ဦးတိုက်နေတဲ့ ဆိုးကျိုးများ

ဦးတိုက်နေတဲ့ ဆိုးကျိုးများ - Property Knowledge in Myanmar from iMyanmarHouse.com
3 Mar 2016 11:54 am တွင် တင်ခဲ့သည်
13765 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

မြန်မာအိမ်တွေနဲ့ပတ်သက်တဲ့ ရိုးရာအစွဲအလမ်းတွေက တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းကြယ်ပါတယ် ၊ အဲဒီအထဲမှာ အခုပြောခဲ့တဲ့ ရေအိုးစင်တည် ခင်းခြင်းကလည်း တစ်ခုအပါအ၀င်ပါ။ ဘယ်လိုအနေအထားမျိုးမှာ ရေအိုးစင်တည်ခင်းရသလဲဆိုတော့ ဆောက်ထားတဲ့အိမ်ဟာ လှေဦးတိုက်၊ လှည်းဦးတိုက် အနေအထားမျိုး ကြုံနေရင် တည်ခင်းရတာဖြစ် ပါတယ်။ လှေဦးတိုက်၊ လှည်းဦးတိုက် ဆိုတာက ကိုယ့်အိမ်ရှေ့ဥပစာဟာ ရေကြောင်းလမ်း၊ ကုန်းကြောင်းလမ်း တစ်ခုခုရဲ့ ဦးတည်ရာမှာ ကျရောက်နေခြင်းကို ခေါ်ပါတယ်။ များသောအားဖြင့် ချောင်းကွေ့၊ မြစ်ကွေ့၊ လမ်းကွေ့ စသဖြင့် တစ်ဆစ်ချိုးကွေ့နေရာမျိုးမှာ ဆောက်ထားတဲ့အိမ်တွေဟာ လှေဦးတိုက်၊ လှည်းဦးတိုက် အနေအထားမျိုးနဲ့ မလွှဲသာမရှောင်သာ ရင်ဆိုင်ရလေ့ရှိပါတယ်။

အကြောင်းအရာအပေါ် အခြေပြုပြီး ဆက်ပြောရရင် ခေါင်းစဉ်တွေပါပြောင်းပြီး ကျယ်ဝန်းရှုပ်ထွေးသွားမှာမို့လို့ ရေငုံနေလိုက်ပေမဲ့ စိတ်ထဲမှာတော့ အဲဒီရေအိုးစင်နဲ့ပတ်သက်တဲ့ အတွေးတွေက မီးပြင်းပြင်းနဲ့ တည်ထားတဲ့ နွားနို့အိုး ပွက်သလို ဆူဝေအုံကြွလို့နေပါတယ်။
တစ်နေ့ သူငယ်ချင်းတွေ စုပြီး ဆိုင်တစ်ဆိုင်မှာ ညစာစားပြီးကာမှ ကားတစ်စီးစုငှါး တစ်အိမ်ချင်းပြန်ပို့ကြရပါတယ်။ တောင်ဥက္ကလာမြို့နယ်ထဲက သူငယ်ချင်းမိန်းကလေးတစ်ယောက်ကို လိုက်ပို့တော့ သူ့အိမ်နားအရောက်"ဟိုရှေ့က ရေအိုးစင်လေးနဲ့အိမ်" ဆိုတဲ့ ညွှန်ပြမှုအဆုံးမှာ သူ့ခြံတံခါးဝရှေ့ ကားလေးက အစွင့်သားထိုးရပ်။

နှုတ်ဆက်စကား အပြန်အလှန်ပြောအပြီး ကားဆက်ထွက်လာတော့ ကားထဲမှာအတူပါလာတဲ့ သူငယ်ချင်းတစ်ယောက်က"ရေအိုးစင်တည်ထားတဲ့ရည်ရွယ်ချက်က ကောင်းပေမဲ့ ရေအိုးစင်မှာ ရေအိုးမရှိဘဲ မြက်တွေပေါက်နေတာကြီးကတော့ အရုပ်ဆိုးလွန်းတယ်ကွာ" လို့ ဝေဖန်မိသွားပါတယ်။ ရေအိုးစင်တည်ခင်းတယ် ဆိုတာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးရဲ့ ဓလေ့ထုံးစံမှာမှမရှိ တဲ့၊ မြန်မာနိုင်ငံတစ်ခုတည်းမှာပဲရှိတဲ့ မွန်မြတ်လှတဲ့ ကုသိုလ်ပြုအထိမ်းအမှတ် ဖြစ်ပါတယ်။

