အိမ်အမြန်ရောင်းထွက်နိုင်မယ့် နည်းလမ်းအချို့

အိမ်အမြန်ရောင်းထွက်နိုင်မယ့် နည်းလမ်းအချို့ - Property Knowledge in Myanmar from iMyanmarHouse.com
24 Jul 2015 10:51 am တွင် တင်ခဲ့သည်
4112 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ယခုလတ်တလော အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက် အေးနေတယ်လို့ သတင်းတွေမှာ တွေ့နေရပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျွမ်းကျင်ပြီ အတွေ့အကြုံရင့်ကျက်သူ အိမ်ခြံမြေ အကျိုးဆောင်များနှင့် ဖုန်းရွှေဥပဒေသ များမှသိရသော ရောင်းသူနှင့် ဝယ်သူများအကြား အရောင်းအဝယ်ပြုလုပ်ရာမှာ အထောက်အကူပြုစေတဲ့ အချက်လေးအချို့ကိုအမြန်ရောင်းချင်၊ ငှားချင်ပေမယ့် ရောင်း၊ ငှား မထွက်သော အိမ်ခြံမြေ ပိုင်ရှင်များအတွက် မိမိ လက်လှမ်းမီသလောက် တင်ပြလိုက်ရပါတယ်။

(၁) အခန်းများကို မြင်လို့၊ ကြည့်လို့ကောင်းအောင် ပြုပြင်ထားခြင်း

ပရိဘောဂ ပစ္စည်းများ နှင့် အခြား မည်သည့်ပစ္စယမှ မထည့်ထားသော နေရာလပ်ဖြစ်သော အခန်း (သို့) ကြမ်းပြင်ဟာ ဝယ်ယူမည့်သူအတွက် မူလရှိသည်ထက် ပိုမိုကျယ်ဝန်းသည်ဟု အထင်ရောက်စေပြီး ဝင်ပေါက်တံခါးဝနှင့် အတည့်ကျသော ထောင့်နေရာမှာ အစိမ်းရောင်အပင်အိုးငယ်ကဲ့သို့သော နိုးကြားတက်ကြွစေသော မျက်မြင်ပစ္စည်းတစ်ခုခုထားခြင်းဟာ စိတ်ခံစားမှု ပိုမိုကောင်းမွန်စေတယ်လို့ ဆိုပါတယ်။

(၂) အသံအာရုံဖြင့် ဆွဲဆောင်ခြင်း၊

သာယာညင်းပြောင်းသော တေးဂီတ သံများဟာ တရားထိုင်ခြင်းအာရုံမျိုးနှင့် စိတ်နှလုံး ကြည်နူးမှုမျိုးကို ဖြစ်စေတယ်လို့ သိရပါတယ်။ သဘာဝ ရေစီးဆင်းနေသောအသံမျိုး (သို့) သဘာဝအရ ပေါ်ထွက်နေသော အသံမျိုးဟာလည်း ဝယ်ယူမည့်သူကို နေအိမ်၏ စိတ်အေးချမ်းသာယာမှုကို ဖြစ်ပေါ်ခံစားရစေတာကြောင့် အချို့သော အိမ်ပိုင်ရှင်များက သဘာဝရေ၏ စီးလှည့်လှုပ်ရှားနေသောအသံအတွက်
ရေတံခွန်ငယ်လေးတွေ ဖန်တီးထားပြီး ဝယ်ယူ ငှားရမ်းလိုသူကို ဆွဲဆောင် မှု ပြုကြကြောင်းလည်း သိရပါတယ်။

(၃) ဧည့်သည်များအတွက် အရသာ ပေးစွမ်းမှု ပြုပေးခြင်း

ဖုန်းရွှေဥပဒေသများအရ ချောကလက်သည် အိမ်ရောင်းရာတွင်ကံကောင်းခြင်းကို ပေးဆောင်တက်သည်ဟု ကြားသိရဖူးပါတယ်။ ချောကလက် စစ်စစ်ပါသော ချောကလက် အရောင်ရင့်များကို ဖန်ခွက် (သို့) ဖန်အိုးငယ်မှာထည့်ပြီး အိမ်ဝင်ပေါက် အနီးအနားတွင် ထားရှိခြင်း၊ ဧည့်သည်များအား ချောကလက် လက်ဆောင်ပေးခြင်း၊ ဝယ်ယူမည့်သူ ဆုံးဖြတ်ချက် ချလုနီးနီး အချိန်တွင် ချောကလက်ထည့်ထားသော ဖန်အိုးငယ်ကို လက်ဆောင်ပေးခြင်းဖြင့် အိမ်ရောင်းခြင်းကိစ္စကို ချောမွေ့စွာ ပြီးမြောက်နိုင်ကြောင်း လျှပ်တစ်ပြက်ဖုန်းရွှေ စာအုပ်များမှာ ဖတ်ရဖူးပါတယ်။

