၁၉၆၀ ပြည့်နှစ်၊မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ (အဆက်)
ပုဒ်မ-၃(၂)။ ဥပစာတစ်ခုခုသည်မြို့ပြဒေသတွင် ပါဝင်/မပါဝင် သို့တည်းမဟုတ်ဤ အက်ဥပေဒနှင့်သက်ဆိုင်ခြင်းမှပုဒ်မခွဲ (၁) အရအမိန့်ကြော်ငြာစာထုတ်ပြန်၍ ကင်းလွတ်ခွင့် ပြုထားသောဒေသ သို့တည်းမဟုတ် ဥပစာ အမျိုးအစားတစ်ခုခုတွင် ပါဝင်/မပါဝင်ဟူသော ပြဿနာပေါ်ပေါက်လျှင် ထိုပြဿနာနှင့်စပ်လျဉ်း၍နိုင်ငံတော်သမ္မတ၏ ဆုံးဖြတ်ချက်သည် အပြီးသတ်အတည်ဖြစ်စေရမည်။
ပုဒ်မ-၃(၃) အိမ်ငှားများအတွက်နေရာထိုင်ခင်းနှင့် တကွအစားအသောက်ကိုပါစီမံထားရှိသော ဥပစာတစ်ခုခုကိုနိုင်ငံတော်သမ်္မကအမိန့်ကြော်ငြာစာဖြင့်ခရီးသည် များတည်းနိုင်ရန်အတွက်အဓိကရည်ရွယ်ထားသည့် ဥပစာအဖြစ်ထုတ်ပြန်ကြေညာထားလျှင်ထိုဥပစာမှာဤအက်ဥပဒေပုဒ်မ ၉-၁၂ သို့တည်းမဟုတ်ပုဒ်မ -၁၃ ပါမည်သည့် ပြဋ္ဌာန်းချက်နှင့်မျှသက်ဆိုင်ခြင်းမရှိစေရ။
ပုဒ်မ-၄။။ ဤဥပဒေအာဏာတည်သည့်မြို့ပြဒေသအတွက်ကြီးကြပ်ရေးဝန်--နှင့်လက်ထောက်ကြီးကြပ်ရေးဝန်တစ်ဦး သို့တည်း မဟုတ်အများကို နိုင်ငံတော်သမ္မတကအမိန့်ကြော်ငြာစာထုတ်ပြန်၍ခန့်ထားနိုင်သည့်ပြင်ယေဘုယျသို့တည်းမဟုတ် အထူးအမိန့်ဖြင့် လက်ထောက်ကြီးကြပ်ရေးဝန် တစ်ဦးဦးအားလည်းကြီးကြပ်ရေးဝန်၏ အာဏာအားလုံးကိုဖြစ်စေ၊အာဏာတစ်ခုခုကိုဖြစ်စေအပ်နှင်းနိုင်သည်။
ပုဒ်မ-၅(၁)။။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ဥပစာတစ်ခုခုနှင့်စပ်လျဉ်း၍ “ငှားရမ်းခ” ကို “စံငှားရမ်းခ” ထက်ပို၍တိုးမြှင့်ထားလျှင်သို့တည်းမဟုတ်ဤမှနောက်တွင်တိုးမြှင့်လျှင် ယင်းသို့တိုးမြှင့်ထားသည့် ငှားရမ်းခကစံငှားရမ်းခထက်ပိုသမျှသော ငွေပေါင်ကိုပေးဆောင်ရန် ချုပ်ဆိုထားသည့် သဘောတူစာချုပ်တွင် မည်သို့ပင်ပါရှိစေကာမူအရ တောင်းခံနိုင်ခွင့်မရှိစေရ။သို့ရာတွင်ဤပုဒ်မပါမည်သည့် ပြဋ္ဌာန်းချက်မျှ အောက်ပါငှားရမ်းခတစ်ခုခုနှင့်မသက်ဆိုင်စေရ ...။
(က) ဤဥပဒေစတင်အာဏာမတည်မီကပေးရန်ရှိသည့် ... ငှားရမ်းခ
