တိုက်ခန်းကြို ပွိုင့်ဝယ်ယူသူများ ကြိုတင်သိထားရမည့်အချက်များ

တိုက်ခန်းကြို ပွိုင့်ဝယ်ယူသူများ ကြိုတင်သိထားရမည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
14 Sep 2015 12:07 pm တွင် တင်ခဲ့သည်
15407 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ယနေ့နံနက် အချိန်တွင် ၈း၀၀ နာရီအချိန်တွင် ရုံးသွားဖို့ ပြင်ဆင်နေစဉ် အမည်မသိ သူတစ်ဦးက ဖုန်းဆက်သည်။ “ဆရာခေတ္တရာမြင့်အောင်ပါလားရှင် ။“ဟုတ်ပါတယ်ခင်ဗျာ ၊ ဘာများအကူအညီပေးရမလဲ ”။

“ကျွန်မကကိုဇော်လင်းတို့တိုက်ခန်းတစ်ခန်း ကြို ပွိုင့်ဝယ်တုန်းက တိုက်ခန်းအရောင်းအ၀ယ် ကြိုပွိုင့်စာချုပ်ချုပ်ပေးတာ၊ အခုတိုက်ခန်းဝာယ်ပြီးလို့ ၀ယ်တဲ့တိုက်ခန်းအပေါ် တက်နေကြပြီးလေ”။ “ဟုတ်ကဲ့”။ “တိုက်ခန်းကြို ပွိုင့်ဝယ်ချင်သူ ” “အဲ့ဒါကျွန်မလဲ ကြို ပွိုင်တစ်ခန်းဝယ်ချင်လို့ပါ။

ဆရာ့အနေနဲ့ကိုဇော်လင်းတို့စာချုပ်လိုပဲ ကန်ထရိုက်တာခိုင်ခိုင်မာမာလေးဖြစ်အောင် စာချုပ်ချင်ပါတယ်၊ ဆရာလိုက်ပါဆောင်ရွက်ပေးလို့ ရပါလားရှင်”။ “ဟုတ်ကဲ့ရပါတယ်”။
“ဒါဆိုကျွန်မ၁၀နာရီလောက်မှာကားနဲ့လာခေါ်ပါ့မယ်၊ စောင့်ပေးပါနော်။ဆရာ”။ဟုတ်ကဲ့ရပါတယ်၊ဒါနဲ့ဘယ်မှာလိုက်ပြီးစာချုပ်ပေးရမှာလဲ မဆွေရဲ့ ”။ “အော်ဟုတ်သားပဲ၊ အရေးကြီးတာပြောဖို့ကျတော့မေ့သွားတယ်၊ ဆရာတို့တောင်ဒဂုံနဲ့မဝေးပါဘူး”၊ သင်္ဃန်းကျွန်းကြီးပွားရေးရပ်ကွက်မှာပါ ဆရာ”။ ကောင်းပြီလေ၊ အိမ်ကပဲစောင့်နေပါ့မယ်”။

“ဟုတ်ကဲ့၊ ကျေးဇူးပါပဲ” ဟုဆိုကာဖုန်းပိတ်သွားသည်။ “ကောင်းသတင်းကြောင့်မိတ်ဆွေသစ်တိုးလာ” မဆွေပြောတဲ့သူငယ်ချင်းဇော်လင်းဆိုသူမှာ ဆောက်လုပ်ရေးကုမ္မဏီတစ်ခုမှမန်နေဂျာတစ်ယောက်ဖြစ်သည်။ကျွန်ုပ်တို့တစ်ရပ်ကွက်တည်း နေသူဖြစ်၍ သင်္ဃန်းကျွန်းမြို့ နယ်၊ ငမိုးရိပ်ရပ်ကွက်တွင် တိုက်ခန်းကြို ပွိုင့်ဝယ်စဉ်က လိုက်ပါဆောင်ရွက်ပေးဖူးသည်။