ဒီနေရာကိုဖြတ်သန်းသွားလာတဲ့ ခရီးသွားတွေ၊ လမ်းသွားလမ်းလာတွေ အမောအပန်းပြေ ပါစေတော့ဆိုတဲ့ စေတနာစေတသိက် ရှေ့ထားပြီး ရေအေးဒါနပြုတဲ့ အစဉ်အလာဟာ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့ရဲ့ စင်ကြယ်မြင့်မြတ်တဲ့ပုံရိပ်အဖြစ် နှစ်ပေါင်းရာနဲ့ချီ တည်တံ့လာခဲ့တာလည်း အားလုံးအသိပါ။ ရေအကျိုး ၁၀ ပါး မတောင်းဘဲနဲ့ပြည့်တယ်ဆိုတဲ့ အကျိုးသွားကလည်း ရေအလှူပြုသူတို့အတွက် လောကီ-လောကုတ် ကုသိုလ်ထုပ်တစ်ရပ်အနေနဲ့ စွမ်းအားရှိလှပါတယ်။

ဒါပေမဲ့ သူငယ်ချင်းအိမ်ရှေ့မှာတည်ခင်းပေး ထားတဲ့ ရေအိုးစင်ကတော့ စေတနာသဒ္ဓါတရား ရှေ့ထားပြီးတည်တာထက် အဆိုးအညံ့တွေ ကင်းစင်းစင်လွင့်ပျောက်စေဖို့ကိုသာ အာသီသထားပြီး မလုပ်ချင်လုပ်ချင်လုပ်လိုက်ရတဲ့ ကုသိုလ်အယောင်ပြ ယတြာအစီအရင်တစ်မျိုးသာဖြစ်နေတယ်ဆိုတာ စိတ်မကောင်းစွာလက်ခံလိုက်ရတဲ့အကြောင်း တခြားသူငယ်ချင်းတွေကိုပြောမပြဖြစ်အောင် စိတ်ပြဋ္ဌာန်းမှုခိုင်ခိုင်မာမာ ချမှတ်ခဲ့ရပါတယ်။

တစ်ခါတလေကျတော့လည်း ကိုယ်က ဗျူဟာကျကျယူ ထားတဲ့နေရာ ဖြစ်ပါလျက်နဲ့ လူနေထူထပ်ပြီး အိမ်ခြေသိပ်သည်းလာတဲ့အခါ လမ်းသစ်တွေ ပြောင်း လဲဖောက်လုပ်တဲ့အတွက် ကိုယ့်အိမ်က လှေဦးတိုက်၊ လှည်းဦးတိုက် နေရာ ရောက်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ဒီလိုအနေအထားဟာ အိမ်အတွက် မကောင်းဘူး ဆိုတဲ့အယူအဆ ဘယ်တုန်းက သန္ဓေစတည် ခဲ့သလဲဆိုတာကတော့ တိတိကျကျသုတေသနပြုထားတာ မရှိသေးပါဘူး။ ဒါပေမဲ့ အစဉ်အဆက် လိုက်နာဆောင်ရွက်ခဲတဲ့အထောက်အထားတွေအရတော့ မြန်မာဘုရင်တွေလက်ထက်ကတည်းက ဒီအယူတွေရှိနေခဲ့တယ်ဆိုတာ တွေ့ရပါတယ်။

အဲဒီလို လမ်းဦးတိုက်အနေအထားမှာရှိနေတဲ့အိမ်ဟာ စီးပွားတိုးတက်မှုမရှိဘဲ အလုပ်အကိုင်အကြံ အစည်တွေ နှောင့်နှေးဆုတ်ယုတ်မယ်၊ စီးပွားကျမယ်၊ မိသားစုဝင်တွေ ကျန်းမာရေးညံ့မယ်၊ အထိအခိုက်အရှအနာ များမယ်၊ မိသားစုဝင်ချင်း အငြင်းပွားတာတွေ၊ အချင်းများတာတွေ မကြာခဏဖြစ်ပြီး အိမ်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲမယ်။ ဒီလိုဆိုးကျိုးမျိုးတွေကြုံတွေ့ရတတ်တယ်ဆိုတဲ့အစွဲက လမ်းဦးတိုက်အိမ်တွေအပေါ် သက်ရောက်နေတဲ့အတွက် များသောအားဖြင့် ဒီလိုအိမ်မျိုးကို ရှောင်ကြလေ့ရှိပါတယ်။