ပုဒ်မ-၅(၂)။။ပုဒ်မခွဲ(၁)ပါကိစ်္စအလို့ငှာ “ငှားရမ်းခများ” ကိုတစ်ရက်ပြီးတစ်ရက်ပေးရမည့်ငှားရမ်းခဖြစ်သည်ဟုမှတ်ယူရမည်။
ပုဒ်မ-၆။။အိမ်ရှင်သည်“ဥပစာ”ကို ပြုပြင်ထား ရှိရာ၌ဆောက်လုပ်ရေး ပစ္စည်းများဈေးနှုန်းကြီးမြင့်သည့် အတွက်အသုံးစရိတ်ပိုမိုကုန်ကျလျှင်သော်လည်းကောင်းတိုးတက်ကောင်းမွန်အောင် ပြုပြင်ခြင်းသို့တည်း မဟုတ်ပုံသဏ္ဌာန် ပြောင်းလဲဆောက်လုပ်ခြင်းအတွက်အသုံးစရိတ် (မွမ်းမံတန်ဆာဆင်ခြင်းသို့တည်းမဟုတ် ပြုပြင်ခြင်းအတွက်အသုံးစရိတ်များမပါဝင်) ကုန်ကျလျှင်သော်လည်းကောင်း၊ကြီးကြပ်ရေးဝန်ထံ “စံငှားရမ်းခ” မြင့်ပေးရန်လျှောက်ထားနိုင်သည်။
ပုဒ်မ-၇(၁အငှားချထားသည့် စည်းကမ်းချက်များပြောင်းလဲခြင်းကြောင့် ဥပစာတစ်ခုခုလက်ရှိထားသည့် အတွက်လိုက်နာရမည့် စည်းကမ်းချက်များ၊အိမ်ငှား၏အခွင့်အရေးများမှာယေဘုယျအား ဖြင့်ယခင် စည်းကမ်းချက်များအရပေးသော အခွင့်အရေးများအောက်ယုတ်လျော့နည်းပါးလျှင် “ငှားရမ်းခ” အဖြစ်ပေးရမည့်ငွေကို တိုးမြှင့်သည်ဖြစ်စေ၊မတိုးမြှင့်သည်ဖြစ်စေ၊ဤအက်ဥပဒေအဓိပ်္ပာယ်အရ“ငှားရမ်းခ”ကိုတိုးမြှင့်သည်ဟုမှတ်ယူရမည်။
ပုဒ်မ-၇(၂) ။ အငှားချထားသည့်စည်းကမ်းချက်များ ပြောင်းလဲခြင်းကြောင့် ဥပစာတစ်ခုခုအားလက်ရှိထားသည့်အတွက် လိုက်နာရမည့်စည်းကမ်းချက်များအရ“အိမ်ငှား”၏အခွင့်အရေးများမှာယေဘုယျအားဖြင့်ယခင်စည်းကမ်းချက်များအရပေးသောအခွင့်အရေးများ အောက်ယုတ်လျော့နည်းပါးခြင်းမရှိလျှင် “ငှားရမ်းခ” အဖြစ်ပေးရသည့်ငွေကိုတိုး မြှင့်သည်ဖြစ်စေ၊မတိုးမြှင့်သည်ဖြစ်စေ၊ဤအက်ဥပဒေအဓိပ်္ပာယ်အရ “ငှားရမ်းခ” ကိုတိုးမြှင့်သည်ဟုမမှတ်ယူရ။
ပုဒ်မ-၈။။ အိမ်ရှင်သည်ဥပစာတစ်ခုခုနှင့်စပ်လျဉ်း၍စည်ပင်သာယာခွန်ခိုင်ကြေး သို့တည်းမဟုတ် အခြားအခွန်များကို ပေးဆောင်လျှင် ထိုစည်ပင်သာယာခွန်၊ခိုင်ကြေးသို့တည်းမဟုတ်အခြားအခွန်များအတွက် အခါအားလျော်စွာမိမိပေးဆောင်ရသောငွေက“အခွန်စည်းကြပ်ရာကာလအပိုင်းအခြားအတွင်းပေးဆောင်ခဲ့သောငွေထက်ပိုမိုသည်နှင့်အမျှ “စံငှားရမ်းခ” ကိုတိုးမြှင့်ပေးရန်ကြီးကြပ်ရေးဝန်ထံလျှောက်ထားနိုင်သည်။
