လူကိုယုံပါ။ မြေနှင့် အိမ်ကိုတော့ ပုံမအပ်ခဲ့ပါနဲ့

လူကိုယုံပါ။ မြေနှင့် အိမ်ကိုတော့ ပုံမအပ်ခဲ့ပါနဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
5 Aug 2015 11:44 am တွင် တင်ခဲ့သည်
8923 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

““ဆရာဦးမြင့်အောင်ရှိပါသလား။ ဆရာဦးမြင့်အောင် ရှိပါသလား””ဟုခြံဝမှလှမ်းခေါ်သံကြားရပါသည်။ ထိုနေ့ကကျွန်ုပ်လည်းကိုယ်လက်များ လေးလံနေ၍ အိပ်ရာထနောက်ကျသည့်နေ့မို့ အလူးအလဲထကာတံခါးဖွင့်ပေး၍ကြိုဆိုလိုက်ရတော့သင်္ဘောသားကတော်အိမ်ခြံမြေ၀ယ်ရောင်းအမျိုးသမီး ““မအေးမြတ်သူဇာ””ဖြစ်နေရတာကိုတွေ့လိုက်ရပါသည်။ ရွာမြေကွက်ဝယ်သည့်စာရွက်စာတမ်းအထောက်အထား
““မသူဇာ””ထိုင်ပါ။ အရေးတကြီးအကြောင်းရှိလို့လားဟင်။ ““အရေးလည်းကြီးတယ်ဆရာ၊ဆရာရုံးသွားရင်၊နောက်ကျသွားမှာစိုးလို့အခုလိုစောလာခဲ့ရတာပဲဆရာ”” ““အခုတလော အိမ်ခြံမြေအရောင်း အ၀ယ်တွေအေးနေတော့ ဘယ်မှာအရောင်းအ၀ယ်တွေသွားလုပ်နေတုံးညီမရဲ့”” ဟုကျွန်ုပ်ကစကားစလိုက်သည်နှင့် အဲဒီအရောင်းအ၀ယ်ကိစ်္စလာတာပဲဆရာဟုပြောကာအသင့်ပါလာသောအိမ်ခြံမြေအရောင်းအ၀ယ်စာချုပ်များနှင့်ရောင်းသူ၏မှတ်ပုံတင်မိတ်္တူ၊သန်းခေါင်စာရင်းမိတ္တူ၊မှတ်ပုံတင်အထွေထွေကိုယ်စားလှယ်လွှဲစာလယ်မြေခွန် ပြေစာမိတ္တူနှင့် ရောင်းသူထံမှစွန့်လွှတ်ရောင်းချကြောင်းတရားရုံးကျမ်းကျိန်လွှာတို့ကိုထုတ်ပြသည်။

ဥယျာဉ်ခြံမြေကို ““ွ”” အမျိုးအစားမြေလို့သတ်မှတ်တယ်။
““ဆရာ၊အဲဒီစာရွက်စာတမ်းတွေ ပြည့်စုံမှုရှိမရှိစစ်ဆေးပေးပါဦးရှင်””ကျွန်ုပ်လည်းမြေနှင့်အိမ်အရောင်းအ၀ယ် ပြုလုပ်ထားသည့်စာရွက်စာတမ်းများဆက်စပ်မှုရှိမရှိကွင်းဆက်မိ,မမိတစ်ရွက်ချင်းလှန်လှောကြည့်နေမိသည်။ ““မသူဇာ””၀ယ်ထားသောမြေမှာဥယျာဉ်ခြံမြေဓွဓအမျိုးအစားမြေမျိုးဖြစ်သည်။
ထိုမြေမျိုးကိုရွာမြေများတွင်ပြေစာထုတ်ပေးသည်ကိုတွေ့ရသည်။ထို့ကြောင့်ပါမစ်မြေဂရန်မြေ၊ဘိုးဘွားပိုင်မြေတို့ကဲ့သို့ပိုင်ဆိုင်မှုစာချုပ်စာတမ်းများအတိအကျမရှိဘဲအဆက်အစပ်ပြတ်နေသည်ကိုတွေ့ရသည်။

