အိမ်အသစ်ဆောက်လုပ်မှုအတွက် ငွေကြေးကုန်ကျစရိတ် မမှားယွင်းရလေအောင်

အိမ်အသစ်ဆောက်လုပ်မှုအတွက် ငွေကြေးကုန်ကျစရိတ် မမှားယွင်းရလေအောင် - Property Knowledge in Myanmar from iMyanmarHouse.com
7 Oct 2015 11:36 am တွင် တင်ခဲ့သည်
7911 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

နေရာထိုင်ခင်းအသစ်တစ်ခုကို ပြောင်းပြီးနေထိုင်ဖို့ စိတ်ကူးသင့်ဆီမှာရှိနေတယ်ဆိုပါ စို့။ ဒီနေရာလေးကတော့ ပတ်ဝန်းကျင်ကောင်းတယ်။ ရှုခင်းမြေနေရာကောင်းတယ်။ တိတ်တိတ်ဆိတ်ဆိတ်လည်း ရှိတယ်။ စီးပွားရေးလုပ်ငန်းအတွက်လည်းကောင်းတယ်။ သွားရေးလာရေးအတွက်လည်း အဆင်ပြေတယ်။ နေလို့ထိုင်လို့ကောင်းမယ့်နေရာတစ် ခုလို့ သင့်စိတ်ကြိုက်ရွေးချယ်ပြီးတဲ့နောက် သင့်ကိုယ်ပိုင်အိမ်တစ်လုံးဆောက်လုပ် တော့မယ်ဆိုရင် ဆောက်လုပ်မှုကုန်ကျစရိတ်အတွက် စာရင်းဇယားတွက်ချက်မှုက အရမ်းကို အရေးကြီးပါတယ်။

တကယ်အမှန်လိုအပ်တဲ့နေရာတွေမှာ ငွေကြေးတွေကို အသုံးပြုပြီး မလိုအပ်တဲ့အပိုနေရာတွေမှာ ကုန်ကျစရိတ်လျှော့ချနိုင်လိုက်တဲ့ ငွေစာရင်း ဇယားစီမံခန့်ခွဲမှုက ကောင်းမွန်သေချာနေမယ်ဆိုရင် သင့်ရဲ့ အိမ်သစ်တစ်လုံးဆောက် လုပ်မှုက ပြီးပြည့်စုံပြီး အလေအလွင့်မရှိပဲ ဆောက်လုပ်ပြီးစီးသွားနိုင်မှာဖြစ်ပါတယ်။ အိမ်ဆောက်လုပ်ခြင်းမှ မဟုတ်ပါဘူး။ ငွေရေးကြေးရေး သုံးစွဲတတ်ခြင်းစီမံခန့်ခွဲမှု ကနေရာတိုင်းမှာ အရေးကြီးပါတယ်။ အသုံးစရိတ်ကိုချွေတာနိုင်မယ်ဆိုရင် နောင်တချိန် ဆိုတဲ့ အချိန်တစ်ခုမှာ အဆင်ပြေပြေနဲ့ မပူမပင်နေသွားနိုင်မှာမို့ပါ။ ဒီ့အတွက် နေအိမ် ဆောက်လုပ်ခြင်းနဲ့ပတ်သက်ပြီး ငွေကြေးသုံးစွဲစီမံခန့်ခွဲမှုအတွက် အလေအလွင့်တွေမ ဖြစ်ရလေအောင် ဗဟုသုတဖြစ်စေမယ့် အချက် ၅ ချက်နဲ့ ဖော်ပြပေးလိုက်ပါတယ်

၁။ အိမ်တစ်လုံး မဆောက်လုပ်ခင်ကတည်းက ဆောက်လုပ်မယ့်ပတ်ဝန်းကျင်နဲ့ ပတ် သက်ပြီး အသေးစိတ် အသေအချာ လေ့လာသိထားသင့်ပါတယ်။
ဘယ်လိုမြေအမျိုး အစားဖြစ်မလဲဆိုတာကိုပါ။ အိမ်တစ်လုံးရဲ့ အခြေခံအုတ်မြစ်ချ ဆောက်လုပ်ဖို့အတွက် မြေအမျိုးအစားနဲ့ပတ်ဝန်းကျင်က အရေးကြီးပါတယ်။ အိမ် ဒီဇိုင်း၊ ဘယ်လိုပုံစံအခန်း ဖွဲ့မှုမျိုးတွေနဲ့ တည်ဆောက်သွားတာတွေကလွယ်ကူတယ် ဆိုပေမယ့် တကယ်တမ်း အိမ်ဆောက်လုပ်တဲ့နေရာမှာ မြေရွေးချယ်မှုနဲ့ကွဲလွဲတဲ့ ဆောက်လုပ်မှုတွေကြောင့်အိမ်တစ်လုံးရဲ့တာရှည်ခိုင်ခံ့မှုတွေမှာ ခံနိုင်ရည်မရှိတာ မျိုးတွေဖြစ်လာနိုင်ပါတယ်။ဒါ့ ကြောင့်မို့လို့နေပြီး သိပ်မကြာခင်မှာပဲ အိမ်ရဲ့ အခန်းတချို့မှာ ယိုယွင်းမှုတွေ၊ မြေပြို မှုတွေနဲ့ ပျက်စီးမှုတွေ ဖြစ်ပေါ်လာပြီး ပြန်လည်ပြုပြင်ရမယ့် ကုန်ကျစရိတ်ထပ်မံ ကုန်ကျလာနိုင်တာပဲဖြစ်ပါတယ်။

