အိမ်ခြံမြေအရောင်းအ၀ယ်စာချုပ် မှတ်ပုံတင်မယ်ဆိုရင်

အိမ်ခြံမြေအရောင်းအ၀ယ်စာချုပ် မှတ်ပုံတင်မယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
12 Feb 2016 11:01 am တွင် တင်ခဲ့သည်
3069 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

စာရွက်စာတမ်းရုံးမှာ မှတ်ပုံတင်မယ့်သူတွေအနေနဲ့ တချို့က အကျိုးဆောင်တွေနဲ့ ပြုလုပ်ကြပေမယ့် လုပ်ငန်းစဉ်တွေကို နားမလည်တာတွေရှိတာကြောင့် ကိုယ်တိုင်သိထားသင့်တဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အကျိုးဆောင်ရှေ့နေတချို့ကို မေးမြန်းထားပါတယ်။
စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်တဲ့အခါ ရန်ကင်းမြို့နယ်က ရန်ကုန်တိုင်းကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ ပြုလုပ်ရတာပါ။

အခွန်တံဆိပ်ခေါင်းကပ်တဲ့အခါ
အရင်က မြေနဲ့ အိမ်တန်ဖိုးကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၊ ရာဖြတ်ဌာနက သတ်မှတ်ပေးတာဖြစ်တယ်။ သတ်မှတ်ထားတဲ့ တန်ဖိုးအတိုင်း ခုနစ်ရာခိုင်နှုန်း တံဆိပ်ခေါင်းခွန် ကပ်နှိပ်ရတာပါ။ ငွေ ၁၀၀ တန်လျှင် အခွန်တံဆိပ်ခေါင်း (ခုနစ်ရာခိုင်နှုန်း) ကပ်ပေးရပါသည်။ အခုအချိန်မှာတော့ ပြောင်းလဲထားတဲ့ တံဆိပ်ခေါင်းခွန် (ငါးရာခိုင်နှုန်း)လို့ သိရပါတယ်။ မြေနှင့် အိမ်တည်နေရာမှာရှိတဲ့ ခရိုင်အခွန်ဦးစီးဌာနမှူး ပါဝင်တဲ့ အဖွဲ့က မြေနဲ့အိမ်၊ မြေကွက်ကို တန်ဖိုးသတ်မှတ်ပေးပြီးတာနဲ့ စာချုပ်မှာ ကပ်နိုင်ဖို့ အခွန်တံဆိပ်ခေါင်းကို ၀ယ်ယူလို့ရပြီလို့ သိရပါတယ်။

စာချုပ်ကို မှတ်ပုံတင်တဲ့အခါ လိုအပ်တဲ့အချက်တွေ
လျှောက်မယ့်လျှောက်လွှာဝယ်ယူပြီး အခွန်တံဆိပ်ခေါင်းတစ်ခုကပ်နိုင်ရမှာပါ။ ရောင်းသူ၊ ၀ယ်သူနှစ်ဦးစလုံးက မြန်မာနိုင်ငံသားဖြစ်ပြီး သက်သေနှစ်ဦးတို့ရဲ့ မှတ်ပုံတင်မူရင်းပါရှိရမှာပါ။ မြေပုံမြေရာဇ၀င်မူရင်းကိုလည်း တင်ပြရမှာပါ။ တံဆိပ်ခေါင်းကပ်နှိပ်ပြီး စာချုပ်မှာ ရောင်းသူ/၀ယ်သူသက်သေနှစ်ဦးတို့ လက်မှတ်ရေးထိုးထားတဲ့စာချုပ်၊ မြေပုံနဲ့ မြေရာဇ၀င်တို့ကို မိတ္တူတစ်စုံစီကူးပြီးပေးရမှာပါ။ မူရင်းမြေဂရန်ယူဆောင်ရမှာဖြစ်ပြီး မိတ္တူတစ်စုံကူးထားရမှာဖြစ်တယ်။
အဆင့်ဆင့်ရောင်းချထားတဲ့ သူတွေအနေနဲ့ တရားဝင်ဆက်စပ်စာချုပ်တွေကို မိတ္တူတစ်စုံကူးယူလာရမှာပါ။ အားလုံးပြည့်စုံတဲ့အခါ စာချုပ်စာတမ်းမှတ်ပုံတင်ဌာနမှူးက စစ်ဆေးပြီး မှတ်ပုံတင်ပေးမှာ ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ မှတ်တမ်းဌာန၊ ငွေစာရင်းဌာနတွေကို သွားပြီး ကျသင့်ငွေသွင်းရမှာဖြစ်ပါတယ်။ ရောင်းသူ/၀ယ်သူ/သက်သေတို့ရဲ့ လက်ဗွေနှိပ်တာတွေပြီးရင်တော့ ရောင်း ၀ယ်ပြုလုပ်တာပြီးဆုံးသွားပြီဖြစ်ပါတယ်။

