လယ်ယာစိုက်ပျိုးစားမှာလား…….လယ်ယာမြေရောင်းစားမှာလား

လယ်ယာစိုက်ပျိုးစားမှာလား…….လယ်ယာမြေရောင်းစားမှာလား - Property Knowledge in Myanmar from iMyanmarHouse.com
12 May 2015 3:36 pm တွင် တင်ခဲ့သည်
651 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

မကြာသေးခင်သောကာလက လယ်ယာမြေသိမ်းဆည်းခြင်းပြဿနာတစ်ခုကို သတင်းစာရှင်လင်းပွဲပြုလုပ်လို၍ ဖိတ်ကြားသဖြင့်သွားခဲ့သည်။ ရွှေပြည်သာမြို့နယ် ကွင်းအမှတ်-၂၈၉ A မှ လယ်သမား ၂၄ ဦးမှ စုပေါင်းရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်သည်။ ထိုကွင်းအမှတ်သည် ၀ါးတရာမြောက်ကွင်းဖြစ်ပြီး ဟိုရှေးဘိုးစဉ်ဘောင်ဆက်က ခေတ်အဆက်ဆက်က လယ်လုပ်ကိုင်စားသောက်နေသောနေရာများဖြစ်ပြီး လယ်သမားအများပိုင်ဖြစ်ပြီး သစ်တောမြေမဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

နိုင်ငံတော်အစိုးရမှ စိုက်ပျိုးစရိတ်၊ ချေးငွေများထုတ်ပေးခဲ့ပြီး၊ ရေခွန်၊ တာတမံခွန်နှင့် မြေခွန်များကိုကျသည့်အခွန်ထမ်းဆောင်ခဲ့ပြီး နေထိုင်စိုက်ပျိုးလာခဲ့ရာ ယခုထိုမြေသည် သစ်တောပိုင်မြေဖြစ်ပြီး နောက်ထပ်သစ်စက် ခြောက်ခု ဆောက်လုပ်လျက်ရှိခဲ့သည်ဟု ရှင်းလင်းပြောကြားခဲ့သည်။
ထိုနေရာတွင် လယ်သမားအများစုသည် ရိုးသားသူများဖြစ်ပြီး လယ်လုပ်ခြင်းအလုပ်ကို ဓားမဦးချလုပ်ကိုင်လာကြသူများဖြစ်သည်။

ပိုင်ဆိုင်မှုကိုလည်းအငြင်းမပွား “ဒီကန်သင်းကနေ ဟိုမှာမြင်နေရတဲ့ကန်သင်းရိုး၊ ချောင်းစပ်နားက ကုက္ကိုပင်အပဲအဲ့ဒါမင်းပိုင်တာ၊ မောင်မြကတော့အဲ့ဒီကုက္ကိုပင်ကနေဟိုဘက်ကချောင်းစပ်ဘေးကကန်သင်း အထိပိုင်တာ” ဟူသော အသုံးအနှုန်းဖြင့် ဘိုးဘေးဘီဘင်လက်ထက်က ပိုင်ဆိုင်မှုကိုခွဲကြသည်။ နောက်လယ်ခွန်ကောက်သည့်အခါ “မင်းကကွင်းအမှတ်ဘယ်လောက်အကျယ်ကဒီလောက်၊ အဲ့ဒီတော့အခွန်နှစ်ကျပ်ပေးရမယ်” ဟူသောအသုံးဖြင့်ယခင်ကသတ်မှတ်ကောက်ခံသည်။ လက်တစ်ဝါးစာ စာရွက်လေးဖြင့် ဒါငါ့မြေ၊ ငါတို့ပိုင်တဲ့မြေအစရှိသဖြင့်ဂုဏ်ယူစွာ နေထိုင်ခဲ့ကြသည်။

ထို့နောက် တပ်မတော်အစိုးရလက်ထက်ရောက်သောအခါ လမ်းတံတား၊ မြို့သစ်များ၊ စက်မှုဇုံများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရန်ဟူသော ခေါင်းစဉ်အောက်တွင် ယခင်ဓားမဦးချလယ်လုပ်ခဲ့သော လယ်မြေများအား သိမ်းဆည်းဆောင်ရွက်သည်။ လယ်မြေအားလုံးတွင် ယခုအချိန်ထိ ပြည်သူများ နားမလည်ခြင်းမှာ မြေများကိုစည်ပင်ပိုင်သည်၊ အိုးအိမ်ပိုင်သည်၊ ကြေးတိုင်နှင့် မြေစာရင်းပိုင်သည်ဟူသော ခေါင်းစဉ်အောက်တွင် မြေစာရင်းများပျောက်ဆုံးနေပြီး၊ မိမိပိုင်ဆိုင်သည်ဆိုသော လယ်မြေ၊ ယာမြေများအား၊ မည်သူ့အားကိုးဖြင့်ပိုင်ဆိုင်မှုလျောက်ထား၇မည်ကို မသိသူကများလှပေသည်။