ပုဒ်မ-၉(၁) ။။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဥပစာတစ်ခုခုအတွက “ငှားရမ်းခ” ကိုတိုးမြှင့်ခွင့် ပြုနိုင်သည့် ကိစ္စရပ်တိုင်းတွင်အိမ်ရှင်မှငှားရမ်းခတိုးမြှင့်ကြံရွယ်ကြောင်းနို့တစ်စာကို “ကြီးကြပ်ရေးဝန်” ထံမှ “စံငှားရမ်းခ” သတ်မှတ်သည့်သက်သေခံလက်မှတ်နှင့်တကွ“အိမ်ငှား”အပေါ်ချမှတ်ပြီးနောက်“တစ်လမကုန်မီ” ထိုသို့တိုးမြှင့်ထားသည့်“ငှားရမ်းခ”ကိုအရတောင်းခံနိုင်ခွင့်မရှိစေရ။
ပုဒ်မ-၉(၂) ။အဆိုပါနို့တစ်စာကိုအိမ်ငှားတစ်ဦးအပေါ်ချအပ်ပြီးဖြစ်လျှင်နောက်အိမ်ငှားတစ်ဦးအပေါ် “နို့တစ်စာအသစ်” မချအပ်ဘဲ၊တိုးမြှင့်ထားသည့်ငှားရမ်းခကိုတောင်းခံနိုင်သည်။
ပုဒ်မ-၁၀။။ မည်သူမျှဥပစာတစ်ခုခုအငှားချထားခြင်း သို့တည်းမဟုတ်အသစ် ပြန်၍ အငှားချထားခြင်းသို့တည်း မဟုတ်ဆက်လက် အငှားချထားခြင်းကြောင့် ငှားရမ်းခအပြင်နောက်ထပ်ဒဏ်ငွေ စပေါ်ငွေသို့တည်း မဟုတ်ငွေပေးဆောင်ရန် မတောင်းဆိုရ၊သို့တည်းမဟုတ် တစ်လအတွက် ငှားရမ်းခထက်ပိုသော“စရန်ငွေ”ကိုမတောင်းဆိုရ။
သို့ရာတွင် ဤပုဒ်မပါမည်သည့် ပြဋ္ဌာန်းချက်ကမျှချုပ်ဆိုခဲ့သော သဘောတူစာချုပ်အရ“ငွေပေးခြင်း”နှင့်မသက်ဆိုင်စေရ။
ပုဒ်မ-၁၁(၁) ။။အခြားဥပဒေတစ်ခုခု တွင်မည်သို့ပင်ပါရှိစေကာမူကြီးကြပ် ရေးဝန်သည် ဤအက်ဥပဒေနှင့်သက်ဆိုင်သည့် အဆောက်အအုံတွင် လက်ရှိနေထိုင်သောပုဒ်မ၁၃ (၁) ပါ ပြဋ္ဌာန်းချက်များအရနေထိုင်ခွင့်ရသူအပါအ၀င် “အိမ်ငှား” ၏လျှောက်ထားချက် အရထိုအဆောက်အအုံပိုင်ရှင်အိမ်ရှင်အပေါ်“နို့တစ်စာ” ချအပ်စေ၍အဆိုပါအဆောက်အအုံကို လူနေထိုင်သည့်အခြေအနေတွင် ထားရှိရန်လိုအပ်သည်ဟုမိမိ ထင်မြင်သဘောရရှိသော ပြုပြင်မှုတစ်ရပ်ရပ် သို့တည်း မဟုတ်အရပ်ရပ်ပြုလုပ်စေရန်သော်လည်းကောင်း၊ရေသို့တည်းမဟုတ်လျှပ်စစ်ဓာတ်အားပေးသွင်းမှုမှစ၍ရေပြွန်နှင့်မိလ္လာပြွန်များ ပြုပြင်ထားရှိမှုအတွက်လိုအပ်သော“စီမံချက်များ” ပြုလုပ်ပါကထိုစီမံချက်များ ပြုလုပ်စေရန်ဆင့်ဆိုရမည်။
