နိုင်ငံခြားသားအိမ်ငှားတင်လိုသူများအနေဖြင့် လုပ်ဆောင်ထားသည့်သင့်အချက်

နိုင်ငံခြားသားအိမ်ငှားတင်လိုသူများအနေဖြင့် လုပ်ဆောင်ထားသည့်သင့်အချက် - Property Knowledge in Myanmar from iMyanmarHouse.com
31 Jul 2015 12:52 pm တွင် တင်ခဲ့သည်
2079 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်ပကစီးပွားရေးလုပ်ငန်းတွေ ၀င်ရောက်လာတာနဲ့အမျှနိုင်ငံခြား သားတွေနေထိုင်ဖို့ အိမ်ရာတွေလိုအပ်ချက်ကများလာပါတယ်။ လက်ရှိမှာဆောက်လုပ်ရေးလုပ်ငန်းတွေက အဆင့်မြင့်အိမ်ခန်းတွေ၊ကွန်ဒိုတွေဆောက်လုပ်နေတယ်
ဆိုပေမယ့် တစ်ယောက်စ၊ နှစ်ယောက်စငှားနေတဲ့သူ အတွက်တော့ မတတ်နိုင်တဲ့ပမာဏပါ။

သည်တော့ အိမ်အငှားဈေးကွက်က ဆက်လက်အားကောင်းနေဆဲပါ။ အိမ်ပိုင်ရှင်တွေအနေနဲ့ မိမိအိမ်ကို နိုင်ငံခြားသားအိမ်ငှားတင်ချင်တယ်ဆိုရင် သိထားသင့်၊လုပ်ဆောင်ထားသင့်တဲ့အချက်လေးတွေ
ဖော်ပြပေး ပါမယ်။

၁။ အိမ်ရဲ့တည်နေရာ

နိုင်ငံခြားသားတွေးအနေနဲ့ အကြိုက်များတာတော့ မြို့တွင်းပိုင်းမြို့နယ်တွေပါ။ အထူးသဖြင့် ပန်းခြံတို့၊ ရေကန် တို့နဲ့နီးပြီးမနက်စောစောအားကစားလုပ်လို့ကောင်းတဲ့ နေရာမျိုးတွေဆို ပိုကြိုက်ပါတယ်။ ဒါကြောင့်မို့ ဗဟန်း၊ ကမာရွတ်၊ ရန်ကင်း၊ မရမ်းကုန်းမြို့နယ်တွေကအိမ်တွေကို ဦးစားပေးလိုချင်ကြပါတယ်။ ဒီလိုဆိုလို့ တခြားမြို့နယ် ကအိမ်တွေရော…။ရန်ကုန်မြို့တွင်းမှာ နေရာကျယ်ကျယ်ဆိုတာကတော်တော်ရှားလို့သူတို့လည်းသိပ်တော့ ရွေးစရာမရှိပါဘူး။ ကိုယ့်ရဲ့အိမ်ဟာပြန်လည်ပြုပြင်ထားမယ်၊ သန့်ရှင်းသပ်ရပ်မှုရှိမယ်၊ပတ်ဝန်းကျင်လည်း
ကောင်းမွန်တယ် ဈေးလည်းသိပ်မများဘူး
ဆိုရင်တော့ ငှားကြမှာပါ။

၂။ လုံးချင်းအိမ်၊ ကွန်ဒို၊ တိုက်ခန်း

လုံးချင်းအိမ်ကတော့ လှမ်းမမှီတဲ့ ပန်းဧကရီ လို့ဘဲပြောရမလား။ ရန်ကုန်ရဲ့အဆင့်မြင့်အိမ်ဈေးနှုန်းတွေကြောင့် တော်ရုံလူတော့အနားမကပ်နိုင်တာအမှန်ပါဘဲ။သည်တော့ကွန်ဒိုအ
ခန်းတွေနဲ့ နေရာကောင်းတဲ့တိုက်ခန်းကျယ် တွေကပိုအငှားသွက်ပါတယ်။ အနီးပါတ်ဝန်းကျင်မှာ ဈေးဝယ်စင်တာတွေ၊ အားကစားခန်းမတွေ၊ အေးအေးဆေး ဆေးထိုင်လို့တဲ့ ကော်ဖီဆိုင်လိုမျိုး ဆိုင်လေးတွေရှိတဲ့နေရာတွေကို သဘောကျပါတယ်။ ခြွင်းချက်အနေနဲ့ တချို့ တွေ အထူးသဖြင့်အသက်ငယ်တဲ့သူတွေကတော့ လူစည်ကားတဲ့ မြို့ထဲလိုနေရာတွေကိုသဘောကျပါတယ်။ အသန့်ကြိုက်ပါတယ်ဆိုတဲ့နိုင်ငံခြားသားတွေ ညှော်နံ့တထောင်းထောင်းနဲ့ ၁၉လမ်းကိုမကြိုက်တဲ့လူရှားပါတယ်။