ဒါပေမဲ့လည်း ဘ၀တွေဆိုတာက အားလုံး တစ်ပြေးညီချည်းရှိနေတာမှ မဟုတ်တာကလား။ လူတိုင်းသာ နေရာကောင်းတွေရွေးချယ်နိုင်တဲ့အနေအထားရှိရင် အဆိုးအညံ့တွေ သက်သာလျော့ပါးစေ တဲ့အစီအရင်ဆိုတာတွေလည်း ပေါ်လာမှာမဟုတ်တော့ဘူးလေ။ ရှိတဲ့နေရာမှာ ပေးလာတဲ့အခြေအနေအတိုင်း လိုက်လျောညီထွေနေနိုင်မှ လူ့အဖွဲ့အစည်းထဲဝင်ဆံ့မယ့် လောကနိယာမအတိုင်း လမ်းဦးတိုက်နေရာမှာအိမ်ဆောက်နေရဖို့ အကြောင်းဖန်လာသူတွေအတွက် စိတ်သက်သာရာသက်သာကြောင်း ဖန်တီးပေးနိုင်တဲ့ အစီအရင်တွေက ကန္တာရထဲကအိုအေစစ်လို စွမ်းအားမြင့်လာခဲ့တယ်။ အဲဒီအစီအရင်တွေကပဲ လူတွေရဲ့စိတ်ကို ယုံကြည်မှုတွေတိုးမြင့်စေခဲ့တယ်။
မြစ်ချောင်းအတိုင်းဝင်ရောက်လာတဲ့ လှေကြီးလှေငယ်တွေ၊ ကုန်းလမ်းအတိုင်းမောင်းနှင်လာတဲ့ လှည်းကြီးလှည်းငယ်တွေရဲ့ ဦးတည်ရာဟာ ကိုယ်နေတဲ့အိမ် မျက်နှာစာကို ရှေးရှုနေ တာမျိုးနဲ့ပတ်သက်လို့ မြန်မာတွေက ကောင်းတယ်လို့မတွေးကြပါဘူး။

အိမ်မျက်နှာစာကို ယာဉ်တစ်ခုခု ရေးရှုဦးတည်လာခြင်းဟာ ကိုယ့်ဥပစာကို မကောင်းတဲ့ကံကြမ္မာတွေ ဦးတည်ဆောင်ကြဉ်းလာတယ်လို့ ယူမှတ်ကြလေ့ရှိပါတယ်။ နေရာသစ်တစ်ခုမှာစတင်အခြေချတဲ့ ဦးဆုံးပုဂ္ဂိုလ်တွေဟာ သွားလမ်းသာ လာလမ်းဖြောင့်တဲ့ အကွက်အကွင်းကောင်းနေရာတွေမှာ ဗျူဟာကျကျနေရာယူကြပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးတွေကျတော့ အိမ်နဲ့ မိသားစုကို ထိခိုက်နိုင်ခြေရှိတဲ့ နေရာမျိုး ရှောင်ရှားနိုင်ဖို့ အခွင့်အလမ်းတွေ မြောက်မြားစွာရှိပါတယ်။ သူ့နောက်မှရောက်လာကြသူတွေကတော့ သူ့လောက်ကံမကောင်းဘဲ ရွေးချယ်ခွင့်နည်းသွားပါတယ်။ ဒါကလည်း လောကရဲ့သဘာဝတစ်ရပ်ဖြစ်နေပါတယ်။

လုပ်ရတဲ့အစီအရင်ဆိုတာကလည်း အထွေအထူးတော့မဟုတ်ပါဘူး။ ကိုယ့်ဆီဦးတည်လာနေတဲ့အရာကို မလာအောင်ရှောင်လွဲလို့ မရနိုင်တဲ့အတူတူ လာနေတဲ့အရာရဲ့ဦးတည်ရာဟာ ကိုယ်မဟုတ်ဘဲ တခြားတစ်ခုဖြစ်တယ်ရယ်လို့ အထင်ရောက်နိုင်တဲ့ ကိုယ်စားပြုအရာတစ်ခု ဖန်တီးအစားထိုးလိုက်ခြင်းပါ။ မိုးကြိုးပစ်ရာ ထန်းလက်နဲ့ကာတယ်ပဲပြောပြော၊ ကျည်ကွယ်မရတောင် မျက်ကွယ်တော့ ရအောင်ရှာတယ်လို့ပဲ ပြောပြော၊ ဓားစာခံဆွဲထည့်တယ်လို့ပဲပြောပြော ဒီ အစားထိုးအရာဝတ္ထုရဲ့ အာနိသင်ကတော့ အစွမ်းထက်လှပါတယ်။

