အိမ်မြေ၀ယ်လျှင် အထူး သတိပြုရမည့် စာရွက်စာတမ်း အတုများ

အိမ်မြေ၀ယ်လျှင် အထူး သတိပြုရမည့် စာရွက်စာတမ်း အတုများ - Property Knowledge in Myanmar from iMyanmarHouse.com
16 Dec 2015 11:24 am တွင် တင်ခဲ့သည်
6382 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

တစ်နေ့က နေ့စဉ်ထုတ် သတင်းစာတစ်စောင်ထဲမှာ တရားမဝင် မြေရောင်း မြေဝယ်တွေ ပေါ်ပေါက်နေတယ်လို့ ဖတ်လိုက်ရတယ်'' ဟု မိတ်ဆွေတစ်ဦးက စတင် ဆွေးနွေးလာပါသည်။

''ဟုတ်တယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ မြို့ပြလူဦးရေ ထူထပ်လာကြတော့ မြို့ပြ ဆင်ခြေဖုံး နေရာတွေကို တရားမဝင် ကျူးကျော်နေထိုင်သူတွေ များလာကြတယ်။ တချို့နေရာဆိုရင် ရွာကြီးတစ်ရွာအခြေအနေမျိုး ရောက်နေကြတယ်''

''နိုင်ငံတော်အစိုးရကတော့ မြို့ပြစီမံကိန်းတွေ လုပ်ပေးနေတယ် မဟုတ်လား''

''အဲဒီ မြို့ပြစီမံကိန်းနဲ့ နီးတယ်ဆိုပြီး အကြောင်းပြချက်နဲ့ အားနည်းချက်ကိုရယူပြီး အရောင်းအဝယ် တရားမဝင်လုပ်နေကြတာပဲ။ အခုဆိုရင် နိုင်ငံတော်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါး လျှော့ချရေးကို အလေးထားတဲ့အနေနဲ့ ကျေးရွာ မြေငှားဂရန် ထုတ်ပေးနိုင်ရေး အထူးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလို့ မြေငှားဂရန်တွေ ထုတ်ပေးနေတယ်လေ''

''မြေခွန်ပြေစာအတုတွေ ပေါ်နေဆိုလားပဲ''ဟု မိတ်ဆွေက ပြောပြန်သည်။

''အတုကတော့ မြေခွန်ပြေစာတစ်ခုတည်း မဟုတ်ဘူး။ မြေချပါမစ် အတု၊ မြေဂရန် အတုတွေ လည်းရှိတာပဲ''

''အဲဒါ ဘယ်လိုခွဲခြားမလဲ''

''အဲဒါ ဘယ်လိုခွဲခြားမလဲ ဆိုတော့ ငွေစက္ကူလို အတုအစစ် ခွဲခြားလို့ရတဲ့ စာရွက်နမူနာပုံစံတော့ မရှိဘူးပေါ့။ ဒါပေမယ့် ဒီမြေကွက်ပြေစာကို ထုတ်ပေးတယ်ဆိုတဲ့ သက်ဆိုင်ရာရုံးဌာနကို မေးမြန်းစုံစမ်းလို့ရတယ်''

''မြေကိုဝယ်မယ်ဆိုရင် မြေစာရင်းဦးစီးဌာနကို စုံစမ်းရမယ်ပေါ့ ဟုတ်လား''

''ကျေးရွာနဲ့ မြို့ပြဆင်ခြေဖုံးနေရာတွေမှာတော့ နီးစပ်ရာ မြေစာရင်းဦးစီးဌာနမှာ စုံစမ်းလို့ ရတယ်။ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စတဲ့ တရားဝင်ဌာနဆိုင်ရာတွေမှာ သွားရောက်စုံစမ်းပြီး ခိုင်မာတယ်ဆိုမှ ဝယ်သင့်တယ်''

''ဒါဆိုရင် သက်ဆိုင်ရာဌာနက အတု၊အစစ် ခွဲခြားပေးတယ်ပေါ့''