၃။ အိမ်တွင်းပါဝင်သင့်သောပစ္စည်းများ

ဒါကအရေးကြီးပါတယ်။ နိုင်ငံခြားသားဆိုတာက မြန်မာနိုင်ငံမှာအလုပ်လုပ်ဖို့လာတာပါ။ သည်တော့သူတို့အနေ နဲ့အိမ်တွင်းပရိဘောဂတွေတစ်ပုံကြီးဝယ်ဖို့ စိတ်မ၀င်စားပါဘူး။လက်ဆွဲအိတ်လေးတစ်လုံးလောက်ဘဲဆွဲပြီး အဆင်သင့်တက်နေချင်တာပါ။ အဲဒီအစားအိမ်ငှားခကိုဘဲပိုပေးပြီးနေဖို့သဘောကျပါတယ်။အိမ်တွင်းပရိဘောဂ ဆိုရာမှာလည်း အခြေခံပစ္စည်းတွေဖြစ်တဲ့ စားပွဲ၊ ဗီဒို၊ ကုလားထိုင်၊ ကုတင်တွေ၊ ရေခဲသေတ္တာ၊အ၀တ်လျှော်စက် တီဗွီလောက်ပါရင်ရပါပြီ။ အရေးကြီးတာတစ်ခုက အဲယားကွန်းပါ။ ဦးစားပေးစာရင်းထဲမှာထိပ်ဆုံးကပါ။

၎။ အိမ်ငှားခ

အရေးအကြီးဆုံးအပိုင်းကိုရောက်လာပါပြီ။ နိုင်ငံခြားသားတစ်ယောက်အဖို့ ပတ်ဝန်းကျင်သန့်သန့် သူတို့လိုချင် တဲ့အထက်ကအချက်တွေပြည့်စုံတယ်ဆိုရင် တိုက်ခန်းလောက်ဆိုရင်တောင် ဒေါ်လာ ၄၀၀၊ ၅၀၀ လောက်ပေး နိုင်ပါတယ်။ ကွန်ဒိုဆိုရင်လည်း ဒေါ်လာ ၁၅၀၀၊၂၀၀၀ လောက်တော့ပေးနေပါတယ်။ အရေးကြီးတာက ကိုယ့် အိမ်ဟာသပ်သပ်ရပ်ရပ်နဲ့ သူတို့လိုချင်တဲ့အချက်တွေပြည့်စုံနေဖို့လိုပါတယ်။
နောက်ထပ်တစ်ချက်က သူတို့တွေကအလုပ်လာလုပ်တာဖြစ်တဲ့အတွက်
နှစ်ချုပ်ထက်လချုပ်ငှားရတာကိုပိုစိတ်ဝင်စားပါတယ်။

၅။ ကြော်ငြာ

ကိုယ်ကအိမ်ကို ပြင်ဆင်ထားပြီးပြီဆိုပါစို့။ ဒါပေမယ့်သူတို့မသိရင်တော့ ဘာမှမထူးပါဘူး။ သည်တော့သင့်အနေနဲ့သင့်အိမ်ကိုသူတို့သိအောင်ကြော်ငြာဖို့လိုပါပြီ။ပုံနှိပ်မီဒီယာတွေကနေကြော်ငြာတာသူတို့ဆီတိုက်ရိုက်ရောက် ဖို့အခွင့်အလမ်းနည်းပါတယ်။ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်၊အပေါင်းအသင်းတွေဆီကနေ
တစ်ဆင့်တော့ သိနိုင်ပေ မယ့် တစ်ဆင့်ခံဖြစ်နေပါမယ်။ အကောင်းဆုံးကတော့အွန်လိုင်းမီဒီယာမှာကြော်ငြာခြင်းပါဘဲ။ အွန်လိုင်းယဉ်ကျေးမှုက သူတို့နဲ့ရင်းနှီးပြီးသာမို့ သင့်ကြော်ငြာကိုသူတို့တွေ့သွားဖို့ အခွင့်အလမ်းအများဆုံးပါဘဲ။ တစ်ခုရှိတာက ကြော်ငြာကိုမြင်လိုက်တာနဲ့နေချင်စိတ်ပေါက်လာအောင် ဓါတ်ပုံကောင်းကောင်း၊ အင်္ဂလိပ်လိုရေး ပြီးတင်ထားဖို့ပါဘဲ။

နိုင်ငံခြားသားအိမ်ငှားတင်တာနဲ့ပက်သက်ပြီး ကောင်းကွက်၊ဆိုးကွက်လေးတစ်ချို့ကိုလည်း ပြောပါရစေ။ ကောင်းကွက်အနေနဲ့ပြောရရင် အိမ်ငှားခပိုတောင်းလို့ကောင်းပါတယ်။ ပြီးတော့သူတို့ကလူအများကြီးစုမနေ တော့အိမ်ထိ
ခိုက်မှုနည်းပါတယ်။ အများစု (အကုန်တော့မဟုတ်ပါဘူး) ကသန့်သန့်ရှင်းရှင်းနေတတ်ပါတယ်။
ဒါတွေကကောင်းကွက်တွေပါ။ ဆိုးတာတွေကတော့ ဘာသာ၊ယဉ်ကျေးမှု မတူတတ်တဲ့အလျောက်
အဆင်မပြေတာလေးတွေရှိနိုင်ပါတယ်။ပြီးတော့အသေးအမွှားလေးကအစ တစ်ခုခုအဆင်မပြေတိုင်းကိုယ့်ကို ပြဿနာရှာတတ်ပါတယ်။ဒီတော့အကောင်းအ
ဆိုးနှစ်ဘက်ကြားမှာ ဟန်ချက်ညီအောင်ထိန်းရင်း အိမ်ရှင်၊အိမ်ငှားအားလုံးအဆင်ပြေကြပါစေလို့ဆုတောင်း
လိုက်ပါတယ်။

Credit: Social News

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service