ဘဏ်မှချေးငွေ ရယူလိုပါလျှင် သိထားသင့်သည့် အချက်များ

ဘဏ်မှချေးငွေ ရယူလိုပါလျှင် သိထားသင့်သည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
8 Jan 2016 11:47 am တွင် တင်ခဲ့သည်
16079 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဘဏ် မှငွေချေးယူ လိုပါက ဦးစွာငွေချေးယူမည့်ဘဏ်တွင် ဘဏ်ချေးငွေ အတွက် သတ်မှတ် ပုံစံဖြင့် လျှောက်လွှာ တင်ရမည်။သက်ဆိုင်ရာဘဏ်ချေးငွေဌာန မန်နေဂျာမှ တစ်ဆင့်အဆင့်ဆင့် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
စာရွက်စာတမ်းပြည့်စုံမှုနှင့် လုပ်ငန်း အပေါ်မူတည်ပြီးဘဏ်ချေးငွေကို တစ်ပတ်ဆက်ရက်အတွင်း
ထုတ်ယူနိုင်သည်။

ဘဏ်ချေးငွေ ရယူလိုလျှင် ယေဘုယျအားဖြင့်အောက်ပါအချက်နှစ်ချက် ပြည်စုံရမည်။
၁ ။ ရှင်သန်တိုးတက်မှုရှိသော စီးပွားရေးလုပ်ငန်း
၂ ။ ဘဏ်မှ အပေါင်းပစ္စည်းအနေဖြင့် ရယူထားရှိနိုင်မည့်

အာမခံပစ္စည်း
ဘဏ်မှငွေချေးမည်ဆိုပါကသင့်လျော်ကောင်းမွန်သည့် အာမခံပစ္စည်း တစ်ခုခု တင်ပြရပါမည်။
အာမခံပစ္စည်းတန်ဖိုး၏ ၃၀% ခန့်ကိုသာချေးငွေအဖြစ် ထုတ်ပေးသည်။ရာခိုင်နှုန်းသတ်မှတ်ခြင်းကို ဘဏ်၏ ရာဖြတ်နှင့်
ဘဏ်၏ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်သည်။

ဘဏ်တွင် တွေ့ရသည့် အာမခံအမျိုးအစားများမှာ -
1. လူပုဂ္ဂိုလ်ဆိုင်ရာ အာမခံ ၊
2. မရွှေ.မပြောင်းနိုင်သော ပစ္စည်းအာမခံ ၊
3. ရွှေ.ပြောင်းနိုင်သော ပစ္စည်းအာမခံ
ဥပမာ- စိန်ရွှေရတနာ ၊ မော်တော်ကား၊စက်ပစ္စည်းစသည်အာမခံပစ္စည်းသည်ရန်ကုန်၊ စစ်တွေ၊ မော်လမြိုင် ၊ ပုသိမ် ၊ မန္တလေးမြို့ နှင့်နိုင်ငံတော်သမ္မတက ပြန်တမ်များ ကြော်ငြာပြီးသတ်မှတ်ထားသည့်မြို့များ၌ရှိလျှင် ချေးငွေစာချုပ် အတွက် တံဆိပ်ခေါင်းခွန်ကင်းလွတ်ခွင့်ရပြီး ၊ချေးငွေစာချုပ်ကို ဘဏ်တွင်သာ ချုပ်ဆိုကြရမည် ဖြစ်ပါသည်။

အကယ်၍အာမခံပစ္စည်းသည် အထက်ဖေါ်ပြပါမြို့ များတွင် မပါဝင်ပါက အာမခံပစ္စည်းတည်နေရာ မြို့၏
စာချုပ်စာတမ်း၊ မှတ်ပုံတင်ရုံးသွား၍ မှတ်ပုံတင်အရာရှိရှေ.မှောက်တွင် ငွေချေးစာချုပ်ကို ပြုလုပ်ချုပ်ဆိုရမည်။

ဤအတွက် ချေးငွေ ၁၀၀ အပေါ် ၂% တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည် ဖြစ်သည်။

အာမခံပစ္စည်းသည် ရန်ကုန်မြို.၌ တည်ရှိခြင်းမဟုတ်ပါက အာမခံပစ္စည်း တည်နေရာမြို့သို့
ဘဏ်ရာဖြတ်၊ ဘဏ်ရှေ့နေနှင့် မီးအာမခံတို့ကို ခေါ်ရမည် ဖြစ်သည်။ ၎င်းအတွက် အကြိုအပို့တာဝန်ကို ငွေချေးသူများကတာဝန်ယူ ကြရသည်။ ဘဏ်အနေအထားကိုလိုက်၍ ဘဏ်ရာဖြတ်ကိုသာ ခေါ်ဆိုကြခြင်းလည်း ရှိပါသည်။

ဘဏ်ရှေ.နေကိုခေါ် ခြင်းမှာ သက်ဆိုင်ရာ စာချုပ်စာတမ်းရုံးနှင့် မြေစာရင်းရုံးတို့တွင် ကြည့်ရှုစစ်ဆေးရန် ဖြစ်သည်။
ဘဏ်ရာဖြတ်မှာ အာမခံပစ္စည်းများကို တန်ဖိုးသတ်မှတ် ပေးရန် ဖြစ်သည်။မီးအာမခံမှာ အာမခံအတွက် လုပ်ဆောင်ရန်ဖြစ်သည်။

