စာချုပ်ချုပ်မည်ဆိုလျှင် . . . . . အရှုပ်အရှင်း အလျဉ်းမရှိ ဆိုသည့် ကိစ္စအကြောင်း သိကောင်းစရာ

စာချုပ်ချုပ်မည်ဆိုလျှင် . . . . . အရှုပ်အရှင်း အလျဉ်းမရှိ ဆိုသည့် ကိစ္စအကြောင်း သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
27 Jul 2015 11:17 am တွင် တင်ခဲ့သည်
8868 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ယခုအခါ အရပ်ဘက်တွင် စာချုပ်အမျိုးမျိုး ချုပ်ဆိုနေကြသည်ကို တွေ့ရပါသည်။ ငှားရမ်းသည့်ကိစ္စ၊ အရောင်းအဝယ်ကိစ္စ၊ ငွေချေးသည့်ကိစ္စ၊ အပေးအယူ သဘောတူကတိပြုကြသည့်ကိစ္စ စသည်တို့ဖြစ်ပါသည်။

ထိုသို့ ချုပ်ဆိုရာတွင် ဗဟုသုတ အတွေ့အကြုံ အတန်အသင့်ရှိသူများက စာချုပ်ရေးသားလေ့ ရှိပါသည်။ အချို့မှာမူ အခြားသူများ ရေးသားချုပ်ဆိုထားခဲ့ပြီးဖြစ်သော စာချုပ် နမူနာများကို ကြည့်ရှု၍ ရေးသားကြပါသည်။ အချို့မှာမူ အသင့် ရိုက်နှိပ်ထားပြီးဖြစ်သော စာချုပ်ပုံစံများကို အသုံးပြုကြသည်ကို တွေ့ရပါသည်။

ထိုသို့ ချုပ်ဆိုကြရာတွင် အရှုပ်အရှင်း တစ်စုံတစ်ရာမရှိကြောင်းဖြင့် ထည့်သွင်းချုပ်ဆိုသော အရောင်းအဝယ်စာချုပ်များအကြောင်းလည်း ပါရှိကြမည် ဖြစ်ပါသည်။ ထိုအကြောင်းနှင့်စပ်လျဉ်းသည့် အဖြစ်အပျက်ကလေးတစ်ခုကို သတိပြု သင်ခန်းစာယူနိုင်ကြစေခြင်းငှာ တင်ပြပါမည်။
အရောင်းအဝယ် သဘောတူကတိစာချုပ်တစ်ခုတွင် ဖြစ်ပါသည်။ ဝယ်ယူသူက စရန် သတ်ပါသည်။ စရန် သတ်ချိန်တွင် ရောင်းသောပစ္စည်းနှင့်ပတ်သက်၍ အရှုပ်အရှင်း ရှိ/မရှိ မေးပါသည်။ ရောင်းသူက မရှိကြောင်း ဖြေပါသည်။ ရောင်းသူ၏ အာမခံချက်ဖြင့် စာချုပ်ချုပ်သောအခါ စာချုပ်တွင် အောက်ပါအတိုင်း ဖော်ပြ ချုပ်ဆိုပါသည်။
``ရောင်းသူက ရောင်းသောပစ္စည်းနှင့် စပ်လျဉ်း၍ အရှုပ်အရှင်း တစ်စုံတစ်ရာ မရှိကြောင်း တာဝန်ယူ ဝန်ခံကတိပြုပါသည်´´ဟူ၍ ဖြစ်ပါသည်။

ဝယ်သူသည် အဆိုပါ အရောင်းအဝယ် သဘောတူ ကတိပြုစာချုပ် ပြုလုပ်ထားပြီးသည့် နောက်တွင် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ဝယ်ယူရန် ဆန္ဒမရှိ ဖြစ်လာပါသည်။ သို့မဟုတ် ငွေရေးကြေးရေး အခက်အခဲကြောင့် ချိန်းဆိုသတ်မှတ်သည့် နေ့တွင် ငွေအကျေမချေနိုင်သည့် အခြေအနေ ဖြစ်နေပါသည်။ ငွေဆက်လက် မချေနိုင်ပါက စရန်အဆုံး ဖြစ်တော့မည် ဖြစ်သည်။

စရန်လည်း မဆုံးအောင်၊ မိမိ၏ ပျက်ကွက်မှုကြောင့် မဖြစ်ရလေအောင် ဝယ်သူသည် ဤသို့ ပြုမူဆောင်ရွက်လာပါသည်။
ကြားလူတစ်ယောက်၏ အမည်ဖြင့် အရောင်းအဝယ်ကိစ္စကို ကန့်ကွက်ကြောင်း သတင်းစာမှာ ထည့်သွင်း ကြေညာပါသည်။ ဝယ်သူထံသို့လည်း ကန့်ကွက်ကြောင်းစာ ပေးပို့စေပါသည်။ ပိုင်ရေးဆိုင်ခွင့် အထောက်အထားများနှင့် ကန့်ကွက်ခြင်း မဟုတ်ဘဲ သာမန် ကန့်ကွက်သည်ဆိုသည့်သဘော ဖျက်မြင်းအနေဖြင့် ကန့်ကွက်ခြင်း ဖြစ်ပါသည်။
ယင်းကန့်ကွက်စာကိုပြပြီး ဝယ်သူက ရောင်းသူကို ဤသို့ တောင်းဆိုပါသည်။ ရောင်းစဉ်က အရှုပ်အရှင်း မရှိဟုဆိုပြီး ရောင်းသည်။ ယခုမူ အရှုပ်အရှင်းဖြစ်ပေါ်နေပြီ ဖြစ်သည်။ ပြောသည့်အတိုင်း မဟုတ်သည့်အတွက် ဆက်လက် မဝယ်လိုတော့ပါ။ စရန်ငွေကိုသာ ပြန်လည် ပေးအပ်ပါရန် တောင်းဆိုသည်။

ကန့်ကွက်ခြင်းသည် အခြေအမြစ်မရှိ ကန့်ကွက်ခြင်း ဖြစ်သည်။ ယင်းကိစ္စကို ဖြေရှင်းဆောင်ရွက်ပေးပါမည်ဟု ရောင်းသူက ပြောသော်လည်း စာချုပ်တွင် အောက်ဖော်ပြပါအတိုင်း နောက်ဆက်တွဲ အပြည့်အစုံ ဖော်ပြချုပ်ဆိုထားခြင်း မရှိခဲ့သည့်အတွက် ဝယ်သူ လှည့်သည့်အတိုင်း၊ ဝယ်သူ စရန် ပြန်တောင်းသည့်အတိုင်း ရောင်းသူက လိုက်လျောလိုက်ရပါသည်။

``ရောင်းသူက ရောင်းသောပစ္စည်းနှင့် စပ်လျဉ်း၍ အရှုပ်အရှင်းတစ်စုံတစ်ရာ မရှိကြောင်း၊ အကယ်၍ အရှုပ်အရှင်း တစ်စုံတစ်ရာ ပေါ်ပေါက်ပါက ရောင်းသူက မိမိစရိတ်ဖြင့် အကုန်အကျခံ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ ဖြေရှင်းဆောင်ရွက်ပေးပါလျက် ဝယ်သူ နစ်နာဆုံးရှုံးမှုဖြစ်ရပါက ယင်းနစ်နာမှုအတွက် ရောင်းသူက ပေးလျော်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။´´ဟူ၍ မဖော်ပြခဲ့သည့်အတွက် ဖြစ်ပါသည်။

Credit: ဦးကျော်ဇေယျ( ဥပဒေ )

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service