စာချုပ်ချုပ်မည်ဆိုလျှင် . . . ဆက်ခံသူများ အကြုံးဝင်သည်ဆိုသည့် ကိစ္စအကြောင်း သိကောင်းစရာ

စာချုပ်ချုပ်မည်ဆိုလျှင် . . . ဆက်ခံသူများ အကြုံးဝင်သည်ဆိုသည့် ကိစ္စအကြောင်း သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
17 Jul 2015 11:49 am တွင် တင်ခဲ့သည်
1794 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ယခုအခါ စီးပွားရေးဈေးကွက် ကျယ်ပြန့်လာသည်နှင့်အမျှ လုပ်ငန်းသဘာဝအရ စာချုပ်ချုပ်ဆိုရမှုများ များပြားလာပါသည်။ လူပုဂ္ဂိုလ်အချင်းချင်း စာချုပ်ချုပ်ဆိုရမှုများ ရှိသကဲ့သို့ လူပုဂ္ဂိုလ်နှင့် အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့အချင်းချင်း၊ ကုမ္ပဏီအချင်းချင်း ချုပ်ဆိုကြသည်များ တိုးတက်များပြားလာသည်ကို တွေ့ရပါသည်။

ဥပမာ- အသင်းအဖွဲ့၊ ကုမ္ပဏီများနှင့် ချုပ်ဆိုသောအခါတွင် အသင်းအဖွဲ့ (သို့မဟုတ်) ကုမ္ပဏီ စသည်တို့ကို ကိုယ်စားပြုသောပုဂ္ဂိုလ်များ လက်မှတ်ရေးထိုးကြရပါသည်။ ထိုသို့ လက်မှတ်ရေးထိုးချုပ်ဆိုကြရာတွင် လက်ရှိ အသင်းအဖွဲ့၊ ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ သဘောတူ လက်မှတ်ရေးထိုးခဲ့မှုကို မိမိတို့ အသိအမှတ်မပြုကြောင်း၊ သဘောမတူကြောင်း နောင်တစ်ချိန် အသစ်တက်ရောက်လာကြသည့် အသင်းအဖွဲ့၊ ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များအနေနှင့် ဆင်ခြေမပေးနိုင်အောင် စာချုပ်တွင် အောက်ပါအတိုင်း ဖော်ပြ ချုပ်ဆိုရပါသည်။

`` . . . . . . . . . . အသင်းအဖွဲ့ကိုယ်စား၊ ဥက္ကဋ္ဌဖြစ်သူ ဦး . . . . . . . . . . က ( )ရက်နေ့တွင် ပြုလုပ်သော အသင်းအမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ မိမိကိုယ်စားပြုသော အသင်းအဖွဲ့၏ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာကို ကျင့်သုံး၍ တာဝန်ယူ လက်မှတ်ရေးထိုးပါသည် ´´ဟူ၍ ဖော်ပြလျက် [ ဖော်ပြပါ အသင်းအဖွဲ့၊ ကုမ္ပဏီဟု ဆိုရာတွင် မိမိတို့အပြင် အသင်းအဖွဲ့၊ ကုမ္ပဏီ၏ ဆက်ခံသူများ၊ ဆက်ခံခွင့် ရှိသူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လွှဲစာ ရသူများ အားလုံး အကြုံးဝင်သည် ဟူ၍ မှတ်ယူကြရမည်ဖြစ်သည်။ ]ဟူသော အပိုဒ်ကို ထည့်သွင်း ချုပ်ဆိုရပါမည်။

လူပုဂ္ဂိုလ်အချင်းချင်း ချုပ်ဆိုကြသည့် စာချုပ်များတွင်လည်း အောက်ပါအတိုင်း ဖော်ပြ ချုပ်ဆိုကြလေ့ရှိပါသည်။
[ အထက်ပါ အပိုင်ရောင်းသူ၊ အပိုင်ဝယ်သူဟု ဆိုရာ၌ ၎င်းတို့၏ အမွေစား အမွေခံများ၊ အမွေဆက်ခံခွင့် ရှိသူများ၊ တရားဝင် ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လွှဲစာ ရသူများအားလုံး အကြုံးဝင်သည် ဟူ၍ မှတ်ယူကြရမည်ဖြစ်သည်။ ]

