လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းများ

လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
18 Feb 2016 12:23 pm တွင် တင်ခဲ့သည်
4275 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

သင့်ရဲ့အိမ်တစ်လုံးကို အဓိကခြုံငုံပြီးကြည့်လိုက်မယ်ဆိုရင် အမြင်သာဆုံးနဲ့ အသုံးများဆုံး အခန်းကတော့ ဧည့်ခန်းပဲဖြစ်ပါတယ်။ အိမ်တစ်ခုလုံးက ဘယ် လောက်ပဲ လှပနေပါစေ အိမ်ရဲ့အဓိကအရေးပါတဲ့ မျက်နှာစာ ဧည့်ခန်းက လှ ပပြီး သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းမနေဘူးဆိုရင် သင့်အိမ်ကဘယ်လိုမှ လှပနေမှာ မဟုတ်ပါဘူး။ နေအိမ်တစ်အိမ်ရဲ့ အသက်ကအိမ်ရဲ့ဝင်ဝင်ချင်း မျက်နှာဧည့်ခန်းအလှပါပဲ။ တစ်ခါတစ်ရံမှာ ဆိုဖာတွေ၊ ကုလားထိုင်တွေ၊ အလှထိုင်ခုံတွေစတဲ့ ပရိဘောဂတွေ နေရာတကျမ ထားတတ်ခြင်း၊ မလို လားအပ်တဲ့အရာတွေ ပန်းစိုင်း၊ ပန်းခြင်းတွေ၊ ရုပ်မြင်သံကြားဆက်တီခုံတွေ တွေကြောင့် ကျက်သရေဆောင် ဧည့်ခန်းတစ်ခုလုံးကိုရှုပ်ပွသွားစေတတ်ပါ တယ်။

ဒီ့ အတွက်ကြောင့် ဘယ်လိုပရိဘောဂတွေကိုဖယ်ရှားပြီး လှပပြီးအသုံးဝင် တဲ့ အရာလေးတွေကို ဘယ်လိုဒီဇိုင်း ပြင်ဆင်ခြယ်သမှုမျိုးတွေနဲ့ သင့်ရဲ့ဧည့် ခန်းလေးကိုလှပပြီး နေချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားရမလဲဆိုတဲ့နည်း လမ်းလေးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အမွှေးပွပွနဲ့ နူးညံ့အိစက်တဲ့ အလှခေါင်းအုံးလေးတွေကို သင့်ဧည့်ခန်းထဲ ကဆက်တီခုံလေးတွေမှာ လှလှပပပြင်ဆင်ပြီးထားဖို့ အသင့်တော်ဆုံးဖြစ် ပါတယ်။ လှပပြီးအရောင်းအသွေး ဒီဇိုင်းမျိုးစုံရှိတာကြောင့် ပိုပြီးတော့ ရွေး ချယ်ထားရှိနိုင်ပါတယ်။ ဆက်တီခုံနဲ့အလိုက် ဒီဇိုင်းဖော်ပြီးတော့လည်း ထားရှိ နိုင်သလို ကွဲပြားတဲ့ ဒီဇိုင်းခေါင်းအုံးလေးတွေနဲ့လည်း သင့်ဧည့်ခန်းရဲ့ အလှ ကိုပံ့ပိုးပေးနိုင်ပါတယ်။ အိစက်တဲ့ အထိအတွေ့တွေကြောင့် ခေါင်းအောက်၊ ခါးအောက်ပိုင်းတွေမှာ သက်တောင့်သက်သာ အုံးနိုင်မှာပါ။

