ဗဟုသုတ | Posted by ရွှေစင်ဝင်း
(၁) ဒီနေ့ လေးလေးခင်နှင့် ထွန်းထွန်းအေး တို့ မောင်နှမနှစ်ယောက်ကျောင်းသွားကြ သည်။ အိမ်နဲ့ ကျောင်းမဝေးလှပါ။ ထို့ ကြောင့် သူတို့လမ်းလျှောက်သွားကြသည်။ မောင်လေးထွန်းထွန်းအေးက သကြားလုံး စားသည်။ ပြီးတော့ အခွံကို လမ်းပေါ်ပစ် ချလိုက်သည်။ အစ်မဖြစ်သူလေးလေးခင် သည် မောင်လေးကို ငေါက်လေတော့သည်။
မောင်လေးဘာလို့ လမ်းပေါ် အမှိုက် တွေ ချနေရတာလဲ
ဒီနေရာမှာ အမှိုက်ပုံးမှ မရှိတာ
ဒါဆိုရင် အမှိုက်ပုံးရှိတဲ့နေရာရောက် မှချပေါ့။ ဒီအမှိုက်လေးတစ်စဟာ အရေး ကြီးတယ်ကွဲ့
အစ်မကလဲ၊ ဒီသကြားလုံးအခွံလေး တစ်ခုပစ်တာပဲ၊ ဘယ်လောက်ကြီးကျယ်တာ မှ မဟုတ်တာ
တကယ်တော့ မောင်လေးပစ်တဲ့ အမှိုက်ဟာ ကြီးကျယ်တာတွေဖြစ်လာနိုင် တယ်။ မြန်မာစကားပုံရှိတယ်။ အမှိုက်ကအစ ပြသာဒ် မီးလောင်တဲ့၊ ပျားတစ်စက်ကြောင့် ပြည်ပျက်နိုင်သတဲ့
ဒါတွေက စကားတွေပါ အစ်မရယ်၊ တော်ကြာအမှိုက်ကို လာသိမ်းတဲ့ သူက သိမ်းသွားမှာပါ
အင်းမောင်လေးဟာ နိုင်ငံကြီးသား မပီသတဲ့ စကားတွေကို ပြောနေပါလား
အစ်မရာ နိုင်ငံကြီးတွေမှာ အမှိုက် သိမ်းတဲ့စနစ်တွေ အင်မတန်ကောင်းတယ်။ သူတို့ဆီမှာ အမှိုက်တစ်စမရှိဘူး””
မင်းဘယ်မှာတွေ့လဲ
ကျွန်တော်ရုပ်ရှင်ထဲမှာ တွေ့ရတယ်၊ လူဆိုးဟာ အမှိုက်ကားထဲကျသွားတာ အမှိုက်ကို ချေတဲ့စက်ကားထဲရှိတယ်၊ လူ ဆိုးကိုပါ ရောချေလိုက်တယ်
အင်း မင်းအမြင်တွေ မှားနေပြီ၊ ညနေကျမှ အဖေတို့ကို ပြောပြမယ်
အစ်မတိုင်လည်း ကျွန်တော်မကြောက် ပါဘူး။ သကြားလုံးအခွံလေးပစ်တာပဲ
အစ်မကတိုင်တာ မဟုတ်ပါဘူး။ ဖေကြီးတို့က ဘာတွေပြောမလဲ နားထောင် ကြည့်တာပေါ့
မောင်နှမကျောင်းဝင်းထဲကိုရောက် တော့ ကျောင်းခေါင်းလောင်းထိုးနေပြီဖြစ် သည်။ မောင်လေးထွန်းထွန်းအေးက ၅ တန်း တန်းခွဲ (က) ထဲဝင်သွားသည်။ အစ်မလေးလေးခင်က ၇ တန်း အထူးခန်း ထဲဝင်သည်။
(၂)
ညနေအိမ်ပြန်ရောက်တော့ မောင်နှမ နှစ်ယောက် ရေမိုးချိုးကြသည်။ ပြီးတော့ မေမေကြီးက သူတို့ကို ထမင်းကျွေးသည်။
““ဖေကြီးပြန်မလာသေးဘူးလား””
““ဒီနေ့ အိုဗာတိုင်ရှိတယ်တဲ့၊ ရုံးဆင်း နောက်ကျမယ်””
စားသောက်ပြီးနောက် သူတို့စာကျက် ဖို့ ပြင်ဆင်ကြသည်။ ၇ နာရီထိုးမှ အဖေ ကြီးပြန်လာသည်။
ထွန်းထွန်းအေးက ဖေကြီးကို ဆီးကြို သည်။ အစ်မလေးလေးခင်မပြောခင် ဖေကြီးကို သူပြောဖို့ ကြံစည်ထားသော ကြောင့်ဖြစ်သည်။
““ဖေကြီးကို ပြောစရာရှိတယ်””
