နယ်မြို့လေးတစ်ခုမှ အဖြစ်မှန်လေးပါ။ မြန်မာနိုင်ငံအစိုးရက အစိုးရဝန်ထမ်းတွေကို မြေနေရာလေးတွေချပေးလေ့ရှိပြီး အဲဒီမြေကွက်လေးတွေကို သက်ဆိုင်သူ ဝန်ထမ်းတွေက ပိုက်ဆံသွင်းပြီး ဝယ်ယူရပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်မ မိတ်ဆွေ အစိုးရဝန်ထမ်းက သူဝယ်ထားတဲ့ မြေကွက်ကို သူ့တူမ ဝမ်းကွဲတော်စပ်သူကို ပြန်ရောင်းလိုက်ပါတယ်။
အဲဒီ တူမက ငွေစု၊ မြေကွက်တန်ရာ
တန်ကြေးပေးချေပြီး ရေ/မီး သွယ်ဖို့ လျှောက်ထားတဲ့အချိန်မှာတော့ အဲဒီမြေကွက်ကို ပိုင်ဆိုင်သူတွေ ပေါ်လာပါတယ်။ အခုမှ ပေါ်လာတဲ့ အဲဒီ ပိုင်ဆိုင်သူ တွေအနေနဲ့လည်း ၎င်းမြေကွက်ကို ဝယ်ထားတာ (၃) ဆက်မြောက်ရှိပြီဖြစ်ကြောင်းနှင့် သူတို့ပိုင်ဆိုင်မှုကလည်း အမှန်အကန်ဖြစ်ကြောင်း အငြင်းပွားနေရပါတယ်။
ပိုင်ရှင်ဝန်ထမ်းကလည်း ယခုတိုင် သက်ရှိထင်ရှား ရှိနေသေးတော့ သူပိုင်ဆိုင်ကြောင်းနှင့် သူ့တူမ ကို သူကိုယ်တိုင်ရောင်းထားခြင်းဖြစ်ကြောင်း ရှင်းပြတာတောင်မှ တစ်ဖက်ကလည်း ဒီမြေကွက်ပိုင်ဆိုင်သူ ဖြစ်ကြောင်းကလည်း ခိုင်မာနေပါတယ်။
အစိုးရဝန်ထမ်းအနေနဲ့ ၎င်းပိုင်ဆိုင်သော မြေကွက်ရောင်းသွားသူကို တရားစွဲဆိုလို့ရမှန်း သိသော်လည်း ဘယ်သူ၊ ဘယ်ဝါက ဒီမြေကွက်ကို ၎င်းအယောင်ဆောင်ပြီး ရောင်းသွားကြောင်း မသိတဲ့အခါမှာတော့ ဘယ်သူ့ကို တရားစွဲလို့ ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့ရပါတယ်။ အရောင်းအဝယ်အဖြစ်နည်းတဲ့ နယ်ဒေသတွေမှာတောင် ယခုလို အလွဲသုံးစားပြုလုပ်သူတွေရှိနေတက်ပါတယ်။
အဲဒါကြောင့် ဘယ်နေရာ ဘယ်ဒေသ မှာဘဲ အရောင်းအဝယ်လုပ်သည်ဖြစ်စေ အရှုပ်အရှင်းကင်းရှင်းမှုရှိ၊ မရှိ သေချာ သတိထားလေ့လာပြီး အရောင်းအဝယ်ပြုလုပ်စေလိုကြောင်း အကြံပြုလိုက်ရပါတယ်။
Credit : Myanmar Property News