၂။ သင့်အနေနဲ့ ဧည့်ခန်းထဲမှာ ဆက်တီခုံတွေ အများအပြား မထားချင်ဘူး၊ နောက်ပြီး ဟာလာဟင်းလင်းကြီးလည်း ဖြစ်နေမှာစိုးရင်တော့ ပန်းဆိုင်း မီး ဆိုင်းတွဲလေးတွေ၊ အလှပန်းအိုးလေးတွေနဲ့အလှဆင်နိုင်ပါတယ်။ နံရံတွေ မှာဖြစ်စေ၊ တန်းမြင့်လေးတွေမှာဖြစ်စေ၊ မျက်နှာကျက်မှာဖြစ်စေ ချိတ်ဆွဲပြီး လှလှပပ အလှဆင်နိုင် ပါတယ်။ ဒါပေမဲ့ ဧည့်ခန်းနေရာတစ်ခုလုံးမှာတော့ ပန်းဆိုင်းတွေချည်းနဲ့ပဲ ပြည့်နေတာမျိုးတော့ မလုပ်သင့်ဘူးပေါ့။ တွဲလောင်း တွဲလောင်းနဲ့ မျက်စိရှုပ်စရာကောင်းသွားမှာမို့လို့ပါ။

၃။ ဧည့်ခန်းနေရာအကျယ်အဝန်းအလိုက် ရုပ်မြင်သံကြားစက်ဆက်တီခုံ အပြင် ဆိုဖာခုံနည်းနည်းနဲ့လှပပြီးဒီဇိုင်းဆန်းတဲ့ ကော်ဖီဆက်တီခုံလေးတွေ ထားလိုက်တာက ဧည့်ခန်းအလှရဲ့စိတ် ဝင်စားစရာကောင်းပြီး စွဲဆောင်မှုရှိ စေနိုင်ပါတယ်။ အခန်းအရောင်နဲ့ကွဲပြားတဲ့ ကာလာအရောင်လေးတွေ ဆက် တီခုံလေးတွေဆိုပိုပြီး ကြည့်ရတာဆန်းပြားပါတယ်။

၎။ သပ်သပ်ရပ်ရပ်နဲ့ နေရာအထားမှန်တဲ့ စာအုပ်စင်ကလေးတွေကိုလည်း ဧည့်ခန်းမှာ ထည့်သွင်းလိုက်နိုင်ပါတယ်။ ထောင့်တစ်ထောင့်ဖြစ်စေ၊ နံရံကပ် နေရာတစ်ခုဖြစ်စေ အကောင်းဆုံးနေရာချပေးနိုင်ပါတယ်။ အဆင့်တွေအများ ကြီးမဟုတ်ပဲ အဆင့်နည်းနည်းနဲ့ အဖိုးကြီးတဲ့ ဗဟုသုတစာအုပ်တွေ၊ နိုင်ငံ ကျော်စာရေးဆရာတွေရဲ့ ကမ္ဘာကျော်စာအုပ်လေးတွေ ကန့်စီပြီးထားလိုက် တာကလာတဲ့ ဧည့်သည်တွေကို စိတ်ဝင်တစားရှိစေနိုင်ပြီး နောက်သင့်အိမ် ရဲ့ မိသားစုအဆင့်အတန်းကို ဖော်ပြပြီးလိုက်သလို ဖြစ်သွားစေနိုင်မှာပါ။

၅။ သင်က စိတ်ကူးယဉ်ဆန်တဲ့သူ၊ အနုပညာဆန်ချင်တဲ့ သူဆိုရင်တော့ သင့် ရဲ့ ဧည့်ခန်းထဲမှာ ဖယောင်းတိုင်၊ အလှမီးအလင်းတိုင်လေးတွေကို အလှစိုက် ထူထားနိုင်ပါတယ်။ မီးထွန်းထားသည်ဖြစ်စေ၊ မီးမထွန်းထားသည်ဖြစ်စေပါ။ ဒေါက်တိုင်ပေါ် မီးအလင်းတိုင်ရောင်စုံလေးတွေကို ထိုးစိုက်ထားရုံနဲ့ သင့်ရဲ့ ဧည့်ခန်းလေးထဲ ဝင်လိုက်ရုံနဲ့ နွေးထွေးမှုနဲ့ ကဗျာဆန်ဆန်ခံစားမှုအရသာ ကို ရရှိစေနိုင်မှာဖြစ်ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service