ယခုဖုန်းဆက်သူမဆွေမှာ ကိုဇော်လင်းညွန်ပြလိုက်၍ ကျွန်ုပ်ထံဆက် သွယ်လာသူဖြစ်သည်။ သတ်မှတ်ချိန် နံနက် ၁၀ နာရီမှာတော့ မဆွေနှင့် သူ၏အမျိုးသားတို့ ကျွန်ုပ်ထံကားဖြင့်ရောက်လာကြ သည်။ ကျွန်ုပ်လည်း ကားပေါ်ရောက်သည်နှင့် တိုက်ခန်းကကြို ပွိုင့်ဝယ်မှာဆိုတော့ ဘယ်နှစ်လွှာလဲ ၊ တန်ဖိုးကဘယ်လောက်နဲ့ချုပ်မှာလဲ စသည်ဖြင့်စာချုပ်တွင်ရေးသွင်းရမည့် အချက်များကိုမေးလိုက်ခြင်းဖြစ်သည်။ “

၅လွှာကိုသိန်း ၁၇၀ နဲ့ကြိုပွိုင့်စာချုပ်မှာပါ ဆရာ၊ ပြည့်ပြည့်စုံစံလေးရေးပြီးချုပ်ပေးပါနော် ဆရာ၊ ဇော်လင်းတို့ကတော့တိုက်ပြီးသွားလို့ တိုက်ပေါ်တက်နေကြပြီလေ၊ အဲ့ဒါကြောင့်ဆရာ့ကို အားကိုးပြီးလာခေါ်တာပါရှင့်” “ကြိုတင်သိထားရမည့် ကြိုပွိုင့်တိုက်ခန်းအတွေ့အကြုံ” “ကန်ထရိုက်တိုက်ခန်း ၀ယ်ယူတဲ့ အခါ ကြို တင်သိထားရမယ့် အချက်တွေရှိတယ်လေ” “ဟုတ်ကဲ့ရှင်းပြပါဦး ဆရာ” “မြေရှင်နဲ့ကန်ထရိုက်တာကိုအခန်းပေး၊ အခန်းယူချုပ်ဆိုတဲ့စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရှိသည့် တိုက်ခန်း ဟုတ်/မဟုတ် မြေရှင်နှင့်ကန်ထရိုက်တာ လုပ်ငန်းအပ်နှံ/လက်ခံခြင်းနှစ်ဦး သဘောတူစာချုပ်(မူရင်း)” ကိုကြည့်ပြီး မိတ္တူ တစ်စုံတောင်းရမယ်။

