သင့်ရဲ့အိမ်ခန်းထဲမှာနေရတာ ကျဉ်းကျုံ့ပြီးမွန်း ကျပ်နေပြီလား။ အခန်းကကျယ်ပါလျှက်နဲ့ ဘာလို့ ကျဉ်းကျယ်တယ်လို့ ခံစားနေရ သလဲဆိုတာကို အဖြေရှာဖို့ စဉ်းစားပါတော့။ ကိုယ်ကပဲ မနေတတ် လို့လား။ ဒါမှမဟုတ် ဘာတွေက အခန်းကိုကျဉ်းစေတာလည်းဆို တာပြန်ကြည့်လိုက်တော့ အခန်းထဲက သင်အသုံးမလိုတဲ့အရာတွေ ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ တကယ်လည်းအသုံးမဝင်၊ ကြည့်လို့ လည်း မကောင်းတဲ့အရာတွေကြောင့် သင့်ရဲ့အခန်းကအခုလိုပဲရှုပ် ပွပြီး ကျဉ်းကျပ်နေရတာပါ။ ဒါဆို အခန်းထဲ ဘယ်လိုအရာတွေ က ရှုပ်နေလည်းဆိုတာ ကြည့်ရ အောင်ပါ။
၁။ နေရာကျဉ်းကျပ်ရတဲ့ အိမ်သာထဲက ဘိုထိုင်အိမ်သာ အဖုံးကို အပေါ်ကအစွပ်နဲ့ အောက်ကခြေနင်းပြားတွေက အမှန်တကယ် ဆို လုံးဝကိုမလိုအပ်ပါဘူး။ လူအညစ်အကြေးစွန့်တဲ့နေရာဆိုပေမယ့် ဒီလောက်ထိ အနုစိတ်ပြီး အလှအပကိုဦးစားပေးစရာမလိုပါဘူး။ အိမ်သာဘေးဘက်နံရံ၊ ကြမ်းခင်းတွေကို ကြွေပြားခင်းပြီး ရေအသုံး ပြုမှုကောင်းကောင်းနဲ့ဆိုရင်ပဲ အဆင်ပြေပြေနဲ့သုံးစွဲလို့ ရနိုင်ပါပြီ။ အဲ့ ဒီ အခင်းတွေကို ဖြုတ်ပစ်လိုက်ပါ။
၂။ စားပွဲတင်ခုံတွေ၊ စင်တွေ၊ ဘောင်ပေါ်တွေ စတဲ့နေရာအနှံ့တွေ မှာ ဓာတ်ပုံတွေနဲ့ မှန်ဘောင်တွေအများကြီးထားစရာမလိုပါဘူး။ တကယ့်ကိုမျက်စိထဲ ကြည့်ရရှုပ်ပါတယ်။ ကိုယ်အလှဆုံးဖြစ်မယ့် ဓာတ်ပုံလေးတွေ၊ မိသားစုအမှတ်တရပုံလေးတွေလောက်ပဲ အပြင် မှာထုတ်ပြီး အလှပြလို့နိုင်ပါတယ်။ ဒီတော့မလိုအပ်တဲ့ ပုံလေးတွေ သိမ်းဆည်းပြီး အခန်းလေးရှင်းလင်းသွားအောင် လုပ်ကြည့်လိုက်ပါ။
၃။ ဟောင်းနွမ်းပြီး ဒီဇိုင်းအောက်နေတဲ့ ခန်းစီးလိုက်ကာတွေကို လဲ လှယ်လိုက်ပါ။ ဖုန်မှုန့်၊ ချေးမှုန့်တွေနဲ့ အရောင်မှေးမှိန်ဖျော့တော့နေ တဲ့ ခန်းစီးတွေက အရမ်းကိုကြည့်ရဆိုးပါတယ်။ အခန်းရဲ့အလှနဲ့ သန့်ရှင်းမှုကိုလည်း ဖျက်ဆီးနေတယ်ဆိုတာ အိမ်ရှင်တွေသိပ်မသိ ကြပဲ ဒီအတိုင်းမလဲလှယ်ပဲ ထားနေကြတာက တကယ်ပဲလှပမှုကို ဖျက်ဆီးနေပြီး လိုက်ကာလှလှလေးနဲ့ လဲလှယ်လိုက်မယ်ဆိုရင် အ ရမ်းကို လှပသွားမှာပဲ ဖြစ်ပါတယ်။
၎။ စားပွဲပေါ်နဲ့ အလှတင်စင်လေးတွေပေါ်မှာ တင်ထားတဲ့ ပန်း ခြောက်တွေ၊ အသက်မရှိတဲ့ ပန်းတုတွေကို ဖယ်ရှားလိုက်ပါ။ အဲ့ ဒီအရာတွေကို အလှဆင်ထား တာထက်စာရင် ဘာမှမရှိတာကို ပိုပြီးတော့ ကြည့်ကောင်းနေပါလိမ့်မယ်။ ခြောက်ခြောက်ကပ်ကပ် နဲ့ အရောင်မွဲနေတဲ့ ပန်းခြောက်တွေမှာ တစ်ခါတစ်ရံများ သုတ်သင်ရှင်း လင်းမှုမရှိလို့ ဖုန်တွေ၊ ပင့်ကူမျှင်တွေ အိမ်ဖွဲ့ကပ်နေတာတွေက အရမ်းပဲညစ်ပတ်ပါတယ်။ ဒီ့အတွက် ဒီပန်းခြောက်တွေကို မထားပါ နဲ့။
၅။ အမှတ်တရပစ္စည်းတွေ၊ ဆုတံဆိပ်တွေ၊ အရုပ်ငယ်လေးတွေကို ထားဖို့ စင်တွေအများကြီးမလုပ်ပါနဲ့။ ဟိုနားတစ်ခု၊ ဒီအနားတစ်ခုနဲ့ တကယ့်ကို ရှုပ်ယှက်ခတ်စေပါတယ်။ တကယ်သိမ်းထားမယ်ဆို လည်း စင်ကြီးကြီးမားမားတစ်ခုပဲ ထားလိုက်ရင်အဆင်ပြေပါပြီ။ ကိုယ်ပိုင်အခန်းငယ်တွေထဲမှာ တချို့တဝက်ကို သိမ်းဆည်းပြီး အိမ်ခန်း၊ ဧည့်ခန်းလိုနေရာမျိုးမှာဆိုရင်တော့ အခြားလှပပြီးခန်းနား တဲ့ ပစ္စည်းလေးတွေ အလှပြသိမ်းဆည်းထားလိုက်ပါ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)