ဂရန်မြေဝယ်လျှင် မြေအကျယ်ဧရိယာမှန်/မမှန် သတိထားစေချင်

ဂရန်မြေဝယ်လျှင် မြေအကျယ်ဧရိယာမှန်/မမှန် သတိထားစေချင် - Property Knowledge in Myanmar from iMyanmarHouse.com
28 Jul 2015 10:49 am တွင် တင်ခဲ့သည်
4713 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အိမ်ခြံမြေအရောင်းအဝယ်များ ခေတ်မစားခင်ကဆိုလျှင် ပြည်သူအများစုမှာ မြေကွက်၊ အိမ်တို့နှင့်ပတ်သက်သည့်
စာရွက်စာတမ်းများကိုသက်ဆိုင်ရာဌာနမှ ပေးလျှင်ပေးသည့်အတိုင်းပင် အိမ်တွင်သိမ်းထားလေ့ ရှိကြသည်။
အရေးကြီးသည့်စာရွက်၊ အရေးပါသည့်စာရွက်၊ မခွဲခြားတတ်ကြသည်က များသည်။ ယနေ့ခေတ်အခါလို အိမ်၊ ခြံ၊ မြေစာရွက်စာတမ်း တန်ဖိုးကြီးမှန်းလည်း မသိကြပေ။

ဂရန်မြေ /ဘိုးဘွားပိုင်မြေ ရောင်းလျှင် မြေပုံကူုးပေးရန် တာဝန်ရှိ

အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ကြလျှင် ရောင်းသူ ၊ ဝယ်သူ ပထမဆုံးစရန်ပေး စာချုပ်ချုပ်ဆိုသည်နှင့် ရောင်းသူဘက်မှ
မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် မြေပုံ/ မြေရာဇဝင် ကူးယူပေးရန် တာဝန်ရှိသည်။
မြေပုံ/မြေရာဇဝင်ဆိုသည်မှာမိမိအမည်ပေါက်ပိုင်ဆိုင်သော မြေအကျယ်မှာ အရှေ့၊ အနောက်၊ တောင်၊ မြောက်
မည်မျှကျယ်ဝန်းသည်(ဥပမာ အလျား ၄၀ပေ× အနံ ၆၀ ပေ)ကို သက်ဆိုင်ရာဌာနမှ ” ပုံ” ဆွဲပြထားခြင်းပင်ဖြစ်သည်။ ယင်းပုံစံအတိုင်း ရောင်းချသည့်မြေကွက်မှန် မမှန် ကွင်းဆင်းစစ်ဆေးကြည့်လျှင်လည်း ပုံဆွဲပြသည့်အတိုင်း
အတိအကျရှိနေကြောင်း တွေ့နိုင်သည်။

မြေပုံကူးလျှင် မြေပုံရာဇဝင်ပါရှိ

မြေပုံနှင့်ပူးတွဲလျှက် မြေရာဇဝင်စာရွက်လည်းပါသည်။ မြေရာဇဝင်စာရွက်တွင်ပထမဆုံးဂရန်အမည်ပေါက်သူကို
တွေ့ရသည်။ဂရန်အမည်ပေါက်သူက အခြားတစ်ဦးအား လွှဲပြောင်းရောင်းချထားလျှင် လွှဲပြောင်းဝယ်သူ၏အမည်၊ မှတ်ပုံတင်၊ လိပ်စာတို့ပါလာသည်ကို တွေ့ရသည်။ အဆင့်ဆင့်ရောင်းချလျှင် အဆင့်ဆင့်ဝယ်ယူသူတို့၏ အမည်များကို တွေ့ရသည်။ တစ်နည်းအားဖြင့် အဆင့်ဆင့်လွှဲပြောင်းဝယ်ယူလာသူများ၏ အကြောင်းကိုဖော်ပြထားသဖြင့် ယင်းကို ” မြေရာဇဝင်” ဟု ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း သိရသည်။