ဌာနမှ ချိန်းဆိုထားတဲ့ရက်မှာ စာချုပ်ကို သွားရောက် ထုတ်ယူလို့ရပြီဖြစ်ပါတယ်။ ထုတ်ယူတဲ့အခါ စာချုပ်မှာ အမည်ပါဝင်တဲ့ သူတွေသာ ထုတ်ယူခွင့်ရှိတယ်လို့ သိရပါတယ်။ မှတ်ပုံတင်တဲ့အခါမှာ အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုတဲ့နေ့ကစပြီး လေးလအတွင်း မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ မြေပုံနှင့် မြေရာဇ၀င်သက်တမ်းက ဌာနမှ ထုတ်ပေးတဲ့နေ့ကစပြီး တစ်နှစ်သာ သက်တမ်းရှိတယ်လို့ သိရပါတယ်။

ဂရန်အမည်ပေါက်သူ ကွယ်လွန်တဲ့အခါ
ဂရန်အမည်ပေါက်သူ ကွယ်လွန်တဲ့အခါ ကျန်ရစ်တဲ့ မိသားစုဆွေမျိုးသားချင်းတွေက လျှောက်ထားတဲ့အခါ လျှောက်လွှာနှစ်စုံဝယ်ယူပြီး တစ်စုံစီမှာ အခွန်တံဆိပ်ခေါင်းကပ်ရမှာပါ။ စာချုပ်ကို မှတ်ပုံတင်တဲ့အခါ ပိုင်ဆိုင်ကြောင်း ကြေညာမယ့်သူရဲ့ မှတ်ပုံတင်မူရင်းနဲ့ သက်သေနှစ်ဦးရဲ့ မှတ်ပုံတင်မူရင်းပါရမှာ ဖြစ်ပါတယ်။

မြေဂရန်မူရင်းနဲ့ မိတ္တူ၊ မြေပုံနဲ့ မြေရာဇ၀င်မူရင်းနဲ့ မိတ္တူတို့ပါရမှာပါ။ အမည်ပေါက်သူရဲ့ သေစာရင်းမူရင်းနဲ့ မိတ္တူပါရမှာဖြစ်ပြီး ကြော်ငြာစာချုပ်ကိုလည်း မိတ္တူကူးရမှာပါ။ လျှောက်ထားသူက ကွယ်လွန်သူနဲ့ ဘယ်လိုတော်စပ်တယ်။ အမွေဆက်ခံခွင့်ရှိတယ်ဆိုတာကို ကိုယ်တိုင်ကတိသစ္စာပြုလွှာ သို့မဟုတ် ကျမ်းကျိန်လွှာမူရင်းနဲ့ မိတ္တူပါရမှာပါ။ ကျမ်းကျိန်လွှာကလည်း ကျိန်ဆိုတဲ့နေ့ကစပြီး လေးလအတွင်းဖြစ်ရမှာဖြစ်တယ်လို့ သိရပါတယ်။
အေးမွန်

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service