ထိုအချက်များသည် စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရနှင့် နီးစပ်သော တပ်မတော်အရာရှိများ၊ အဘများနှင့် နီးစပ်သူများမှ အိုးအိမ်မြေစာရင်းတွင်လွတ်သော မြေနေရာများကို ဦးပိုင်၊ အဘပိုင်စီမံကိန်းပိုင်၊ စက်မှုဇုံခေါင်းစဉ်တပ်ကာ ရယူခဲ့ကြသည်။ ထိုအခါမြေပြင်တွင် အမှန်တကယ်လယ်ယာလုပ်ကိုင်သူများက သူတို့ပိုင်မြေ၊ ဦးသူယူခဲ့သော ဦးပိုင်၊ အဘပိုင်၊ စီမံကိန်းပိုင်၊ စက်မှုဇုံပိုင်များဖြင့် ပြဿနာများဖြစ်လာကြသည်။

ထိုစဉ်က စစ်အာဏာရှင်အုပ်ချုက်မှုဖြစ်၍ မိမိတို့အသက်ကို စိုးရိမ်ကြောက်လန့်ပြီး နေထိုင်လာခဲ့ရသောကြောင့် နွားလေးပိုက်၊ တဲလေးဖျက်ပြီး ဖယ်ရှားခဲ့ကြရသည်။ ထိုဖယ်ရှားခံလယ်မြများမှ စက်မှုဇုံဟူသော မြေနေရာတွင် အမှန်တကယ်လုပ်ကိုင်လိုသူများမရရှိခြင်းကြောင့် ပြန်လည်ဝယ်ယူခြင်းများ ပြုလုပ်ခဲ့ကြရသည်။ ထိုမြေများ စက်မှုဇုံမလုပ်လျှင် ပြန်သိမ်းမည်ဟုဆိုခြင်းကြောင့် ဂိုထောင်များဆောက်ပြီး ဗန်းပြစက်မှုလုပ်ငန်းဖြင့် ဂိုထောင်များငှားရမ်းခြင်းအလုပ်ကို လုပ်ကိုင်လာကြသည်။

စက်မှုဇုံမြေကွက်များတွင် ဂိုထောင်အငှားမြေအငှားများပေါများလာခဲ့သည်။ “လှိုင်သာယာစက်မှုဇုံမှာ ပေ၅၀၊ ၅၅ပေ PW ဂိုထောင်ကိုတစ်လလျှင် ရှစ်သိန်းနဲ့ငှားဖို့ရှိတယ် မြေအကျယ်က ပေ၅၀၊ ၁၀၀ပေမှာ ဂိုထောင် ပေ၃၀၊ ၈၀ပေ အကျယ်PWကို ကျပ်၁၂ သိန်းနဲ့ ငှားဖို့ရှိတယ် ကျွန်တော်တို့အကျိုးဆောင်ရုံးကို အပ်ထားတာရှိတယ်” ဟု စက်မှုဇုံမြေကွက်များကိုသာ သီးခြားရောင်းငှားလုပ်ကိုင်သူ ကိုးကန့်ဟွာကွေ့ အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းမှ မိတ်ဆွေတစ်ဦးက ပြောကြားခဲ့သည်။

စက်မှုဇုံနယ်မြေကွက်များသည် လှိုင်သာယာစက်မှုဇုံတစ်ခုတည်းမဟုတ်ဘဲ ရွှေလင်ပန်း၊ ဒဂုံဆိပ်ကမ်း၊ သာဓုကန်၊ ငွေပင်လယ်၊ ၀ါးတရာ၊ အနော်ရထာမြစိမ်းရောင်၊ ရွှေသံလွင်၊ ဒဂုံအရှေ့ပိုင်း၊ သာကေတ၊ သီလ၀ါစသည့်နေရာများတွင်ပင် ရောင်း၊ ၀ယ်၊ ငှားများပြုလုပ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။
ထိုထက်ပိုဆိုးသည်မှာ နိုင်ငံတော်၏စပါးကျည်ဟု တင်စားခဲ့သော ဧရာဝတီတိုင်းဒေသကြီးတွင်ပင် လယ်ယာမြေများအား နိုင်ငံတော်မှာ သိမ်းဆည်းခြင်း၊ အနိမ့်ကွင်းများတွင် ငါးကန်များပြုလုပ်ခြင်း၊ ကာလမ်းဘေးတစ်ဖက်တစ်ချက်တွင် ယခင်ကမြေပြင်ထိကွေးညွှတ်လု အသီးကောင်းခဲ့သော လယ်မြေများတွင် မုန့်ဟင်းခါးဆိုင်များမှ နေရာကျယ်ကျယ်ယူပြီး ဆောက်လုပ်လာသည်ကို တွေ့ရသည်။