မြေငှားဂရန်တွင် မှန်ကန်ကြောင်း သက်သေခံမြေပုံပါရှိ

မြေပုံ/မြေရာဇဝင်ကူးယူရန် လျှောက်ထားခြင်းကို အရပ်အခေါ်အားဖြင့် ” အရောင်းမြေပုံကူး” လျှောက်သည်ဟု အလွယ်ပြောကြသည်။ မြေပုံကူးဖို့ဆိုသည်မှာလည်း မြေငှားဂရန်စာချုပ်တင်ပြမှသာလျှင် ကူးယူ၍ရသည်။ မြေငှားဂရန်
စာချုပ်နောက်ဆုံးစာရွက်တွင် မှန်ကန်ကြောင်း သက်သေခံသည့် မြေငှားဂရန်မြေပုံပါရှိသည်။ အမည်ပေါက်၊ နာမည်၊မြေတိုင်းရပ်ကွက်၊အမှတ်၊လူနေရပ်ကွက်အမှတ်၊ မြေကွက်အမှတ်၊ မြေအမျိုးအစား(ဥပမာ နှစ် ၆၀ မြေငှားဂရန်မြေ)
(အလျား× အနံ) ဧရိယာ….မြို့နယ်၊ စကေး(၁”=၁၀၀’) ထုတ်ပေးသည့်အမှုတွဲအမှတ်၊ မြေတိုင်းတာဝန်ခံ(ပ) နှင့် (ဒု) ဌာနခွဲမှူး။ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ လက်မှတ်နှင့် ရုးံတံဆိပ်များကို တွေ့ရသည်။

အိုးအိမ်/ စည်ပင် မြေငှားဂရန် စာချုပ်(၂)မျိုး

မြေငှားဂရန် စာချုပ်(၂)မျိုး တွေ့ရသည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ထုတ်ပေးသောဂရန်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံ
ကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ထုတ်ပေးသော ဂရန်ဟူ၍ နှစ်မျိုးကွဲပြားသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံ
ကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ထုတ်ပေးသော မြေငှားဂရန်
စာချုပ်များကို ၁၉၉၂-၉၃ ခုနှစ်တွင် စတင်ထုတ်ပေးထားကြောင်း လေ့လာသိရှိရသည်။

အစမကောင်းလို့ အနှောင်းမသေချာသည့် သာဓကအချို့

ထိုစဉ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ပြည်သူအများ စိတ်ချမ်းသာပြီး လုပ်ငန်းများမြန်ဆန်ချောမွေ့စေရန်
မြို့နယ်၊ ရပ်ကွက်များအတွင်းသို့ သွားရောက်၍ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။ စီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်၍
ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ရပ်ကွက်မြို့နယ်မှ လုပ်အားပေးများလည်း ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း လေ့လာသိရှိရသည်။

သို့မို့ကြောင့် ထင်ပါရဲ့ စာရေးသူတွေ့ဖူးသော သာကေတမြို့နယ် မြေငှားဂရန်စာချုပ်များနှင့် တောင်ဥက္ကလာပမြို့နယ် မြေငှားဂရန်စာချုပ်များပေါ်ရှိ ” မြေကွက်” အတိုင်းအတာများ မှားယွင်းခြင်း၊ ဥပမာ (၄၀ပေ×၆၀ပေ) ဟု ဖော်ပြရမည့်အစား (၂၀ပေ×၆၀ပေ) ဟုဖော်ပြခြင်း ဧရိယာ(၂၀ပေ×၆၀ပေ)ဟု ဖော်ပြထားသော်လည်း
(က/ခ)ခွဲခြားထားမှုမရှိခြင်းတို့ကို တွေ့ရတတ်ပါသည်။
အချို့ဂရန်များမှာ မြေကွက်အတိုင်းအတာမှန်သော်လည်း
ခေါင်းရင်းမြေကွက်အမှတ်နှင့် ခြေရင်းမြေကွက်အမှတ်တို့ကိုဖော်ပြမထားသည်ကို တွေ့ရတတ်သည်။

ထိုထက်ပိုဆိုးသည်မှာ မြေအမည်ပေါက်နှစ်ဦးဖြစ်လျှင် ကျား/မ လွဲမှားစွာဖော်ပြထားခြင်း
(ဥပမာ ” ဦးမြ+ ဒေါ်လှ” ဟု ရေးရမည့်အစား ” ဦးမြ+ဒေါ်မြ” ဟု လွဲမှားနေတတ်ခြင်းတို့ကို တွေ့ရသည်။
တစ်ခါတစ်ရံတွင် ” ဦးမြ+ ဒေါ်လှ” အမည်ပေါက်မှန်ကန်သော်လည်း “ဦးမြ” ၏ နိုင်ငံသားအမှတ်ကို ဒေါ်လှ၏
နိုင်ငံသားအမှတ်နေရာတွင်မှားယွင်းစွာဖော်ပြထားခြင်းတို့ကို ကြုံဖူးသည်။ ယင်းသို့သော အမှားအယွင်းများကြောင့်
အိမ်ဆောက်ရန်မြေပုံကူးခြင်းအရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေပုံကူးခြင်း စသည်တို့ကိုဆောင်ရွက်သည့်အခါ သတ်မှတ်ရက်အတွင်းထုတ်ယူ၍မရဘဲ အချိန်ကြာခြင်းများနှင့် ကြုံတွေ့ရတတ်ပါသည်။ ယခုအခါ ပြည်သူများအတွက် အာမခံချက်ရှိသော တုပ၍မရနိုင်သော” မြေငှားဂရန်စာချုပ်” များကို ပြောင်းလဲထုတ်ပေးနေသည့်အတွက် ပြည်သူတစ်ဦးအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါသည်။