အဲဒီမှာ ဦးတိုက်လာတဲ့ယာဉ်တွေရဲ့ တူရူမှာ အိမ်မျက်နှာစာမဟုတ်ဘဲ အစားထိုးအရာဝတ္ထုမူကွဲတွေ ပေါ်ပေါက်လာပါတော့တယ်။ တချို့ဆရာတွေက ကျားရုပ်ထုခိုင်းပြီး လမ်းဘက်မျက်နှာလှည့်ထားခိုင်းတယ်။ ဦးတည်လာတဲ့ မကောင်းဘေး၊ မကောင်းရန်၊ မကောင်းအန္တရာယ်တွေကို ခုခံတိုက်ဖျက်ဖို့ပေါ့။ ကျားဆိုတာ တောဘုရင်တစ်ပါးဖြစ်တာမို့ ဦးတည်လာတဲ့မကောင်းခြင်းတွေဟာ ကျားကိုမြင်ပြီး ရှောင်ခွာသွားကြမယ်ဆိုတဲ့ ယုံကြည်ချက်ကလည်း တွန်းအားတစ်ရပ်ပါ။ နောက် တစ်ခုက မှန်ထောင်တာပါ။ ဦးတည်လာတဲ့လမ်းဘက်ကို တည့်တည့်လှည့်ပြီး ကြည့်မှန်တစ်ချပ်ထောင် ထားလိုက်ခြင်းဟာ လာနေတဲ့မကောင်းခြင်းတွေ အလင်းပြန်ပြီး လာတဲ့ဦးတည်ဘက် အတိုင်း နောက်ု ပန်လွင့်သွားစေတယ်လို့ ယုံကြည်ကြပါတယ်။

အသုံးအများဆုံးကတော့ ဦးတည်လာတဲ့လမ်းရဲ့ထိပ်၊ ကိုယ့်အိမ်ရှေ့တည့်တည့်မှာ သောက်ရေအိုးစင်လေး တည်ခင်းခြင်းပါ။ ဒီအလုပ်က အကျိုးသက်ရောက် မှု နှစ်ထပ်ကွမ်းရှိပါတယ်။ ကိုယ့်အိမ်ဆီဦးတည်လာနေတဲ့ အဆိုးအညံ့တွေလည်း ပျောက်တယ်၊ လမ်းသွားလမ်းလာတွေ အမောပြေအောင် ရေ လှူရတဲ့အတွက် ဒါနကုသိုလ်လည်းဖြစ်တယ်။ ဒီတိုင်းသာဆို လုပ်ဖြစ်မှာမဟုတ်တဲု့အလုပ်ကို အစီအရင်အဖြစ် မလုပ်လို့မဖြစ်ဘူးဆိုတဲ့အခါကျတော့ ကုသိုလ်ကလည်း မရချင်လို့တောင်မနေတော့ဘူးပေါ့။ ဒါကြောင့်လည်း လှေဦးတိုက်၊ လှည်းဦးတိုက် အိမ်တွေရဲ့ ရှေ့မှာ သဲခင်းစိုမွမွထက် စိမ်းလဲ့တဲ့မြက်ပင်ငယ်တွေကြား ရေအိုးလေးတွေ တွေ့နေရတာ ကာလတောင်တာ ရှည်ကြာခဲ့ပေါ့။

ဒါပေမဲ့လည်း ခုတော့လည်း ဒါတွေဒါတွေ ပြီးခဲ့ပါပြီ လို့ပဲ ပြောရမလားမသိ လမ်းဦးတိုက်အိမ်တွေ ရဲ့တူရူက ရေအိုးစင်လေးတွေ ခြောက်သွေ့အထီးကျန်ခဲ့တာ တစ်စတစ်စတွေ့လာရပါပြီ။ အရင်လိုအစွဲအလမ်းမျိုး မရှိကြတော့လို့ပဲလား၊ အမှုမဲ့အမှတ်မဲ့နဲ့ အမေ့မေ့အလျော့လျော့ဖြစ်ကုန်ကြလို့ပဲလား ယိုင်နဲ့ပြိုကျလု ရေအိုးစင်ယဲ့ယဲ့လေးတွေလည်း ထူမတ်ပြုပြင်သူဝေး၊ ဆောက်တုန်းက အင်္ဂတေသေသေချာချာကိုင်ပြီး အခိုင်အခံ့လုပ်ထားတဲ့ ရေအိုးစင်တွေတောင် ရေအိုးအရှိ၊ ရေခွက်နတ္ထိ၊ မြက်ရိုင်းပင်အတိနဲ့ ခွေးတို့ပျော်ရာ သုနက္ခဘုံရိပ်သာကြီးကိုဖြစ်လို့။ ယုံမှတ်မှုအစွဲအလမ်း သိပ်မထားတာကို ကြိုဆိုလက်ခံပေမဲ့ ရေချမ်းအိုးတွေ ခန်းသွားတာကိုတော့ စိတ်မချမ်းမြေ့ဖြစ်ရပါတယ်။ ဖြစ်နိုင်ရင်တော့ လမ်းဦးတိုက်သည်ဖြစ်စေ၊ မတိုက်သည်ဖြစ်စေ လမ်းထိပ် အိမ်ဦးတည်ရာမှာ ရှိနေတတ်မြဲ ရေအိုးစင်တွေ၊ ရေချမ်းအိုးတွေ ခန်းခြောက်နေတဲ့အဖြစ်မျိုးကို မမြင်တွေ့ချင်တာတော့ အမှန်ပါပဲ။

ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service