တစ်ချိန်ကလယ်မြေယခုတော့ရွာမြေ
ဝယ်ထားသည့်မြေနှင့်အိမ်မှာမင်္ဂလာဒုံမြို့နယ်ထောက်ကြန့်အလွန်ရန်ကုန်-ပြည်ကားလမ်းဘေးရှိရွာမြေဖြစ်သည်။လယ်ပြေစာအရအမည်ပေါက်လယ်သမားကြီး ““ဦးလှ””ဖြစ်ပြီးမြေအကျယ် (၅၀)ဧက””ဟုဖော်ပြထားသည်။ကွင်းအမှတ်ကိုကြည့်လိုက်ရာယင်းကွင်းမှာယခုအခါရွာကြီးတစ်ရွာဖြစ်နေပြန်သည်။လယ်သမားကြီးဦးလှအမည်ပေါက်ခဲ့သောလယ်ကွက်ကြီးမှာယခုအခါရွာကွက်ကြီးဖြစ်နေပုံရသည်။မြောက်ပိုင်းခရိုင်၊ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ၁၉၉၂-၉၃ခုနှစ်ကထုတ်ပေးခဲ့သောပြေစာမိတ်္တူကိုလည်းတွေ့ရသည်။
““မသူဇာ”” ပြသသောအရောင်းအ၀ယ်စာချုပ်အရ ““ဦးဘမောင်””ထံမှ ““ဦးရွှေအောင်””က၀ယ်ယူခဲ့ပြီး၊ဦးရွှအောင်ထံမှမအေးမြတ်သူဇာက နောက်ဆုံးဝယ်ယူထားသည့်စာချုပ်များကိုတွေ့ရသည်။

““မသူဇာ””မှစာချုပ်ခိုင်မာမှုရှိရန်ဆိုကာအရပ်ကတိဖြင့်ချုပ်ဆိုထားသောအိမ်နှင့်မြေအရောင်းအ၀ယ်စာချုပ်အပြင်ရောင်းသူဦးရွှေအောင်ထံမှအပြီးအပိုင်ရောင်းချခြင်းဖြစ်ကြောင်းကျမ်းကျိန်လွှာလုပ်ပေးထားသည်။ထိုထက်ပို၍ခိုင်မာအောင်ဟုဆိုကာရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်ဦးရွှေအောင်ကအထွေထွေကိုယ်စားလှယ်လွှဲစာလုပ်၍ ““မအေးမြတ်သူဇာ””အားလွှဲပေးထားသေးသည်ကိုလည်းတွေ့ရသည်။
အဆိုပါအထောက်အထားမျိုးမှာရောင်းသူ ““ဦးရွှေအောင်””အမည်ပေါက်ပါမစ်၊ဂရန်များကိုဝယ်ယူသည့်အခါရောင်းသူကိုယ်စားဆောင်ရွက်နိုင်ရနှ်ဏယွဏပါဝါယူထားတာမျိုးလုပ်သည့်ပုံစံဖြစ်သည်။
ယခုမြေနှင့်အိမ်အရောင်းအ၀ယ်စာချုပ်မှာရောင်းသူထံကွဏပါဝါယူထားသော်လည်းယင်ွးဏပါဝါမှာဝယ်ထားသောမြေနှင့်တိုက်ရိုက်မသက်ဆိုင်ဘဲရောင်းသူပိုင်ရွှေ့ပြောင်းနိုင်သည့်ပစ်္စည်း၊မရွှေ့မပြောင်းနိုင်သည့်ပစ်္စည်းအားလုံးသက်ဆိုင်နေသဖြင့်ယခုဝယ်ယူသောမြေနှင့်အိမ်အတွက်တိုက်ရိုက်လွှဲအပ်သည်ဟုမဆိုနိုင်သွယ်ဝိုက်သည့်သဘောသာရှိသည်။

သို့သော်အဆိုပါမြေနှင့်အိမ်ကိုရောင်းသူဝယ်သူသို့အပြီးအပိုင်ရောင်းချပြီးဖြစ်၍ရောင်းသူပိုင်ပစ်္စည်းမဟုတ်တော့ကြောင်း
ဝယ်သူပိုင်မြေနှင့်အိမ်ဖြစ်သွားပြီဖြစ်ကြောင်းရောင်းသူကကျမ်းကျိန်ချက်ပါဝင်နေ၍ရောင်းသူပေးထားသော
SPပါဝါကိုထောက်ခံပေးထားသည်ကိုတွေ့ရသဖြင့်အားကိုးအားထားတစ်ခုတော့ရသည်။အမှန်တကယ်မှာယင်းသို့ SP ပါဝါပေးသည့်နေ့ကကျမ်းကျိန်ပါတွဲ၍မှတ်ပုံတင်ထားသင့်သည်။