မြေနှင့်အိမ် အပေါင်ထား၍ငွေချေးယူခြင်းအတွက်တင်ပြရန် လိုအပ်ချက်များ"

1. လွှဲပြောင်းနိုင်သော မြေအမျိုးအစားဖြစ်ရမည်။
2. မြေစာရင်းရုံးပုံစံ ၁၀၅ ၊ ၁၀၆ နှင့် ၁ (က) ရှိရမည်။
3. မြေနှင့် မြေပေါ်အဆောက်အအုံ ပိုင်ဆိုင်ကြောင်းမှတ်ပုံတင် စာချုပ် ၊မြေပုံ ၊မြေရာဇဝင်၊ ခြောက်လအတွင်း ဆက်စပ်စာချုပ်များ ၊
4. တရားဝင်လုပ်ကိုင်နေသော သက်တမ်းရှိ လုပ်ငန်းလိုင်စင် ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုခုမှ ရယူထားသော လုပ်ငန်းလိုင်စင် ၊ company မှတ်ပုံတင်လတ်မှတ် ၊ သင်းဖွဲ.မှတ်တမ်းနှင့် သင်းဖွဲ.စည်းမျဉ်း ၊ ပုံစံ ၆/၂၆/ အီး စည်ပင်သာယာတွင် လုပ်ငန်းတစ်ခုခုအတွက် အခွန်ဆောင်ရပါက ၎င်းတွင်မိမိပိုင်အိမ်အတွက်
လုပ်ငန်းအတွက် အခွန်ကြွေးကျန်မရှိကြောင်း ထောက်ခံချက်ယူရန် ၊ company ဖြစ်လျှင် ဒါရိုက်တာ အဖွဲ.အစည်းအဝေး ဆုံးဖြတ်ချက် ၊
5. လုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတော်သို့ ပေးဆောင်ထားသော အမြတ်ခွန်ပြေစာများ၊ ပြည်တွင်းအခွန်မှ အခွန်ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံစာ၊
6. အာမခံ ဆောက်အအုံနှင့် လုပ်ငန်းဆောက်အအုံတို့ကို မှတ်တမ်းတင်ဓာတ်ပုံ ( ရှေ. ၊ နောက် ၊ ဝဲယာ ၊ အတွင်းပုံ )
7. လုပ်ငန်းနှင့်သက်ဆိုင်သော အရှုံးအမြတ်စာရင်း၊
8. အာမခံပစ္စည်းနှင့် သက်ဆိုင်သော တခြား လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံ (မြေပုံ၊ မြေရာဇဝင်)၊
9. ဘဏ်တွင် အပေါင်ထားသည့် မြေနှင့်အိမ်ကို မိမိအမှန်တကယ်ပိုင်ဆိုင်ကြောင်း ၊ လွှဲပြောင်းရောင်းချ
ပေါင်းနှံထားခြင်း မရှိကြောင်း တရားသူကြီးထံမှ ကျမ်းကျိန်လွှာ၊
10. တခြားလိုအပ်သော စာရွက်စာတမ်းများ ( စည်ပင်ခွန်၊ မြေခွန် ၊ပြေစာများ ၊အိမ်ထောင်စုစာရင်း
မိတ္တူသုံးစုံ မှတ်ပုံတင် ) ( company အစည်းအဝေး ဆုံးဖြတ်ချက်) ၊ မှတ်ပုံတင်မိတ္တူ ၊
11. အဆောက်အအုံမှာ အသစ်ဖြစ်က ဆောက်လုပ်ပြီးစီးကြောင်းသက်သေခံလက်မှတ် B.C.C ။
ထိုကဲ့သို. ချေးငွေလျှောက်လွှာ အမှုတွဲတင်ရာတွင်ဘဏ်ရှေ.နေထောက်ခံချက်နှင့် ရာဖြတ်အစီရင်ခံစာတို့
ပါရှိရမည်။ အဆိုပါ ဘဏ်ချေးငွေကို အတိုးရော အရင်းပါ တစ်နှစ်အတွင်းပြန်ဆပ်ရသည်။

ဘဏ်တွင်း ငွေသွင်းငွေထုတ် လုပ်ရန်ကြိုတင်ပြုလုပ်ထားရသောစာရင်းရှင်လက်မှတ်မှတစ်ဆင့် ( Current Account )
ထုတ်ယူနိုင်ပါသည်။ ဘဏ်များမှ ငွေချေးယူခြင်းနှင့်ပက်သက်၍လိုအပ်ချက်နှင့် လုပ်ထုံးလုပ်နည်းများအား နမူနာဗဟုသုတအဖြစ် အကြမ်းဖျင်းတင်ပြခြင်းသာ ဖြစ်ပါသည်။ဘဏ်တစ်ခုနှင့်တစ်ခုမှာ ငွေချေးယူရန် လိုအပ်သည့်
အထောက်အထား စာရွက်စာတမ်း၊ ဘဏ်တိုး၊ အချိန်ကာလနှင့် လုပ်နည်းလုပ်ဟန်မှာ အနည်းအကျဉ်းစီ ကွဲလွဲမှုများ
ရှိနိုင်မည်ဖြစ်ပါသည်။

Credit : ဇော်မြင့်ဦး (အိမ်ခြံမြေ လမ်းညွှန်)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service