''ဒီသဘောပေါ့လေ၊ တင်ပြတဲ့ မြေကွက်ပြေစာ၊ မြေကွက်ရဲ့ မြေချပါမစ်၊
မြေဂရန်တွေဟာ သက်ဆိုင်ရာဌာနက ထုတ်ပေးခဲ့ခြင်း ရှိ၊မရှိ စိစစ်ပေးတယ်''

''သက်ဆိုင်ရာဌာနက ထုတ်ပေးတဲ့ စာရွက်စာတမ်း မဟုတ်ရင် လက်ဝယ်ရှိသူမှာ အပြစ်ရှိသလား''

''မှန်ကန်တဲ့ စာရွက်စာတမ်း မဟုတ်မှန်းသိလျက်နဲ့ မြေကွက်ကို အကြောင်းပြရောင်းမယ်ဆိုရင် အပြစ်ရှိသွားမှာပေါ့။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဖြစ်မယ် ထင်တယ်။ မိတ်ဆွေတစ်ဦးက ရန်ကုန်မြို့ပြဆင်ခြေဖုံးမြို့နယ်တစ်ခုမှ မြေဂရန်ရှိပြီး မြေကွက်တစ်ကွက်ကိုဝယ်လိုက်တယ်။ နောက်မှာ မြေကွက်
သွားကြည့်တော့ အခြားလူတွေနေကြတာကို တွေ့ရတယ်။ ဒါနဲ့ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနသို့ သွားပြီးစုံစမ်းတော့ ဒီမြေဂရန်ဟာ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးထားတဲ့ မြေဂရန်စာချုပ် မဟုတ်ဘူးလို့ ပြန်ကြားစာ ရခဲ့တယ်။ ဒီမှာပဲ သူ့ကို လိမ်လည်ရောင်းချတယ်ဆိုပြီးတရားစွဲလို့ ရောင်းချသူတွေ
ထောင်ဒဏ်ကျခံခဲ့ရတယ်။ ဒါကြောင့် သိလျက်နဲ့ ရောင်းရင်တော့ အပြစ်ရှိမှာဖြစ်တယ်''

''လိမ်လည်ရောင်းသွားတဲ့ သူကို ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ''

''လိမ်လည်ရောင်းသွားတဲ့ သူကို ရှာမတွေ့ရင်တော့ ဝယ်သူက အဆုံးရှုံးခံရမှာပေါ့''

''မြေချပါမစ် ၂ ခု ထပ်နေမယ်၊ မြေဂရန် ၂ ခု ထပ်နေရင် သက်ဆိုင်ရာဌာနက ဘယ်သူ့ကို တရားဝင်အသိအမှတ်ပြုမလဲ''

''ဒါလည်း မကြာခဏဖြစ်တတ်တဲ့ ကိစ္စပဲ။ မြေချပါမစ် ၂ ခု၊ မြေဂရန် ၂ ခု ထပ်နေမယ်ဆိုရင် သက်ဆိုင်ရာဌာနက စိစစ်ပြီး အမှန်တကယ်ထုတ်ပေးထားတဲ့ စာရွက်စာတမ်းကို အတည်ပြုကြောင်းနဲ့ မမှန်မကန်ရယူထားတဲ့ စာရွက်စာတမ်းကို ပယ်ဖျက်ကြောင်း ကြေညာ မှတ်တမ်းတင်ပေးမှာဖြစ်တယ်''

''ဒီလိုဆိုတော့လည်း မြေမဝယ်မီမှာ သေချာစုံစမ်းသင့်တယ်''

''ဟုတ်တယ်၊ ဒါနဲ့ပတ်သက်လို့ ဗဟုသုတအဖြစ် ပြောရရင် နေ့စဉ်ထုတ် သတင်းစာတစ်စောင်မှာ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အများသိစေရန် ကြေညာချက် ထုတ်ပြန်ပေးတာမျိုး ရှိတယ်''

မြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (x)၊ မြေကွက်အမှတ် (xx) အား ဦး ... အမည်ပေါက် မြေချပါမစ် တင်ပြပြီး၊ ဦး ... မှ အမှုတွဲအမှတ်(x)ဖြင့်ဂရန်လျှောက်ထားရာ မြေငှားစာချုပ်အ
မှတ်ဖြင့် (xxx)နေ့တွင် ၎င်းအမည်ပေါက် မြေငှားစာချုပ်(ဂရန်) ထုတ်ယူသွားပြီး ဖြစ်ပါသည်။

အဆိုပါ မြေကွက်ကိုပင် ပါမစ်အမည်ပေါက်ဦး ... ထဲမှ ဝယ်ယူထားသူ ဒေါ် ... မှ ပါမစ်မူရင်း တင်ပြ၍ ဂရန်သစ် လျှောက်ထားလာသည်။

မြေကွက်တစ်ကွက်တည်းကို မြေချပါမစ် ၂ စောင် ထွက်နေသဖြင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသို့ အတည်ပြုမေးမြန်းခဲ့ရာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပထမ ဦး ... တင်ပြသော မြေချပါမစ်မှာ ၎င်းဦးစီးဌာနမှ ထုတ်ပေးထားသောပါမစ်မဟုတ်ကြောင်း ပြန်ကြားလာသဖြင့် ဦး ... ထံသို့ ထုတ်ယူသွားသော မြေငှားစာချုပ်မူရင်းအား ဌာနသို့ ပြန်လည်အပ်နှံရန် ၃ ကြိမ်တိုင်တိုင် အကြောင်းကြားပြီးဖြစ်သော်လည်း ဌာနသို့ လာရောက်အပ်နှံခြင်းမရှိပါသဖြင့် မြေဂရန် လျှောက်ထားရယူသွားသော မြေငှားစာချုပ်အမှတ် (x) ဦး ... အမည်ပေါက် မြေငှားစာချုပ် ဂရန်စာအုပ်အား မြို့မြေစာရင်းမှ ပယ်ဖျက်ပြီးကြောင်း အသိပေး ကြော်ငြာအပ်ပါသည်'' လို့ ဖော်ပြ ကြော်ငြာပေးပါတယ်''

''ဒါဆို အဝယ်မမှားအောင် သေချာစိစစ်ဖို့ လိုပြီပေါ့''

''မှန်တယ် သူငယ်ချင်း၊ ခိုင်မာတဲ့ အထောက်အထား ဟုတ်၊မဟုတ် သေချာစုံစမ်းစစ်ဆေးပြီးမှ ဝယ်သင့်တယ်။ ဒါမှမဟုတ်ရင် ဆုံးရှုံးမှုများနဲ့ ရင်ဆိုင်နိုင်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်လို့ မြေနဲ့ အိမ်ကိုဝယ်ရင် အထူးသတိပြုသင့်တယ် သူငယ်ချင်း''

Credit: ဈေးကွက်ဂျာနယ်

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သိမှတ်စရာ နှစ် ၉၀ ဂရန်သက်တမ်းကုန်သွားသည့်အခါ
သိမှတ်စရာ နှစ် ၉၀ ဂရန်သက်တမ်းကုန်သွားသည့်အခါ
အလင်းရောင်အားနည်းတဲ့ အခန်းမှာနေရလို့ စိတ်ညစ်နေလား? ဒီအချက်လေးတွေလိုက်နာကြည့်ပါ
အလင်းရောင်အားနည်းတဲ့ အခန်းမှာနေရလို့ စိတ်ညစ်နေလား? ဒီအချက်လေးတွေလိုက်နာကြည့်ပါ
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယူနိုင်ကြောင်းကြေညာ၊ ရတနာသေတ္တာများ တည်ရှိသည့်နေရာများအကြောင်း စာအုပ်တစ်အုပ်ရေ...

ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
magical-world
Grand Aung Thar Yar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service