“အဲ့ဒါ ကျွန်တော့်လယ်လေ၊ ကားလမ်းနဲ့လည်းနီးတယ်။ အရင်က ဒီနေရာစပါးသိပ်ကောင်းတာဗျ။ အထွက်ကောင်းတယ်။ ဒါပေမဲ့မြို့ပေါ်ကလူတွေက ဆင်းဆင်းလာပြီးရောင်းမလား၊ ရောင်းမလားနဲ့ အကြိမ်တစ်ရာမကတော့ဘူး။ ကျုပ်လဲသူတို့မပေးတဲ့ဈေးကိုပြောလိုက်တယ်။ အဲ့ဒါလည်းပေးတာပဲ၊ နောက်တစ်ယောက်လာတော့နှစ်ဆတိုးပြောတယ်။ အဲ့ဒါလည်းပေးတာပဲ၊ ပေ၆၀၊ ၂၀ပေလို လမ်းဘေးမှာသိန်း ၅၀ လောက်ပြောလိုက်တာ အကွက်အများကြီးဝယ်သွားတယ်။ အဲ့ဒါနဲ့ကျုပ်လဲအခု ကားဝယ်စီးလိုက်ပြီဗျာ။ တစ်သက်လုံးရွှံ့ထဲနေလာရတာ အခုမှကားစီးရတာ၊” ဟု ပုသိမ်သွားကားလမ်းဘေးမှ လယ်သမားဦးဘသောင်းငွေက ဆိုခဲ့သည်။

သို့သော်အဆိုပါ လယ်သမားကြီး၏ သားမြေ စဉ်ဆက် တို့မှ ဆန်ကိုဝယ်ယူစားသောက်ရတော့မည်ကို သူမတွက်ခဲ့ဟန်တူသည်။ ထို့အတူ လယ်ယာမြေများ ရှားပါးလာ သည့်အတွက် လယ်ယာလုပ်ကိုင်သူလည်း ရှားပါးလာခဲ့သည်။ ယင်းနှုန်းထားအတိုင်းသာ လယ်ယာမြေ ဆုံးရှုံးမှု များပြားလာပါက ယခင်အရှေ့တောင်အာရှ၏ စပါးကျည်ဖြစ်ခဲ့သော မြန်မာနိုင်ငံသည်ယခုအခါ ဆန်ကို ပြည်ပမှ ပြန်လည်တင်သွင်းစားသောက်ရမည့်ကိန်းဆိုက်လာနိုင်သည်။ နိုင်ငံတော်၏ လက်မှုလယ်ယာမှသည် စက်မှုလယ်ယာ ဆီသို့ စီမံကိန်းမှာလည်း ယခုအခါ လယ်ယာမြေသိမ်းဆည်းခြင်း၊ လယ်သမားတို့၏လယ် ယာမြေရောင်းချမှုတို့ကြောင့် အငွေ့ပျယ်သလို ပျက်ပြယ်ခဲ့ရပေပြီ။

ယခုအခါတွင်တော့ မြန်မာနိုင်ငံတွင် လယ်ယာမြေများသိမ်းဆည်းခံရခြင်း၊ လယ်မြေများတစ်ဆင့်ပြန်လည်ရောင်းချခြင်း၊ လယ်သမားကိုယ်တိုင်ရောင်းချခြင်းကြောင့် လက်ရှိ လယ်ယာမြေကွက်နေရာတော်တော်များများတွင် ခြံစည်းရိုးတိုင်များခတ်၊ မြေရောင်းရန်ရှိသည်။ ဖုန်း-----ကိုဆက်သွယ်လိုက်ပါဟူသော စာသားများနေရာတစ်ကာတွေ့လာရသည်။ လယ်ယာမြေများတစ်ဆင့်ပြန်လည်ရောင်းချလာခြင်းကြောင့် နောက်ဆယ်နှစ်တာကာလတွင် လယ်မြေများဆုံးရှုံးခြင်းကြောင့် ဆန်စပါးများပြည်ပမှ ပြန်လည်ဝယ်ယူစားသောက်ရမည့်အရေးကိုတွေးပြီး ရင်လေးမိပါသည်ဟူ၍သာ ရေးသားရပေတော့မည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service