““နောက်မှပြော၊ သားအဖေမောလာ တယ်။ ရေမိုးချိုး ထမင်းစားပါစေဦး”” မေကြီးက သားကို ဟန့်လိုက်သည်။
ဖေကြီး ထမင်းစားပြီးတော့ အိမ်ရှေ့ ခန်းတွင် ထိုင်သည်။ ရေနွေးကြမ်းသောက် သည်။ သူတို့မောင်နှမနှစ်ယောက်သည် အနားတွင် လာပြီး ဖေကြီးပေးသော ထန်း လျက်ခဲတစ်ခဲစီစားကြသည်။ ထွန်းထွန်းအေး က စပြောသည်။
““ဖေကြီး၊ သားမနက်ကျောင်းသွား တော့ သကြားလုံးစားတယ်။ အဲဒါအမှိုက် လမ်းပေါ် ပစ်တယ်ဆိုပြီး မမလေးက ဆူ တယ်””
““မလေး၊ မောင်လေးကို မဆူပါနဲ့””
““သမီးက အကျိုးအကြောင်းပြောတာ ပါ””
““မင်းကရောဘာလို့ ပစ်တာလဲ””
““အဲဒီလမ်းမှာ အမှိုက်ပုံးမှ မရှိတာပဲ၊ ပြီးတော့ ဒီအမှိုက်တစ်စဟာ ဘာမှဖြစ်မှာ မဟုတ်တာပဲ””
ဖေကြီးက ပြုံးနေသည်။
““အေးကွ တို့ငယ်ငယ်က ဒီလိုထင်ခဲ့ တာပဲ၊ ခုတော့ လူဦးရေက တဖြည်းဖြည်း များလာပြီကွ၊ ကမ္ဘမှာ လူသန်း ၇ ထောင် ကျော်ရှိတယ်။ လူတိုင်းအမှိုက်တစ်စစီ လမ်းပေါ်ပစ်ချရင် လမ်းတွေပေါ် အမှိုက်တွေ ပြည့်သွားမှာပေါ့””
““ဒါတော့ ဖေကြီးကပ်သီးကပ်သတ် ပြောတာပဲ၊ သားအမှိုက်တစ်စပစ်တာ ဘာမှ အရေးမပါပါဘူး။ အမှိုက်ခွန်ဆိုပြီး သားတို့ပေးနေတာပဲ မဟုတ်လား၊ စည်ပင် က အမြဲအမှိုက်တွေ သိမ်းနေတာပဲ””
(၃)
ဖေကြီးသည် သားကိုကြည့်ကာ ပြုံး နေသည်။ သားလေး၏ တကယ့်ကို အပြစ်မဲ့သည့် ပုံစံကလေးကို မြင်နေသည်။ သူဘာလုပ်မိသည်ကို သူသိဟန်မတူပါ။ သူ့အတွေးတွေက မမှန်သေးပါ။ သူစိတ်ကူး တတ်တွေးတတ်တာကိုတော့ အားပေးရပါ မည်။ သို့သော် သူ့စိတ်ကူးများထဲတွင် အနှစ်အသားကို ထည့်ပေးရပါမည်။
မှန်သည့်လမ်းပေါ် ရောက်အောင်လည်း တည့်ပေးရပါမည်။ အထူးသဖြင့် အတွေးများ မှ အလေ့အထဖြစ်လာမည်။ 7-habbits စာအုပ်ထဲမှာ စာရေးသူ စတီဗင်ကိုဗေး ပြောထားသည်ကို သားလေးနှင့် ဆွေးနွေး ရပါမည်။ စတီဗင်ကိုဗေးပြောထားသည့် အချက်လေးချက်အဆင့်လေးဆင့်ကို သူ သတိရနေသည်။
အတွေးစိုက်ပျိုးပါ အလုပ်ကိုရိတ်သိမ်း ရမှာပါ။ ( Snow a thought, reap an action )
အလုပ်စိုက်ပျိုးပါ အလေ့အကျင့်ကို ရိတ် သိမ်းရမှာပါ။( Sow a action reap a habit )
အလေ့အကျင့် စိုက်ပျိုးပါ အရည်အသွေး ရှိတဲ့ အကျင့်စရိုက်ကို ရိတ်သိမ်းရမှာပါ။ ( Sow a habit, reap a character )
အရည်အသွေးရှိတဲ့ အကျင့်စရိုက် စိုက်ပျိုးပါ ပန်းတိုင်ကို ရိတ်သိမ်းရမယ် ( Sow a character, reap a destiny )
