ကိုယ်ပိုင်အိမ်ဝယ်ယူပြီး နေထိုင်တော့မယ်ဆိုရင်

ကိုယ်ပိုင်အိမ်ဝယ်ယူပြီး နေထိုင်တော့မယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
22 Sep 2015 10:45 am တွင် တင်ခဲ့သည်
689 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူပွဲစားတွေ အချင်းချင်းအတွေ့အကြုံ တွေ ဖလှယ်စကားဆိုကြတဲ့နေရာမှာ အများဆုံးပြောဖြစ်ကြတဲ့ အ ကြောင်းအရာကတော့ ပထမဆုံး အိမ်ခြံမြေဝယ်ယူမယ့်သူတွေရဲ့ မှားတတ်တဲ့ အမှားတွေအကြောင်းပါပဲ။ ဒီလိုအမှားတွေနဲ့ သိထား သင့်တဲ့ အိမ်ခြံမြေဗဟုသုတအကြောင်းအရာတွေကို အိမ်ခြံမြေအ ရောင်းအဝယ်လုပ်ငန်းနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ တဲ့ ဝါရင့်ပွဲစားကြီးတွေက သိနားလည်အောင်ဆိုပြီး စေတနာနဲ့အ သိပေးတဲ့အခါတွေမှာ အချို့ဝယ်လက်တွေက မယုံကြည်တာတို့၊ နားမထောင်တာတို့၊ ကိုယ်နဲ့မရင်းနှီးတဲ့သူစိမ်းတွေ ဖြစ်နေတာ ကြောင့် စကားအရာမထင် မှတ်မှတ်သားသားမရှိတတ်ကြပါဘူး။

အရောင်းအဝယ်ပွဲဖြစ်ဖို့အရေးပဲ တိုက်တွန်းနေတဲ့ အရပ်ပွဲစားတွေ ရဲ့ မတတ်တခေါက် အတွေ့အကြုံတွေနဲ့ ခင်မင်ရင်းနှီးမှု အတိုင်းအ တာကို ခုတုံးလုပ်တတ်တဲ့ ပွဲစားတွေရဲ့ ညွှန်ကြားချက်အတိုင်းလိုက် နာပြီး လုပ်ချင်ရာဇွတ်လုပ်ကျတော့ နောက်ဆုံးအရောင်းမှား အဝယ် မှားဖြစ်ပြီး ကိုယ့်ရဲ့ပထမဆုံးနေအိမ်အတွက် စိတ်တိုင်းမကျဖြစ်ခဲ့ရ ကာ ဆုံးရှုံးနစ်နာမှုတွေနဲ့ ကြုံတွေ့လာကြရတာကို တွေ့ရပါတယ်။ ဒီ့ အတွက်ကြောင့် ပထမဆုံး ကိုယ်ပိုင်နေအိမ်ဝယ်ယူမယ့်သူတွေရဲ့ မှားတတ်တဲ့ အမှားသုံးခုအကြောင်းကို သိနိုင်အောင် ဖော်ပြ ပေးလိုက်ပါရစေ………

၁။ ပထမဆုံး အိမ်ဝယ်ယူတော့မယ်ဆိုရင် အခကြေးငွေယူပြီး ပွဲစား လိုက်လုပ်တဲ့ အိမ်ခြံမြေအကျိုးဆောင်တွေရဲ့ စကားကိုအပြည့် အဝ မယုံကြည်သင့်ပါဘူး။ အကယ်၍ ဒီလိုအခြေအနေမျိုးကို ပြုလုပ်ခဲ့ မိပြီးရင်လည်း မြန်မြန်အဆုံးသတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ငွေရေး ကြေးရေးနဲ့ ပတ်သက်တဲ့ရင်းနှီးမှုက တစ်ခါတစ်ရံ အလုပ်သဘော အရလောက်ပဲရှိကာ တာဝန်ယူမှုကင်းမဲ့ပြီး ယုံကြည်ရလည်းခက်ခဲ ပါတယ်။ ဒီတော့ ကိုယ်တကယ် ယုံကြည်ရတဲ့အတွေ့အကြုံရှိ အိမ် ခြံမြေလုပ်ကိုင်သူ တစ်ဦးတည်းဆီမှာ ကိုယ်လိုချင်တဲ့ အိမ်အနေအ ထားမျိုး၊ တတ်နိုင်တဲ့ဈေးနှုန်းကို ပွင့်ပွင့်လင်းလင်းနဲ့ ပြောပြပါ။ ငွေ ရေးကြေးရေးနဲ့ အကြံဥာဏ်ယူတိုင်ပင်တာထက် ခင်မင်မှုအတိုင်း အတာနဲ့ အကြံပေးတာတွေကို လက်ခံယူပါ။ သိလိုတဲ့ မေးခွန်းတွေ၊ အိမ်နဲ့ပတ်သက်တဲ့ ဈေးနှုန်း၊ အိမ်အပြင်အဆင်အချက်အလက်တွေ စာချုပ်စာတမ်း၊ ပိုင်ဆိုင်မှုအချက်အလက် ခိုင်လုံမှုရှိမရှိ စတာတွေ ကို ပြည့်ပြည့်စုံစုံ ရောင်းချမယ့်သူထံကနေ မေးမြန်းပါ။

