားသားတို့မှာ ဝယ်ယူ ခြင်းမပြုကြပေ။ အကယ်၍ အဆောက်အအုံ၊ မြေနေရာလိုအပ်လာပါလည်း ငှားရမ်းအသုံးပြုလိုက်သည်က များ သည်။ ယင်းကြောင့်လည်း လက်ရှိ ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်အတွင်း အဝယ်ထက် အငှားဈေးကွက် ပိုမိုသွက်လျက်ရှိသည်။ ထို့အတွက် လက်ရှိမြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်သည် ပြည်တွင်းဝယ်လက်လည်း ပျောက်နေသလို ပြည်ပဝယ်လက်လည်း ဝင်မလာသည့်အတွက် ဝယ်လက်ပျောက်ဈေးကွက်သာဖြစ်နေသည်။ သို့သော်လည်း အိမ်ခြံမြေ ဈေးကစားသူတို့မှ တစ်ဦးမှတစ်ဦးသို့လွှဲပြောင်းသည့် နည်းဖြင့် ရောင်းမထွက် သော်လည်း ဈေးကို မြှင့်တင်နေကြသည်။ ထို့အတွက် လက်ရှိမြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်မှာ အထည်ကြီးပျက်ကဲ့သို့ ဝယ်လက် မရှိ ဈေးမြင့်တက်နေပေသည်။ ထို့အတွက် မြန်မာနိုင်ငံအိမ်ခြံ မြေဈေးကွက် သည် ပျက်သွားခြင်းမရှိသော်လည်း အထည်ကြီးပျက်ဆန်ဆန်ဖြစ်နေပေသည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service