ဤအဆင့်လေးဆင့်သည် အကျင့် စရိုက်၊ အလေ့အထတို့နှင့် ဆက်နွယ်လျက် ရှိသည်။ တစ်ဖက်ကလည်း သားလေး စိတ်ထိခိုက်သွားမှာကို စိုးရိမ်မိသည်။ သားလေး သူတွေးသည်ကို သဘောကျပါ သည်။ သို့သော် ထိုအတွေးများကို မှန် စေချင်တယ်။ တွေးတတ်သော အလေ့အထ သည် အစွဲအလန်းဖြစ်သော ( mind-set ) ကို ဖြစ်စေသည်။ သားလေးကို မှန်ကန် သော အလေ့အထကို ရစေချင်သည်။
(၄)
““သားပြောတာမှန်တယ်။ သားအမှိုက် တစ်စပစ်တာ ဘာမှအရေးမပါပါဘူး။ အမှိုက်ခွန်ဆိုပြီး အဖေတို့ စည်ပင်ခွန်ဆို တာ ပေးထားပါတယ်။ စည်ပင်ကလည်း အမြဲအမှိုက်တွေ သိမ်းနေပါတယ်။ ဒါပေမဲ့ အမြဲတော့ သိမ်းတာမဟုတ်ဘူး။ ကြားထဲမှာ လေလွင့်ညစ်ပေတာတွေရှိမှာပဲ။ အဖေတို့ လမ်းထဲမှာဆို စည်ပင်က တစ်နေ့တစ်ခါပဲ အမှိုက်သိမ်းတယ်လေ။ နံနက်စောစော လှဲကျင်းတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပါပဲ””
““ဟုတ်ကဲ့””
““လူတွေက တစ်နေ့လုံးသွားလာလှုပ် ရှားတဲ့အခါ တစ်ယောက်အမှိုက်တစ်စပဲ ပစ်ရင်တောင် လမ်းတွေမှာ ညစ်ပေနေမှာ ပဲ၊ ဒီအမှိုက်လေးတွေကိုကြွက်တွေဆွဲ မယ်။ ယင်တွေပေါက်တဲ့နေရာတွေဖြစ်လာ မယ်။ ရေမြောင်းတွေပိတ်ရင် ခြင်တွေပေါက် လာမှာပဲ””
သားစဉ်းစားနေသည်။
““ရန်ကုန်လိုမြို့တွေမှာ ဒီလိုဖြစ်တာ သားတွေ့မှာပါ။ အမှိုက်တွေရှိနေတော့ လူတွေရောဂါရစေတာပဲကွ၊ သားက အမှိုက်တွေ မပစ်တော့ဘူးဆိုရင် သန့်ရှင်း ပြီး ရောဂါကင်းမှာပေါ့။ ဒါကြောင့် ခုအခါ အမှိုက်လိုက်ကောက်တာကို လူမှုရေးနဲ့ နိုင်ငံရေးအသင်းအဖွဲ့တွေက ဆောင်ရွက် နေကြတာပေါ့””
““ဒါက လူတိုင်းလုပ်ရမှာပေါ့နော်””
““လူတိုင်းလုပ်ရမှာကွ၊ နိုင်ငံတကာမှာ သန့်လို့ တို့လိုက်သန့်အောင် လုပ်တာ မဟုတ်ဘူး၊ တို့တစ်တွေရဲ့ ကျန်းမာရေးဟာ ဒီအမှိုက်တစ်စနဲ့ ဆိုင်တယ်။ သားတို့ကျောင်း မှာ ဆောင်ပုဒ်တွေ မရှိဘူးလား””
““အမှိုက်ကင်းစင် တို့ကျောင်းတစ်ခွင် ဆိုတာ ရှိတယ်ဖေဖေ”” သမီးလေးလေးခင်က ၀င်ပြောပါသည်။
(၅)
အမှိုက်နှင့်ပတ်သက်ပြီး လူလေးမျိုး တွေ့ရပေမည်။
အမှိုက်ကောက်သူ
အမှိုက်ပစ်သူ
အမှိုက်ကောက်သူကို အပြစ်ပြောသူ
အမှိုက်ကောက်သူကို ချီးမွမ်းသူ
ဟူ၍ဖြစ်သည်။
ကဲ့ရဲ့သူများ ချီးမွမ်းသူများဘယ်လို ရှိရှိ အမှိုက်ကတော့ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေသည်။ အရုပ်ဆိုးအကျည်းတန် စေပါသည်။ အမှိုက်နှင့်ပတ်သက်၍ ဆွေး နွေးလိုပါသေးသည်။ ၊
ဒေါက်တာခင်မောင်ညို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com