“ဟုတ်ကဲ့” “နာမည်ပျက်ရှိတဲ့ ကန်ထရိုက်တာ ဟုတ်/မဟုတ်၊ ငွေကြေးပြည့်စုံတဲ့ ကန်ထရိုက်တာဟုတ်/မဟုတ် စုံစမ်းထား ရမယ်၊ တော်ကြာကိုယ်တိုင်လိုင်စင်ကန်ထရိုက်တာမဟုတ်ရင်တစ်ဝက်တစ်ပျက်ပဲလုပ်ငန်းလုပ်ပြပြီး ရှောင်ပြေးသွားရင်ဘယ်လို လုပ်မလဲ” “အဲ့ဒီလို ကန်ထရိုက်ထွက်ပြေးသွား တာတွေရှိသလား ဆရာ” “အင် ပြောမယုံကြုံ ဖူးမှသိဆိုသလို ဆရာတို့ကတော့ အဲ့ဒီလိုအမှုမျိုးကို မကြာခဏကြုံ တွေ့ရလို့ ကြို ပွိုင့်ဝယ်တဲ့သူတွေနေရာ က၀င်ကြည့်ပြီး စိတ်ပူတယ်လေ၊ ဒါကြောင့်စေ့စပ်သေချာတဲ့ စာချုပ်ချုပ်ပေးရတာပေါ့” “ဟုတ်ကဲ့ ပါ ဆရာ” “တာဝန်ကိုယ်စီရှိကြတယ်” “ဟော့အရေးကြီးဆုံးကတော့ ကိုယ်ဝယ်တဲ့စာချုပ်မှာ “၀ယ်ယူသည့်တိုက်ခန်းကို မည်သည့်နေ့ရက်၌ နောက်ဆုံးထားပေးအပ်ရမည်” ဆိုတဲ့အချက်ကတော့ အရေးအကြီးဆုံးပဲလေ၊ ဒါကလည်းသတ်မှတ်ရက်မှာ တိုက်ခန်းမအပ်နိုင်ရင် ပေးထားတဲ့ငွေရဲ့ နှစ်ဆကို ၀ယ်သူကပြန်ရမှာပေါ့၊ ၀ယ်သူဘက်ကလည်း အရစ်ကျပေးခဲ့ရင် သတ်မှတ်တဲ့ ရက်မှာ ပျက်ကွက်ခဲ့ရင် ပေးထားတဲ့ငွေ အဆုံးရှုံးခံပါမည်ဟု သဘောတူစာချုပ်ရမှာ ဆိုတော့ သူ့ဘက်ကိုယ့်ဘက် အပြန်အလှန်တာဝန်ရှိတာပေါ့” “ဟုတ်ကဲ့ပါရှင့်” “မကြာခဏသွားကြည့်လေကောင်းလေ” ကြိုပွိုင့်ဝယ်သူများအနေနဲ့ ကိုယ်ရရှိမယ့် တိုက်ခန်းနဲ့ပတ်သက်ပြီး ဘယ်နေ့မှာမြေတူးပြီလဲ၊ ဖောင်ဒေးရှင်းချပြီလား၊ ဘယ်နှစ်လွှာပြီးပြီလဲ၊ ကိုယ်ဝယ်တဲ့အခန်းဆောက်နေပြီးဆိုရင် ကန်ထရိုက်တာနဲ့ မိမိချုပ်ဆိုထားတဲ့ စာချုပ်ထဲပါတဲ့ အခန်းဖွဲ့စည်းပုံတွေ အတိုင်း လုပ်ပေးရဲ့ လား၊ ဥပမာ ရေချိုးခန်းနဲ့အိမ်သာကို ကြွေပြားကပ်ပေးရဲ့ လား စသည်ဖြင့် ဒါတွေကိုမကြာခဏသွားကြည့်ရမယ်၊ ကိုယ့်အခန်းကိုကြည့်ခွင့်ပြု ဖို့လည်း ၀ယ်သူနဲ့ကန်ထရိုက်တာ သဘောတူညီချက်ရှိရမယ်၊ တိုက်ခန်းပြီးသွားပြီဆိုတာနဲ့ ကိုယ်ဝယ်တဲ့တိုက်ခန်းပေါ် တက်နေခြင်တိုင်းနေလို့မရဘူး၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ၊ အဆောက်အအုံး/ အင်ဂျီနီယာငှာနက BCC လူနေထိုင်ခွင့် လက်မှတ်ရမှ တက်နေလို့ရတယ်၊ ဒီအချက်တွေကို ကြိုတင်သိထားဖို့လိုတယ်။ စာချုပ်မှာတော့ ပြည့်ပြည့်စုံစုံ ထည့်ပြီးချုပ်ပေးမှာပေါ့” “ ကျေးဇူးတင်ပါတယ် ဆရာ” “လွန်ခဲ့တဲ့ ၁၀ စုနှစ်ကအတွေ့အကြုံ” ကန်ထရိုက်တာတွေစပြီးခေတ်စားစအချိန်တုန်းကဆိုရင် ကန်ထရိုက်တာတွေ တိုက်ကိုပြီးအောင်မဆောက်ဘဲ ထွက်ပြေးလို့ သူ့ရဲ့ ဇနီး သို့မဟုတ် အမွှေဆက်ခံသူတွေကို တရာမမှုနဲ့တရားစွဲဆိုတာရှိခဲ့တယ်၊ ဆရာကိုယ်တိုင်ရှေ့ နေလိုက်ပေးရတဲ့ အတွေ့အကြုံတွေလည်းရှိဖူးတယ်လေး၊ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကဆိုရင် အုတ်ဈေး ၊ ဘိလပ်မြေဈေး၊ သံချောင်းဈေးတွေက အခုလိုတည်ငြိမ်တာမဟုတ်ဘူး၊ဘိလပ်မြေတို့သံတို့က နိုင်ငံခြားကတင်သွင်းရတာဆိုတော့ နိုင်ငံခြားကအ၀င်နည်းရင် ဈေးနှုန်းတွေခေါက်ချိုး ၁ဆ၊ ၂ ဆတက်သွားတာ၊ အဲ့ဒီတော့ကန်ထရိုက်တာတွေကမခံနိုင်တော့ ထွက်ပြေးကုန်ကြတယ်၊ ဆောက်လက်စတန်လန်း အပြီးမသတ်နိုင်တော့ဘူး၊ အိမ်ရှင်လည်း ပက်လက်လန်တော့တာပဲ၊ အဖေကယ်ပါ၊ အမေကယ်ပါဖြစ်ကုန်တာပဲ” “ဟုတ်လား ဆရာ” “အကယ်ဒမီ ၃ ထပ်ကွမ်းရတဲ့ ကြို ပွိုင့်တိုက်ခန်းတွေရှိခဲ့” အဲ့ဒီထက်ပိုဆိုးတာက ကန်ထရိုက်တာလုပ်တဲ့သူတွေကလည်း သူတို့မှာငွေတိုးတွေနဲ့ဆွဲပြီး ဆောက်တာဆိုတော့ မခံနိုင်တဲ့အဆုံး ကန်ထရိုက်တာရတဲ့အခန်းတွေကို နှစ်ဦး/သုံးဦးအထိ လက်မှတ်ထိုးရောင်းပြီး ထွက်ပြေးသွားကြတယ်လေ၊ သူတို့လည်းကမ္ဘာမီးလောင်သားကောင်ချနင်းတဲ့သဘောပေါ့၊ ဒါကြောင့်ကြို ပွိုင့်ဝယ်ရင်ကန်ထရိုက်တာလုပ်သူဟာ ငွေကြေးပြည့်စုံရဲ့ လားစုံစမ်းရမယ်၊ ကန်ထရိုက်တာထွက်ပြေးပြီးလို့လည်းကြားရော ၀ယ်ထားသူတွေဦးရာလူတက်နေကြတော့တာပဲ၊ မြေရှင်လည်းဘားမှမတက်နိုင်တော့ဘူး ၊ တစ်နေ့တစ်နေ့ ကန်ထရိုက်ပေးရမယ့်အခန်း၊ ကြိုပွိုင့်နဲ့ဝယ်ထားသူတွေအချင်းချင်းရန်ဖြစ်စကားများလို့
မြေရှင်က ရ့ဝ့ကရုံးမှာခေါ်ပြီးညှိနိုင်းဖြေရှင်း ရတာလည်း အကြိမ်ပေါင်းမနည်းဘူး၊ အဲ့ဒီတုန်းကအဖြစ်အများဆုံးက ရန်ကုန်မြို့ ထဲမှာများတာပေါ့၊ အခုလိုမြို့ သစ်တွေမှာ ကန်ထရိုက်ဆောက်တာ ခေတ်မစားသေးဘူး” “ဒီအကြောင်းတွေပြောမယ်ဆိုရင် တစ်ထောင့်တစ်ညပုံပြင်လို ပြောလို့ပြီးမှာမဟုတ်ဘူး မဆွေရေ” “ဟုတ်ကဲ့ဆရာပြောလို့နားထောင်ကြည့်လိုက်တော့ ကြိုပွိုင့်ဝယ်ရတာ မလွယ်ပါလားနော်” “ဒါကြောင့်စာချုပ်တာအရေားကြီးလို့ ကန်ထရိုက်တိုက်ဆောက်တာတွေ ပိုပိုများလာတဲ့အခုလို အချိန်မျိုးမှာ ရှေ့ နေနဲ့ခေါ်ပြီးစာချုပ်တာ အကောင်းဆုံးပေါ့” “စာချုပ်ထဲမှာတော့ နှစ်ဦးစလုံး တစ်ဖက်ဖက် ပျက်ကွက်လို့မရဘူး၊ ပျက်ကွက်ခဲ့ရင်လူမှုရေးအရ ထပ်ပြီးညှိနှိုင်းမယ်၊ ညှိနှိုင်းလို့လည်းမပေးဘူး၊ တိုက်ခန်းလည်းမပေးဘူး ဆိုရင်တော့ ပြစ်မှုအနေနဲ့ရော၊ တရားမမှုအနေနဲ့ရောစွဲဆိုပြီး အခွင့်အရေးရအောင်တောင်းဆိုနိုင်တဲ့ဥပဒေ အချက်အလက်တွေထည့်ထားပါတယ်” “ကောင်းပါတယ် ဆရာ” ဆက်လက်ဖော်ပြပါမည်။

Credit : Golden Hexagon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service