ယခင်က အိမ်၊ ခြံ၊ မြေ ရောင်း၊ ၀ယ်၊ ငှား ပြုလုပ်မည်ဆိုလျှင် အိမ်ရှင်၊ အိမ်ငှားနှစ်ဦးနှစ်ဖက်အားမည့် အချိန်ကို ပွဲစား/အကျိုး ဆောင်များမှ ကြားဝင်ညှိနှိုင်းပေးကာ အိမ်ပြ/အိမ်ကြည့်ကြရသည်။
ထိုအခါတွင် အိမ်ရှင်၊ အိမ်ငှား၊ နှစ်ဖက်စလုံးတွင် အခက် အခဲများကိုတွေ့ကြုံကြရသည်။
အိမ်ရှင်များအနေဖြင့် စိတ်ကြိုက်အိမ်ငှားမတွေ့သ၍ အချိန်ပေး၍ လိုက်ကြည့်ရသည့်အပြင် သတ်မှတ်ချိန်အတွင်း မရရှိပါက စိတ်တိုင်းကျမဟုတ်သည့်အိမ်များကို ငှားယူရသည့် အခက်အခဲများလည်းရှိပါသည်။
ယနေ့ ခေတ်တွင် အိမ်၊ ခြံ၊ မြေနှင့်ပတ်သက်သော website များပေါ်ပေါက်လာပြီဖြစ်ရာ အိမ်ငှားလိုသူ၊ ၀ယ်လိုသူများမှာ website ရှိ အိမ်ဓါတ်ပုံများကို အရင်ကြည့်ပြီး စိတ်ဝင်စားမှသာကိုယ်တိုင်လိုက်ကြည့်ကြ၍ အချိန်ကုန်သက်သာသလို လူပင်ပန်းလည်း သက်သာလှပါသည်။
အိမ်ပိုင်ရှင်များအနေဖြင့်လည်း သေချာသော ၀ယ်လက်များကိုသာ ပြရသည့်အတွက် အချိန်ကုန်သက် သာရုံသာမက အလုပ်မြန်မြန်ဖြစ်တတ်ပါသည်။
သို့ရာတွင်လူ အမျိုးမျိုး စိတ်အထွေထွေ ဆိုသည့်စကားအတိုင်း အချို့ငှားလို၊ ၀ယ်လိုသူများမှာ ကိုယ်တိုင်ကိုယ်ကျလိုက်ကြည့်၍ စိတ်တိုင်းကျ ရွေးလိုသူများဖြစ်ပါသည်။
အိမ်ရှင်အများစုမှ ၎င်းတို့ပိုင်ဆိုင် သော အိမ်၊ ခြံ၊ မြေများကို ဓါတ်ပုံရိုက်၍ ကြော်ငြာပေးခြင်းကို လက်ခံလာကြသည်။ တစ်ဖက်တွင်လည်း ဓါတ်ပုံအရည် အသွေးမကောင်းမှာစိုး၍ ကိုယ်တိုင် လိုက်ပြချင်သည့် အိမ်ရှင်များလည်း ရှိပါသည်။
ခေတ်ကာလပြောင်းလဲလာသည်နှင့် အမျှ ဓါတ်ပုံကို အရင်ကြည့်၍ ဆုံးဖြတ်မည့် ငှားလို/၀ယ်လိုသူများ များပြားလာနိုင်သည်ဖြစ်ရာ အိမ်ရှင်များအနေဖြင့် မိမိတို့၏ အိမ်၊ ခြံ၊ မြေများကို ဓါတ်ပုံရိုက်ကူးခွင့်ပေးခြင်း အားဖြင့် အရောင်း၊ အ၀ယ်၊ အငှားလုပ်ငန်းများ ပိုမိုမြန်ဆန်ချောမွေ့စေရန် ဆုတောင်းလိုက်ရပါသည်။
Credit: Myanmar Property News