ရှင်းလင်းချက် - ဤပုဒ်မခွဲပါကိစ္စအလို့ငှာ“ပြုပြင်မှု” ဆိုသည်မှာ အဆောက်အအုံများကို ကောင်းမွန်စွာအိမ်ငှားနေထိုင်နိုင်သည့် အခြေအနေ၌ထားရှိရန်လိုအပ်သော ပြုပြင်မှုကိုဆိုလိုသည်။ထို့ပြင်အတိအလင်းချုပ်ဆိုထားသောသဘောတူစာချုပ်အရ “ပြုပြင်မှု” တစ်ခုခုအတွက်အိမ်ငှားကတာဝန်ခံလျှင် ထိုပြုပြင်မှုအတွက်အိမ်ရှင်၌တာဝန်ရှိသည်ဟုမမှတ်ယူရ။
ပုဒ်မ-၁၂(၁) ။။ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေတွင်လည်းကောင်း၊ ပဋိညာဉ်အက်ဥပဒေတွင်သော်လည်းကောင်း၊ရန်ကုန်မြို့တော်တရားမရုံးအက်ဥပဒေတွင်လည်းကောင်း၊ မည်သို့ပင်ပါရှိစေကာမူ ဤအက်ဥပဒေနှင့် သက်ဆိုင်သောဥပစာကို ပြန်လည်သိမ်းပိုက်ရန်အတွက်ဖြစ်စေ၊ထိုဥပစာမှအိမ်ငှားကိုနှင်ထုတ်ရန်အတွက် ဖြစ်စေ၊မည်သည့်အမိန့်သို့တည်းမဟုတ် “ဒီဂရီ” ကိုမျှအောက်ပါကိစ္စရပ်များမှ တစ်ပါးချမှတ်ခြင်းမပြုရ။
(က) အိမ်ငှားထံမှတရားဥပဒေနှင့်အညီရထိုက်သော “ငှားရမ်းခ” အတွက်တောင်းဆိုသည့် စာကိုစာပို့တိုက်မှမှတ်ပုံတင်၍ အိမ်ငှားထံပေးပို့ပြီးသည့် နောက်ထိုသို့တောင်းဆိုသည့် နေ့မှစ၍ရက်သတ်္တပတ် (၃)ပတ်အတွင်း ထိုငှားရမ်းခကို အိမ်ရှင်အားမပေးဘဲ သို့ တည်းမဟုတ်ကြီးကြပ်ရေးဝန်ထံပုဒ်မ (၁၆)အရမပေးသွင်းဘဲနေသည်ကို “သို့တည်းမဟုတ်” အငှားချထားမှုနှင့်စပ်လျဉ်း၍ အိမ်ငှားချထားမှုပဋိညာဉ်အရဖြစ်စေ၊ဤအက်ဥပဒေအရဖြစ်စေ တင်ရှိသည့်အခြားတာဝန်တစ်ခုခုကိုဖောက်ဖျက်သည် သို့တည်းမဟုတ်မဆောင်ရွက် ဘဲနေသည့်ကိစ္စ၊သို့တည်းမဟုတ် ...
(ခ) အိမ်ငှားထံမှရရှိသောငှားရမ်းခ အတွက်“တရားမရုံး”ကအိမ်ရှင်အားအနိုင်ပေး၍ အိမ်ငှားအပေါ်အမိန့်သို့တည်းမဟုတ်ဒီဂရီချမှတ်ထားသည့်ငွေကို မပေးဘဲနေသည့်ကိစ္စ၊ သို့တည်းမဟုတ်။
ဆက်လက်ရေးသားဖော်ပြပါမည်။
မောင်မြတ်မွန်(ဆူးလေ) မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com