၂။ သင့်အိမ်ဆောက်လုပ်မှုကို တိကျသေချာတဲ့ ကန်ထရိုက်ဆောက်လုပ်သူတွေနဲ့သာ အပ်နှံပြီးဆောက်လုပ်ပါ။
လိုင်စင်ရအင်ဂျင်နီယာ ဆောက်လုပ်သူတွေပဲငှားငှား၊ ဒါမှမ ဟုတ် အိုးအိမ်တိုက်တာဆောက်လုပ်ခြင်းတွေအတွက် ဝါရင့်သမ္ဘာရင့်လက်သမားတွေ ကိုငှားငှား သင့်အိမ်ဆောက်လုပ်မှုကို စိတ်ချလက်ချတာရှည်ခိုင်ခံ့အောင် ဆောက်လုပ် ပေးမယ့် သူတွေကို ရွေးချယ်တတ်ဖို့လိုပါတယ်။ အိုးအိမ်ဆောက်လုပ်မှုအတွက် အိမ် ဆောက်ပစ္စည်းအုတ်၊ သဲ၊ ကျောက်၊ သွပ်၊ သံ၊ ဝါး ဘိလပ်မြေ စသဖြင့်တို့အသုံး၊ ရွေး ချယ်မှုနဲ့ အချိန်အဆကို တိတိကျကျနားမလည်ပဲ ပုံသေနည်းအတိုင်းတွက်ချက်ပြီး ဆောက်လုပ်လိုက်မယ်ဆိုရင် သင့်အိမ်ရဲ့တာရှည်ခံနိုင်ရည်က သက်တမ်းကြာရှည်ခံ နိုင်မှာမဟုတ်ပါဘူး။ ဒီ့အတွက်ကြောင့် လက်သမားငှားရမ်းခလည်းကုန်မယ်။ ကိုယ့် အိမ်အတွက်လည်း ပြီးပြည့်စုံ စိတ်ချထားလို့လည်း မရဆိုတော့ ငွေသာကုန်သွားတယ် စိတ်တိုင်းကျရတယ်လို့ ရှိတော့မှာမဟုတ်ပါဘူး။

၃။ ကြီးမားလွန်းတဲ့ အိမ်တစ်လုံးအဖြစ် မဆောက်လုပ်သင့်ပါဘူး။
အိမ်အသစ်မှာ မနေထိုင်ခင်ကတည်းက သင်ကအိမ်ထောင်ပရိဘောဂတွေ စုဆောင်း တတ်လို့ ပစ္စည်းတွေများပြားလွန်းနေရင်တော့ ကျယ်လွန်းတဲ့ အိမ်ကသင့်တော်အဆင် ပြေပေမယ့် ရေရှည်မှာတော့ မလွယ်ကူနိုင်ပါဘူး။ ဘာလို့လဲဆိုတော့စပြီးဆောက် လုပ်ကတည်းက အိမ်ကြီးမားလို့ ငွေကုန်ကြေးကျများခဲ့ရာကနေ နေထိုင်ပြီဆိုလည်း ထိန်းသိမ်းရတဲ့ အခြေအနေနဲ့ နောက်ပြီးပြန်လည်ပြုပြင်ရမယ့် ကုန်ကျစရိတ်တွေက လည်း မသေးပါဘူး။ အိမ်ကျယ်လေ ပိုပြီးထိန်းသိမ်းရလေပဲလို့ ဆိုရမှာပါ။ အိမ်ရဲ့ အဓိကလိုအပ်မယ့် အခန်းတွေအပြင် အခြားအပိုအခန်းတွေ၊ အသုံးမပြုတဲ့အခန်းတွေ ထည့်ပြီးတည်ဆောက်ထားတာကြောင့် အဲ့ဒီအခန်းပိုတွေအတွက်လည်း ထိန်းသိမ်းမှု၊ ပြင်ဆင်မှုတွေ ပြုလုပ်ရတာကြောင့် အပိုငွေတွေကုန်ကျနိုင်ပါတယ်။