ယင်းသို့ကျမ်းကျိန်ကိုစာချုပ်ရုံး၌မှတ်ပုံတင်သွင်းထားလိုက်လျင်ဝယ်သူအဖို့သက်သေခံအထောက်အထားပိုမိုခိုင်မာသွားပါသည်။(အိမ်ခြံမြေရောင်းဝယ်သူများမှတ်သားထားသင့်သောအချက်ဖြစ်သည်။အပိုစကားချပ်။)
နှစ်ဦးသဘောတူမြေနှင့်အိမ်အရောင်းအ၀ယ်စာချုပ်ကိုမူတစ်နယ်ထဲတစ်မြို့ထဲသားများဖြစ်၍ဟုဆိုကာအသိသက်သေ (၂)ဦးရှေ့တွင်ချုပ်ဆိုထားသည်ဟုဆိုသည်။ ၀ယ်သူဘက်မှထိုထက်ပို၍ရိုးသားလွန်းသည်ကားရောင်းသူများကို (တစ်နှစ်)တိတိအခမဲ့ နေထိုင်ခွင့်ပြုသည့်စာချုပ်ချုပ်ဆို၍ အဆိုပါရောင်းသည့်မြေနှင့်အိမ်ပေါ်တွင်နေခွင့်ပြုထားခြင်းပင်ဖြစ်သည်။ထိုစာချုပ်ကိုတွေ့သည်နှင့် ကျွန်ုပ်မအေးမြတ်သူဇာ တို့အတွက်အလွန်အမင်းစိတ်ပူသွားသည်။

““မသူဇာရယ်၊ကိုယ်ဝယ်ထားတဲ့မြေနဲ့အိမ်ပေါ်မှာရောင်းသူတွေကိုဘာလို့ ““အခမဲ့””တစ်နှစ်ပြန်ထားရတာလဲ ဟုကရုဏာဒေါသောဖြင့်မေးကြည့်လိုက်သည့်အခါရောင်းသူကလောလောဆယ်နေရာအရွှေ့အပြောင်းအခက်အခဲရှိလို့အိမ်ကိုဒီအတိုင်းပစ်ထားမယ့်အစား ညီမတို့လာမနေနိုင် ခင်စပ်ကြားအိမ်စောင့်ပေးရင်းတစ်နှစ်လောက်နေပါရစေ လို့တောင်းပန်တာနဲ့ကျွန်မတို့လည်းကိုယ်သွားပြီးမနေနိုင်သေးခင်နေခွင့်ပြုလိုက်တာပဲရှင်””

ကျွန်ုပ်လည်းဘာမှမပြောနိုင်တော့ဘဲအတော်သဘောထားပြည့်တဲ့လူငယ်တွေပဲလို့ကောက်ချက်ချနေမိသည်။ကျွန်ုပ်တွေဝေသွားသည်ကိုအကဲခတ်မိသော““မအေးမြတ်သူဇာ””က ““ဆရာရယ်ဥပဒေကြောင်းအရခိုင်လုံပါ့မလား၊အခမဲ့””နေထိုင်ခွင့်ပြုတဲ့စာချုပ်ကကော ပြည့်စုံရဲ့လားရှင်”” ““အင်းအခုကြည့်ရတဲ့စာချုပ်အဆက်အစပ်တွေအရအတော်ပြည့်စုံပါတယ်။အညာသူ၊အညာသားတွေဖြစ်လို့ကတိတည်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်””
ဒါပေမဲ့လူဆိုတာပုထုဇဉ်မျိုးတွေလောဘသား တွေဆိုတော့အိမ်က ဆင်းမပေးကြလို့ တရားရုံးမှာ တရားစွဲပြီးဖယ်ခိုင်းရ တဲ့အဖြစ်အပျက်စီရင် ထုံးသာဓကတွေလည်းဥပဒေမှာ အထင်အရှားရှိနေတယ်ကွ။ ““ဆရာကိုမေးတော့လည်းပြောရတာပေါ့ မသူဇာနဲ့ ဦးရွှေအောင် တို့ချုပ်ဆိုထားတဲ့ စာချုပ်တွေမှာ သူ့ဘက်ကိုယ့်ဘက် ပါလာတဲ့သက်သေ နှစ်ယောက်က လွဲလို့အခြားသက်သေပါတာမတွေ့ရဘူး။တကယ်တမ်းကျတော့ ဒီအိမ်နှင့်မြေကိုမိမိတို့က တန်ဖိုးကြီးပေးပြီးတရားဝင် ၀ယ်ထားတာအမှန်ပဲ။စာချုပ်စာတမ်း ဥပဒေအရသက်သေနှစ်ယောက်ရဲ့ရှေ့ မှာချုပ်ဆိုတာဖြစ်တဲ့အတွက်ဥပဒေနဲ့ညီပါတယ်။