(၄) မိမိ အိမ်ကဲ့သို့ ခံစားမိစေရန် ပြုပြင်ထားခြင်း

ဒီအချက်လေးက အလွန်ပင် အရေးကြီးပါတယ်။ ဝယ်မည့်သူ သို့မဟုတ် ငှားမည့်သူဟာ ဒီအိမ်ကို ဝယ်တော့ ငှားတော့မယ်ဆိုရင် မိမိ အိမ်ဖြစ်တော့မှာဆိုတော့ ၎င်းပိုင်ဆိုင်တဲ့ အိမ်ကဲ့သို့ ခံစားမိစေရန် ပြုပြင်ထားခြင်းဟာလည်း ထိရောက်မယ့် နည်းလမ်းလေး ဖြစ်ပါတယ်။ ရွှေ့ပြောင်းခြင်းမပြုမည့် ပရိဘောဂပစ္စည်းများကို ပိတ်ဆို့တားဆီးထားသကဲ့သို့သော ပစ္စည်းပစ္စယများ မရှိစေရန် ရှင်းလင်းပေးထားခြင်းဟာ ဝယ်ယူမည့်သူအား အိမ်ဝယ်ရန် ကြည့်ရှုစဉ် မိမိ ပိုင်ဆိုင်သကဲ့သို့ ခံစားရစေတယ်လို့ အိမ်ငှားသူ ဝယ်သူ များထံမှ သိရဖူးပါတယ်။

(၅) အိမ်အမြန်ရောင်းထွက်စေမည့် ပန်းချီကား စီမံထားခြင်း

ဆရာရန်အောင်ဟိန်း ( B.Sc ) ရေးသားသော လျှပ်တစ်ပြက်ဖုန်းရွှေ စာအုပ်မှာတော့ အိမ်ရှေ့ရှိ လိပ်စာရေးထားသော ကဒ်ပြားပေါ်တွင် ရောင်းမည့်အိမ်ကို ရိုက်ထားသော ဓါတ်ပုံနှင့်အတူ ရောင်းမည်ဟူသော စာတန်းကိုပါ ရေးကာ ယင်းကဒ်ပြားကို ထောက်တိုင်ခံ၍ အပေါ်မှ ငှက်တစ်ကောင် နားနေပုံကို ရေဆွဲပြီး အိမ်ဝတွင် ချိတ်ဆွဲထားပေးခြင်းဟာလည်း အိမ်အမြန် ရောင်းထွက်စေမယ့် အစီအမံကောင်း တစ်ခု ဖြစ်ကြောင်း ဖတ်ရဖူးပါတယ်။ အိမ်ပတ်ဝန်းကျင်မှ ပေါင်းပင် မြက်ပင်များကိုလည်း သန့်ရှင်းနေအောင် ရှင်းလင်း ထားရပါမယ်။
ဒီအချက်လေးတွေ ပြင်ဆင်ရတာဟာ အပန်းလည်း မကြီးသည့်အပြင် လွယ်လည်း လွယ်ကူတဲ့ အချက်လေးတွေဖြစ်တာကြောင့် ပြင်ဆင်ထားပြီး ဆွဲဆောင်ရောင်းငှားနိုင်ရန် တင်ပြပေးလိုက်ပါတယ်။

Credit: Myanmar Property News

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သိမှတ်စရာ နှစ် ၉၀ ဂရန်သက်တမ်းကုန်သွားသည့်အခါ
သိမှတ်စရာ နှစ် ၉၀ ဂရန်သက်တမ်းကုန်သွားသည့်အခါ
အလင်းရောင်အားနည်းတဲ့ အခန်းမှာနေရလို့ စိတ်ညစ်နေလား? ဒီအချက်လေးတွေလိုက်နာကြည့်ပါ
အလင်းရောင်အားနည်းတဲ့ အခန်းမှာနေရလို့ စိတ်ညစ်နေလား? ဒီအချက်လေးတွေလိုက်နာကြည့်ပါ
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယူနိုင်ကြောင်းကြေညာ၊ ရတနာသေတ္တာများ တည်ရှိသည့်နေရာများအကြောင်း စာအုပ်တစ်အုပ်ရေ...

ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
နေအိမ်ရှိ ရေကူးကန်ထဲတွင် ရံဖန်ရံခါ သေးပေါက်ချကြောင်း ထုတ်ဖော်ဝန်ခံထားသူ ရုပ်ရှင်မင်းသမီး Cameron Diaz က သူနေထိုင်သော ရေက
နေအိမ်ရှိ ရေကူးကန်ထဲတွင် ရံဖန်ရံခါ သေးပေါက်ချကြောင်း ထုတ်ဖော်ဝန်ခံထားသူ ရုပ်ရှင်မင်းသမီး Cameron Diaz က သူနေထိုင်သော ရေက
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
Neighbourhood
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service