အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်း သိမ်းနည်း

အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်း သိမ်းနည်း - Property Knowledge in Myanmar from iMyanmarHouse.com
26 Jan 2016 11:43 am တွင် တင်ခဲ့သည်
5481 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ခေတ်မီတိုးတက်ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရကော၊ တိုး များလာတဲ့ လူဦးရေနေထိုင်မှုအရကြောင့်ပါ ကျွန်တော်တို့တွေရဲ့ နေထိုင်မှုပုံစံတွေက မြေကြီးထုကြမ်းပြင်နဲ့ထိတွေ့ဖို့ ခက်ခဲသွားတဲ့အ ထပ်မြင့်အလုံပိတ် တိုက်ခန်းတွေနဲ့ နေထိုင်လာကြရတာများလာပါ တယ်။ ဒီလိုမျိုးအခန်းတွင်းမှန်တွေအထပ်ထပ်ကာရံထားပြီး ပြင်ပ
လေမဝင်ပဲ ဖန်တီးထားတဲ့ အောက်ဆီဂျင်လေထုနဲ့ အသက်ရှင်နေ ထိုင်ရတဲ့ အခြေအနေက တကယ့်ဆိုးရွားလွန်းပြီး ကျန်းမာရေးအ တွက်လည်း ထိခိုက်စေပါတယ်။

ဒီအနေအထားအတွက် လူ့ကျန်းမာရေး လေ့လာစောင့်ကြည့်တဲ့ အဖွဲ့အ စည်းရဲ့အကြံပေးချက် စာတစ်စောင်ထဲဖော်ပြဖူးတာက အခန်းတွင်း ပန်းပင်လေးတွေ စိုက်ပျိုးထားသင့်ပါတယ်တဲ့။ အပင် လေးတွေ ကနေထုတ်လွှတ်တဲ့ သန့်စင်တဲ့ အောက်ဆီဂျင်ကိုရ ယူလို့ရနိုင်ပါသေးတယ်လို့ အကြံပေးထားပါတယ်။

ဒါပေမယ့် ဒီလို မျိုး နေအလင်း ရောင်ကောင်းစွာမရ၊ သဘာဝလေမထိတဲ့ အခန်း တွေမှာ အပင် လေးတွေရှင်သန်ဖို့အတွက် ဘယ်လိုပြုစုပျိုးထောင် ထိန်းသိမ်းရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေသိထားရမှာ ဖြစ် လို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ အိမ်တွင်းမှာစိုက်ပျိုးမယ့် အပင်လေးတွေကို နေရာချတဲ့အခါမှာ သင့်တော်တဲ့နေရာကို ရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ ဥပမာ ရာသီ ဥတုအခြေအနေတွေ ဘယ်လိုပဲပြောင်းလဲနေပါစေ။ အခန်းတွင်းအ နေအထားလုံးဝမပြောင်းလဲနိုင်တဲ့နေရာမျိုးမှာ ထားပြီးစိုက်ပျိုးပါ။ နေ ရောင်နဲ့ သဘာဝလေထုကို မရသော်လည်းပဲ အခန်းတွင်းကလေထု နဲ့တင် ရှင်သန်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီ့အတွက်ကြောင့် မျှတနဲ့အနေ အထားနဲ့ သင့်တော်မယ့်နေရာမှာပဲ ပန်းပင်လေးတွေ စိုက်ပျိုးသင့်ပါ တယ်။

၂။ပန်းပင်လေးတွေအတွက် ရေလောင်းခြင်းနဲ့
ရေဝင်ရေထွက်စနစ် ကို အကောင်းဆုံးဂရုတစိုက် လုပ်ဆောင်ပေးသင့်ပါတယ်။ အပင်ရဲ့ အမြစ်နဲ့ပင်စည်တို့ရဲ့ ရေစုပ်ယူမှုအတွက် ရေလောင်းပေးခြင်းကို အချိန်အဆနဲ့သာပြုလုပ်ပေးရမှာပါ။ နေရောင်ခြည်မရတဲ့ အခန်း တွင်းအနေအထားကြောင့် အပင်မှာ အမြဲလိုလိုအစိုဓာတ်ကရှိနေ တာကြောင့် ရေလောင်းခြင်းကို ပုံမှန်ထက်လျော့ပြီးလိုက်ရုံနဲ့တင် အပင်ရဲ့ရှင်သန်ကြီးထွားမှု လုံလောက်စွာ ထောက်ပံ့ပေးနိုင်မှာ လည်း ဖြစ်ပါတယ်။

၃။ အလင်းရောင်ကောင်းကောင်း မှီဝဲနိုင်ပါစေ။ သဘာဝအလင်း ရောင်အများကြီး မရနိုင်ရင်တောင် အလင်းရောင်နည်းနည်းထိုး ဖောက်ဝင်ရောက်နိုင်အောင် ဖန်တီးပေးသင့်ပါတယ်။ သဘာဝအ လင်းရောင်ရတဲ့အပင်နဲ့ အလင်းရောင်လုံးဝမရတဲ့ အပင်တွေရဲ့ ရှင်သန်မှုကမတူညီပါဘူး။ အလင်းရောင်ကောင်းကောင်းရတဲ့အ ပင်ကတော့ တာရှည်စွာရှင်သန်ကြီးထွားနိုင်ပြီး အလင်းရောင်မရတဲ့ အပင်ကတော့ မရှင်သန်နိုင်မှာမဟုတ်ပါဘူး။

၎။ အပင်ကြီးထွားဆေး၊ ဖျန်းဆေးတွေအသုံးပြုမှုကို စနစ်တကျသုံးစွဲ တတ်ဖို့လိုပါတယ်။ ကိုယ့်အပင်လေး ကြီးထွားသန်မာဖို့အတွက်ကိုပဲ ပိုးသတ်ဆေးတွေ၊ အပင်ကြီးထွားဆေးတွေပဲ ဖျန်းနေပေးလို့ မရပါ ဘူး။ ဓာတုဗေဒဆေးဝါးဒဏ်တွေကို အပင်ငယ်က ခံနိုင်ရည်မရှိတာ ကြောင့် အပင်သေဆုံးသွားတာတွေ၊ ညိုးနွမ်းသွားတာမျိုးတွေဖြစ် လာနိုင်ပါတယ်။ ကိုယ့်အပင်နဲ့ သင့်တင့်မျှတလောက်တဲ့ ဆေးဝါး၊ ကြီးထွားဆေး ပမာဏလောက်ကိုပဲ သုံးစွဲပေးသင့်ပါတယ်။

၅။ အပင်အတွက် နေရာချစိုက်ပျိုးခြင်းကို ခဏခဏပြောင်းရွှေ့တာ မျိုးတွေ မလုပ်ပါနဲ့။ ဒီနေရာ၊ ဟိုနေရာပြောင်းရွှေ့ခြင်းက လုံလောက် တဲ့ စွမ်းအင်နဲ့နေသားတကျ မရှိခြင်းကြောင့် အပင်အတွက်ကြီးထွား မှုကို အားနည်းစေပါတယ်။ အရွှေ့အပြောင်းတွေများခြင်းကြောင့် လည်းအပင်ကို ထိခိုက်ပျက်စီးတာမျိုးတွေ ဖြစ်လာစေနိုင်တာပဲဖြစ် ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်း သိမ်းနည်း - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်း သိမ်းနည်း - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်း သိမ်းနည်း - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်း သိမ်းနည်း - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်း သိမ်းနည်း - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်း သိမ်းနည်း - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service