၂။ အိမ်အရောင်းအဝယ်နဲ့ပတ်သက်ပြီး ကြိုတင်ပြီး စကားခံချုပ်ဆို ထားတဲ့ စာချုပ်စာတမ်းတွေ၊ ကတိကဝတ်ပြုတာတွေ မလုပ်ပါနဲ့။ နေ အိမ်ပိုင်ဆိုင်မှု အရောင်းအဝယ်ဆိုတာ သီးပင်စားပင်ဝယ်သလောက် မလွယ်ကူပါဘူး။ ကိုယ်တစ်သက်တာ ပိုင်ဆိုင်မှုနဲ့ထိုးပြီး အဝယ်လုပ် လိုက်ရတာပါ။ တစ်ချက်ကလေးတောင် အမှားမရှိရပါဘူး။ ဒီ့အ တွက် ကျိန်းသေပေါက် ဝယ်ယူဖို့မဖြစ်သေးတဲ့ အရောင်းအဝယ်ကို ပါးစပ်ကတိပေးပြီး မလုပ်ထားသင့်ပါဘူး။ နောက် အပြင်ပိုင်းပဲကြည့် ရုံနဲ့ စိတ်တိုင်းကျလို့ အရောင်းအဝယ်ဖြစ်သွားအောင်၊ ကိုယ်လိုချင် တဲ့ ဈေးရအောင်လို့ဆိုပြီး အလုပ်မဖြစ်ခင် နှစ်ဦးသားသာ သိတဲ့ စာချုပ်ချုပ်ထားတာတို့ မလုပ်သင့်ပါဘူး။ ကိုယ်တကယ်ဝယ်ယူ မယ့်အချိန်မှ အိမ်ရဲ့စိတ်တိုင်းမကျတဲ့ အခြေအနေတွေပေါ်လာတဲ့ အချိန် အချင်းချင်းမျက်နှာပျက်စရာဖြစ်လာတတ်ပါတယ်။ ဒီလိုမျိုး တစ်ကြိမ်အရောင်းအဝယ်မှာ ကမောက်ကမဖြစ်သွားခဲ့ရင် နောက် တစ်ကြိမ်မှာလည်း အဆင်ပြေနိုင်ဖို့ ခက်ခဲပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အိမ်ခြံမြေအရောင်းလောကမှာ စကားအရာပျံ့ဖို့ကအရမ်း ကိုလျင်မြန်ပြီး အရောင်းအဝယ်ပွဲစားတစ်ဦးနဲ့ တစ်ဦးကလည်း အချိတ်အဆက်ကောင်းတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အမှားတွေနဲ့ ကိုယ်လိုချင်တဲ့ ဈေးတွေအကြောင်း သိပြီးသားမို့ပါပဲ။

၃။ ကိုယ်ပိုင်အိမ်နဲ့ ပထမဆုံးဝယ်နေဖို့အတွက် အရမ်းဈေးကြီးတဲ့ နေအိမ်မျိုးဝယ်မနေသင့်ပါဘူး။ ဈေးအသင့်အတင့်နဲ့ ကိုယ်တတ် နိုင်သလောက်ပဲ အရင်ဆုံးဝယ်နေလိုက်ပါ။ ဒါကလည်း ပထမဆုံး ကိုယ်ပိုင်အိမ်နဲ့နေထိုင်မယ့် သူတွေအများဆုံး မှားတတ်ကြတဲ့ အ မှားမျိုးပါပဲ။ အရင်ကိုယ်ပိုင် အိမ်မရခင်ကတည်းက ကြိုပြီးစိတ်ကူး ယဉ်တတ်ကြတဲ့ လက်တွေ့မဆန်တဲ့ စိတ်ကူးတွေကြောင့် ဆန္ဒစော သွားတာတွေကြောင့်လည်း ဖြစ်ပါတယ်။ အခြေအနေတစ်ခုဆိုတာ ကြိုတင်မမြင်ရတဲ့အတွက် ဒီလိုမျိုး တန်ဖိုးကြီးကြီးအိမ်တစ်လုံး ကိုယ်ဝယ်နေလိုက်မယ်ဆိုရင် ကိုယ့်အတွက် အခြားအသုံးစရိတ် တွေမကာနိုင်တော့ပါဘူး။ နေအိမ်တစ်လုံးမှာ နေထိုင်လို့အဆင်ပြေ ရင် တစ်သက်တာလုံးအတွက် မပူပန်ရပေမဲ့ နေထိုင်လို့အဆင်မပြေ ရင်တော့ အလွန်ဆုံးနေနိုင် လေးငါးနှစ်ထက်မပိုပါဘူး။ အဲ့ဒီအခါကျ မှ ဒီလိုမျိုးဈေးကြီးကြီး အိမ်တစ်လုံးကို ပြန်ရောင်းထွက်ဖို့က သိပ်ကို ခဲသွားပါပြီ။ ပတ်ဝန်းကျင်ကလည်း အဆင်မပြေ၊ နေအိမ်ကလည်း လို့မကောင်းလို့ နောက်တစ်အိမ်ပြောင်းဖို့တောင် မလွယ်ကူနိုင်တော့ တဲ့အတွက်ကြောင့်ပါ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service