Credit: အကျိုးဆောင်

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်ချင်းမဆောင်လျှင် စင်္ကာပူဒေါ်လာ ၂၀၀၀ မှ ၁၀၀၀၀ အထိ ပိုမိုမြင့်မားသည့် ဒဏ်ကြေးနှင့် ရင်ဆိုင်ရမည်ဟုဆို...

Track 61 (သို့မဟုတ်) နယူးယောက်မြို့လယ် ကမ္ဘာကျော် ဟိုတယ်ကြီး တစ်ခုအောက်က စွန့်ပစ်ခံ လျှို့ဝှက် မြေအောက် ဘူတာရုံ၊ အမေရိကန်သမ္မတများ အသုံးပြုရန် ထားရှိသော လျှို့ဝှက် ဘူတာရုံဖြစ်...
Track 61 (သို့မဟုတ်) နယူးယောက်မြို့လယ် ကမ္ဘာကျော် ဟိုတယ်ကြီး တစ်ခုအောက်က စွန့်ပစ်ခံ လျှို့ဝှက် မြေအောက် ဘူတာရုံ၊ အမေရိကန်သမ္မတများ အသုံးပြုရန် ထားရှိသော လျှို့ဝှက် ဘူတာရုံဖြစ်...
ဂျာမနီမှ အမျိုးသားတစ်ဦးက ရေအောက်အိမ်ငယ်လေးတွင် ရက်ပေါင်း ၁၂၀ နေထိုင်ကာ ကမ္ဘာ့စံချိန်တင်
ဂျာမနီမှ အမျိုးသားတစ်ဦးက ရေအောက်အိမ်ငယ်လေးတွင် ရက်ပေါင်း ၁၂၀ နေထိုင်ကာ ကမ္ဘာ့စံချိန်တင်
တရုတ်ပြည်မှာ တိမ်တွေပေါ်က ဖြတ်သန်းမောင်းနှင်ရတဲ့ အံ့မခန်းတံတားကြီး၊ ကမ္ဘာ့အမြင့်မားဆုံးနှင့် အရှည်လျားဆုံး တောင်ကြားကြိုးတံတားအဖြစ် ဂင်းနက်စံချိန်တင်ထား...
တရုတ်ပြည်မှာ တိမ်တွေပေါ်က ဖြတ်သန်းမောင်းနှင်ရတဲ့ အံ့မခန်းတံတားကြီး၊ ကမ္ဘာ့အမြင့်မားဆုံးနှင့် အရှည်လျားဆုံး တောင်ကြားကြိုးတံတားအဖြစ် ဂင်းနက်စံချိန်တင်ထား...
လန်ခြားတစ်စီးဖြင့် တစ်ကမ္ဘာလုံးကို ခြေလျင်ခရီးသွားနေသော ဂျပန်နိုင်ငံသား၊ လက်ရှိအားဖြင့် အာဖရိကတိုက်သို့ ရောက်ရှိနေ...
လန်ခြားတစ်စီးဖြင့် တစ်ကမ္ဘာလုံးကို ခြေလျင်ခရီးသွားနေသော ဂျပန်နိုင်ငံသား၊ လက်ရှိအားဖြင့် အာဖရိကတိုက်သို့ ရောက်ရှိနေ...
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေးပေးကာ ရွှေ့ပြောင်းခိုင်းသော်လည်း အိမ်ရှင်က လက်မခံ သောကြောင့် နေအိမ်ကို ကွင်းဝိုက်ကာ လမ်းဖောက်လုပ်ခဲ့...

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။...
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။...
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
ဧရာမကျောက်တုံးကြီးတွေအောက် ထူးခြားစွာလှပနေတဲ့ စပိန်နိုင်ငံက ဖြူလွှလွှတကိုယ်တော်မြို့လေး Setenil de las Bodegas...
ဧရာမကျောက်တုံးကြီးတွေအောက် ထူးခြားစွာလှပနေတဲ့ စပိန်နိုင်ငံက ဖြူလွှလွှတကိုယ်တော်မြို့လေး Setenil de las Bodegas...
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service