၎။ သင့်အိမ်ကို ပြန်အရောင်းထုတ်လို့ရမယ့်ဈေးနှုန်းကို စဉ်းစားပါ။
ဒီ အိမ်မှာပဲ တစ်သက် လုံးနေထိုင်သွားမယ်လို့ စိတ်ကူးရှိရင်တော့ ဒီအကြောင်းကို ခေါင်းထဲထည့်စရာမလိုပါ ဘူး။ ဒါပေမယ့် အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ကြိုပြီးသိနိုင်တာမဟုတ်တော့ စကားအကုန်ပြောလို့မရပြန်ပါဘူး။ နောင် ၁၀ နှစ် ၁၅ နှစ်အတွင်း ကိုယ့်အိမ်ရဲ့ဈေးနှုန်းကဘယ်လောက်ထိ တန်ကြေးရှိသလဲ။ ဘယ်လောက် ဈေးနှုန်းနဲ့ ရောင်းချနိုင်မလဲဆိုတာကို စဉ်းစားထားပါ။ ဆိုကြပါစို့။ စပြီးဆောက်လုပ် တုန်းကတော့ တစ်သတ်တာနေထိုင်ဖို့ ဆောက်လုပ်ခဲ့ကြတယ်ဆိုပေမယ့်လည်း တစ် စုံတစ်ခုသော မလွှဲမရှောင်သာအခက်အခဲကြောင့် ကိုယ့်အိမ်ကို လက်တလော ပြန်ပြီး အရောင်းထုတ်ရတော့မယ်ဆိုရင်တော့ ကိုယ့်အိမ်ရဲ့ဆောက်လုပ်မှုကုန်ကျစရိတ်နဲ့ ဈေး ကွက်အနေအထား တန်ကြေးတို့ကို စုံစမ်းသင့်ပါတယ်။ အိမ်ခြံမြေအရောင်းလောကမှာ ရှိတတ်တဲ့ သဘောတရားလေးက ဘယ်လိုပဲ အိမ်အသစ်တစ်လုံးကိုရောင်းရောင်း မူလ က ရောင်းဝယ်တဲ့ဈေးနှုန်း၊ ဆောက်လုပ်တဲ့ဈေးနှုန်းအတိုင်းမရနိုင်တော့တာအမှန်ပါပဲ။ ဘာလို့လဲဆိုတော့ ပိုင်ရှင်က အရေးတကြီးရောင်းချင်လို့(ဗိုက်နာလို့) ပဲဖြစ်ဖြစ်၊ ဒါမှမ ဟုတ်တခြားချို့ယွင်းချက်တစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ်လို့ ဆိုပြီး အိမ်ဈေးနှုန်းကို နှိမ်ချိုး လိုက်ကြတာကြောင့်ပါပဲ။

၅။ စိတ်ကူးထဲက သီရိဂေဟာစံအိမ်လေးအတိုင်း တည်ဆောက်သွားဖို့စိတ်မကူးထားပါ နဲ့။
ကိုယ်ပိုင်အိမ်ကလေးနဲ့ နေထိုင်တော့မယ်ဆိုရင်တော့ ဘယ်လိုလှပတဲ့ အိမ်ကလေးနဲ့ နေထိုင်မယ်။ ဘယ်လောက်ကဗျာဆန်လိုက်မယ်။ စိတ်ကူးယဉ်အိပ်မက်ဆန်နေရမယ်။ ဘာအရောင်လေးသုတ်မယ်။ ဘယ်ဒီဇိုင်းလေးနဲ့ ဘယ်လိုလေးဆောက်လုပ်လိုက်မယ် ဆိုတဲ့ အတွေးတွေကို ခဏဘေးဖယ်ထားပြီး တကယ့်လက်တွေ့ဆန်တဲ့အိမ်အဆောက် အအုံမျိုးကိုပဲ ဆောက်လုပ်စေချင်ပါတယ်။ တကယ်လိုအပ်မယ့် အိမ်အနေအထားနဲ့ လို အပ်မယ့် အိမ်အသုံးအဆောင်တွေ အတွက်ပဲတည်ဆောက်ပြီး ငွေကုန်ကြေးကျခံသင့်ပါ တယ်။ အပေါ်ယံလှပ ခမ်းနားအောင်ဆောက်လုပ်ပြီး ဆောက်လုပ်မှုက မခိုင်ခံ့မသေ သပ်ရင်ဖြင့် အချိန်အကြာကြီးနေထိုင်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အပေါ်ယံအလှအပ က အချိန်အကြာကြီးမခံဘူးဆိုတာမျိုးပေါ့။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service