ရောင်းသူဘက် အမွေစားအမွေခံများ၊ အမွေဆက်ခံခွင့်ရှိသူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လွှဲစာ ရသူများက ၎င်းတို့ မသိရပါကြောင်း၊ သို့မဟုတ် ၎င်းတို့ မဆောင်ရွက်ပေးနိုင်ပါကြောင်း ငြင်းပယ်ခွင့် မရှိစေရန် ထည့်သွင်းရခြင်းဖြစ်ပါသည်။ အလားတူ ဝယ်သူဘက် အမွေစားအမွေခံများ၊ အမွေဆက်ခံခွင့်ရှိသူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လွှဲစာ ရသူများအနေဖြင့် ဆက်လက် ပါဝင်ဆောင်ရွက်ခွင့်ရှိကြောင်း ပြောခွင့်ရှိစေရန် ထည့်သွင်းရခြင်းဖြစ်ပါသည်။

ဦးဖြူ မကွယ်လွန်မီ စရန်ငွေယူ၍ အိမ်နှင့်မြေကို ရောင်းပါသည်။ ထို့နောက် ဦးဖြူကွယ်လွန်ရာ ဝယ်သူ ဦးနီက ဦးဖြူ၏ အမွေစားအမွေခံများ၊ အမွေဆက်ခံခွင့်ရှိသူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လွှဲစာ ရသူများကို စရန်ပေးစာချုပ်ပါအတိုင်း ဆက်လက်ဆောင်ရွက်ပါရန် တောင်းဆိုမှုကို ရောင်းသူ၏ ဆက်ခံသူများက ငြင်းခွင့်မရအောင် ဖော်ပြပါအချက်ကို ထည့်သွင်းချုပ်ဆိုခြင်း ဖြစ်ပါသည်။

ယင်းအခွင့်အရေးသည် ဟိုဘက် သည်ဘက် နှစ်ဦးနှစ်ဖက် ရရှိမည့် အခွင့်အရေးဖြစ်ပါသည်။

သို့သော် ဤနေရာတွင် သတိပြုရမည့် အချက်တစ်ရပ်လည်း ရှိပါသည်။ ဦးဖြူက ဦးမဲကို ပန်းပုရုပ်ထုလုပ်ပေးရန် စရန်ငွေပေး၍ စာချုပ်ချုပ်ပြီး အလုပ်အပ်ပါသည်။ ဦးမဲမှာ ပန်းပုရုပ် မပြီးဆုံးမီ ကွယ်လွန်ပါသည်။ ဦးမဲ ကွယ်လွန်ပြီးဖြစ်သော်လည်း ဦးဖြူက ဦးမဲ၏ ဆက်ခံသူများကို ဖော်ပြပါ စာပိုဒ်အချက်ကို ထောက်၍ ပန်းပုရုပ် ပြီးဆုံးအောင် ထုလုပ်ပေးရန် တောင်းဆိုမည်ဆိုပါက မသင့်ဟု ဆိုရပါမည်။ စာချုပ်တွင် ဖော်ပြပါအချက် ထည့်သွင်းချုပ်ဆိုသော်လည်း တောင်းဆိုခွင့်မရဟု ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် စာချုပ်ပါ အပေးအယူပြုမှုသည် စာချုပ်ချုပ်သူ လူပုဂ္ဂိုလ်၏ အတတ်ပညာပိုင်း သက်သက်နှင့်သက်ဆိုင်သော ကိစ္စရပ် ဖြစ်နေသောကြောင့်ပါတည်း။

Credit: ဦးကျော်ဇေယျ( ဥပဒေ )

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service