သို့ပေမယ့်ရွာမြေ/ ဥယျာဉ်ခြံမြေအဆင့်ပဲ ရှိသေးတယ်ဆိုတော့စာချုပ်ရုံးမှာမှတ်ပုံတင်ချုပ်ဆိုဖို့စာရွက်စာတမ်း၊အထောက်အထားမပြည့်စုံဘူးလေ။ အမှန်တကယ်ကတော့ဒီလိုအရပ်ကတိအရောင်းအ၀ယ်စာချုပ်ချုပ်ဆိုရင်းလူသိရှင်ကြား ဖြစ်ဖို့လိုတယ်လေ။ အိမ်နီးနားချင်းတွေ အသိသက်သေ ခေါ်ဖို့အခက်အခဲရှိရင်လမ်းမှူးတို့၊ကျေးရွာအုပ်ချုပ်ရေးမှူး တို့ပါအသိသက်သေ လက်မှတ်ထိုးပေး ရင်ပိုပြီး ပြည့်စုံတာပေါ့။
ဒီတော့ဒီစာချုပ်တွေယူသွားပြီးမင်္ဂလာဒုံမြို့နယ်ကအဲဒီရွာကိုသွားပါ။

ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံပြီးကျေးရွာ အုပ်ချုပ်ရေးမှူးရှေ့မှာ ရောင်းသူနဲ့ဝယ်ယူရောသက်သေတွေ မျက်နှာစုံညီတွေ့ဆုံပါ။အမှန်တကယ်အရောင်းအ၀ယ်ပြုလုပ်တာဖြစ်ပြီးအမှန် တကယ်အခမဲ့နေထိုင်ခွင့်ပြု တာဖြစ်တဲ့အကြောင်းရှင်းပြရမယ်အုပ်ချုပ်ရေးမှူးက မြေနဲ့အိမ်အရောင်းအ၀ယ်စာချုပ်နဲ့အခမဲ့နေထိုင်ခွင့်ပြုတဲ့စာချုပ်တွေပေါ်မှာနှစ်ဦးသဘောတူအရောင်းအ၀ယ်ပြုလုပ်ပြီးလာရောက် အကြောင်းကြားလို့ သိရှိကြောင်း မှတ်တမ်းတင်ထားလိမ့်မယ် ပြီးတော့မြေနဲ့အိမ်ဝယ်တဲ့ လမ်းကရာအိမ်မှူးက ပါအသိသက်သေ လက်မှတ်ထိုးပေးလိမ့်မယ်။ ဒါဆိုရင်လူသိရှင်ကြားဖြစ်သွားပြီ။ စာချုပ်တွေမိတ်္တူတစ်စုံစီပေးခဲ့ပေါ့။
““ပြီးတော့ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုမေးကြည့်ပါ မြေပိုင်ဆိုင်မှုစာချုပ်အဆက်အစပ်နဲ့ဦးပိုင်မြေအမည်ပေါက်သူရဲ့မြေဧရိယာအတွင်းပါမပါ။

မိမိအမည်ပေါက်ဖြစ်ချင်ရင်မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှာ ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာတွေတစ်ခါတည်း မေးမြန်းရမယ်။ ထောက်ခံချက်လိုအပ်ရင်အုပ်ချုပ်ရေးမှူးထံမှတစ်ခါတည်းတောင်းယူခဲ့ပေါ့။ဒါဆိုရင်မိမိတကယ်တန်းသွားရောက် နေထိုင်တဲ့အခါကျရင်အားလုံးဆွေမျိုးတွေလို ဖြစ်သွားတာပေါ့””
““ကောင်းပါပြီရှင် ဆရာပြောတဲ့အတိုင်းဆောင်ရွက်နိုင်အောင် ဒီနေ့ပဲကျွန်မအမျိုးသား ခေါ်သွားပြီးသွားလိုက်ပါမယ်ရှင်””ဟုကတိပြုပြီးကျွန်ုပ်အား ““ဉာဏ်ပူဇော်ခ””ကန်တော့၍အမြန်ပြန်သွားပါတော့သည်။

““ပဏ္ဍိတာနဉ္စ၊ သေ၀နာ””
To associate with wise
““ပညာရှိလူလိမ်္မာကိုမှီဝဲပေါင်းသင်းခြင်း””သည်လည်းမင်္ဂလာမည်ပါပေသည်။

ခေတ္တရာမြင့်အောင် (LLB.,DML) မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service