တိုက်ခန်းဝယ်မယ်ဆို အမည်ခံဆောက်လုပ်တဲ့ သူတွေဆီက မ၀ယ်မိဖို့လို

တိုက်ခန်းဝယ်မယ်ဆို အမည်ခံဆောက်လုပ်တဲ့ သူတွေဆီက မ၀ယ်မိဖို့လို - Property Knowledge in Myanmar from iMyanmarHouse.com
20 Jan 2016 11:31 am တွင် တင်ခဲ့သည်
3208 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အမည်ခံဆောက်လုပ်နေတာမျိုးတွေ ရှိတာကြောင့် တိုက်ခန်းဝယ်ယူတဲ့ အခါမှာ လိုင်စင်ရ ကန်ထရိုက်ဆောက်လုပ်တဲ့ တိုက်ခန်းတွေကိုသာ စိစစ်ဝယ်ယူသင့်တယ်လို့ သိရပါတယ်။
တိုက်ခန်းဝယ်ယူသူတွေအနေနဲ့ ကိုယ်ဝယ်မယ့်တိုက်ခန်းက တရားဝင်ဆောက်လုပ်နေတာ ဟုတ်မဟုတ်၊ BCC မှန်မမှန်၊ ပါမစ် မှန်မမှန်သေချာ စိစစ်သင့်တယ်။

အကျိုးဆောင်ရှေ့နေဦးမောင်မောင်က "၀ယ်သူအနေနဲ့ ကိုယ့်ဘက်က စစ်ဆေးလို့ရတာ သိပ်မသိကြဘူး၊ ၀ယ်ပြီးမှ တရားဝင်မဟုတ်တာ၊ BCC မကျတာတွေဖြစ်ပြီး နစ်နာမှုတွေရှိလာတာ၊ ပါမစ်မှန်မှန်၊ BCC မှန်မမှန်၊ အမည်ခံဆောက်လုပ်တာတွေ စစ်မယ်ဆို မြို့တော်စည်ပင်မှာ သွားစစ်လို့ရတယ်"လို့ပြောပါတယ်။

စာရွက်စာတမ်း စစ်ဆေးမယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန ၁၀ ထပ်ရုံး သုံးလွှာမှာ ပါမစ်မှန်မမှန်နဲ့ BCC မှန်မမှန်ကို စစ်လို့ရတယ်။ တချို့က အမည်ခံဆောက်လုပ်တဲ့ ကန်ထရိုက်တာတွေရှိတာကြောင့် လိုင်စင်ရ ကိုယ်တိုင်ဆောက်လုပ်တဲ့ အခန်းကိုဝယ်တာက ပိုသေချာတယ်လို့သိရတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးထွန်းကျော်က"အခုဖြစ်နေတာက လိုင်စင်ရ ကန်ထရိုက်တာက အမည်ခံပြီး ဆောက်လုပ်နေတာတွေ ရှိတယ်၊ သေချာစုံစမ်းပြီးတော့မှ ၀ယ်သင့်တယ်။ တရားဝင်ဆောက်လုပ်တဲ့ ခွင့်ပြုမိန့်ပါမစ်စာချုပ်တွေကို မြို့နယ်ရုံး၊ အုပ်ချုပ်ရေးမှုးရုံးတွေကို မိတ္တူပို့ရတယ်၊ ၀ယ်မယ်ဆိုအဲ့မှာ သွားကြည့်လို့ရတယ်"လို့ ပြောပါတယ်။

ကန်ထရိုက်တိုက်ခန်းတန်ဖိုးတွေ ကွာဟနေတာက တရားဝင်နဲ့ တရားမ၀င် ကွာတာကြောင့်ပါ။ ဈေးသက်သာတယ်ဆိုပြီး မ၀ယ်ယူသင့်ပဲ သေချာစုံစမ်းပြီးမှသာ ၀ယ်ယူသင့်တယ်။ ကန်ထရိုက်တိုက် ဆောက်လုပ်မှုတွေ များလာတဲ့အတွက် တိုက်ခန်းရောင်းသူတွေကလည်း များလာတယ်။ ကန်ထရိုက်တိုက်ခန်းတချို့ရဲ့ ဈေးနှုန်းတွေက ဈေးသက်သာတာကြောင့် ၀ယ်သူတွေက စိတ်ဝင်စားကြတယ်။ ဈေးသက်သာတိုင်း ၀ယ်ယူဖို့ မသင့်ဘူးလို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service