အုတ်တိုက်၏ခန်.မှန်းတန်ဖိုးတွက်နည်း

အုတ်တိုက်၏ခန်.မှန်းတန်ဖိုးတွက်နည်း - Property Knowledge in Myanmar from iMyanmarHouse.com
5 Dec 2015 10:48 am တွင် တင်ခဲ့သည်
26316 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ထုထည်ခန်.မှန်းခြေ တွက်နည်းဖြင့်တွက်ယူခြင်း

ထုထည်ခန်.မှန်းခြေ တွက်နည်းသည် အဆောက်အအုံ၏ စုစုပေါင်းထုထည်ကို၎င်းဒေသရှိ အလားတူအဆောက်အအုံ၏ ထုထည်တစ်ယူနစ် ကုန်ကျစရိတ်နှုန်းနှင့် မြှောက်ယူသောနည်းဖြစ်၏။

ထုထည်တွက်ရာတွင် အောက်ခံခုံဧရိယာကို အဆောက်အအုံ၏ အမြင့်နှင့် မြှောက်ရ၏။ ပျဉ်ထောင်အိမ်များတွင် အမြင့်သည် အောက်ခံခုံမျက်နှာပြင်မှ လျောက်တန်း(Pole plate) အထက်ခေါင်မိုးအမြင့်၏ နှစ်ပုံတစ်ပုံ အထိအကွာအဝေးဖြစ်၏။

အုတ်တိုက်များတွင်မူ အမြင့်သည်အုတ်မြစ်အုတ်နံရံမှ မိကျောင်းတုံး ( Wall Plate) အထက်ခေါင်မိုးအမြင့်၏နှစ်ပုံတစ်ပုံအထိအကွာအဝေးဖြစ်၏။ အောက်ခံခုံ ဧရိယာအတွက် အတိုင်းအတာများမှာ အောက်ခံခုံ
ဧရိယာတွက်နည်းအတိုင်းပင်ဖြစ်၏။

ပုံစံ (၃-၁) တွင်ဖော်ပြထားသည့် အုတ်တိုက်၏ခန်.မှန်းတန်ဖိုးကို ထုထည်ခန်.မှန်းခြေနည်းဖြင့်ရှာ
မယ်ဆိုရင်။

အုတ်တိုက်၏အမြင့်သည် မြေမျက်နှာပြင်မှ မိကျောင်းတုံးအပေါ်အနားအထိ ( 15 ပေ)၊ အုတ်မြစ်အနက် ( 4 ပေ) နှင့် ခေါင်မိုးအမြင့်သည် ( 6 ပေ) ရှိ၏။ ၎င်းဒေသတွင် အလားတူအဆောက်အအုံ၏ ထုထည်တစ်ယူ
နစ်နှုန်းမှာ (1000)ကျပ်ဖြစ်သည်။

ပုံစံ (၃-၁) ၏ စုစုပေါင်း အောက်ခံခုံဧရိယာ = ဧရိယာ A + ဧရိယာ B + ဧရိယာ C

= (30’ x 16’ ) + (16’ x 14’ ) + (20’ x 14’)
= 480 sq-ft + 224 sq-ft + 280 sq-ft
= 984 sq-ft

အုတ်တိုက်၏ စုစုပေါင်းအမြင့် = 15’ + 4’ + 0.5 (6’)
= 22’

အုတ်တိုက်၏ ထုထည် = အောက်ခံခုံဧရိယာစုစုပေါင်း x အမြင့်
= 984 x 22
= 21648 ကုဗပေ

အုတ်တိုက်၏ ခန်.မှန်းတန်ဖိုး = စုစုပေါင်းထုထည် x တစ်ယူနစ် နှုန်း
= 21648 x 1000 ကျပ်
= 216.5 သိန်းခန်.

ထိုကြောင့် ပုံ (၃-၁) တွင်ဖေါ်ပြထားသော အုတ်တိုက်၏ ခန်.မှန်းတန်ဖိုးမှာ 216 သိန်း 5 သောင်းခန်.ကုန်ကျနိုင်ပါသည်။

မှတ်ချက် ။ ။ အဆောက်အအုံ၏ တစ်ယူနစ်နှုန်းကို နေရာဒေသပေါ်မူတည်ပြီး အစားထိုးတွက်ယူပါရန်။

Credit: Nay Nann Thukha Construction

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service