အမွေဆိုလို့ နှစ်လုံးတည်းသာရယ် တကယ်ဆို ခက်ခဲရှုပ်ထွေးတဲ့ မိသားစု ရေးရာ အကြောင်းတရားတစ်ခုပါပဲ။ မိဘဘိုးဘွားတွေ မရှိတော့တဲ့ နောက် ပိုင်းမှာ ကျန်ရှိထားရစ်ခဲ့တဲ့ ပိုင်ဆိုင်မှုအမွေတွေကို ကျန်ရစ်တဲ့ မိသားစုဝင် တွေက အညီအမျှခွဲဝေယူကြရတာပဲဖြစ်တယ်။ ဒီလိုမျိုးနေရာမှာ ယခင့်ယ ခင်မိဘဘိုးဘွားတွေက ပိုင်ဆိုင်မှုအတွက် သားသမီးတွေခွဲဝေဖို့ အစီစဉ် တကျ ဝေစုမလုပ်ပေးခဲ့တာတွေကြောင့် နောင်တချိန် သားသမီးတွေအမွေ ဆက်ခံလာမယ့် အချိန်တွေမှာ ရှင်းလို့မရနိုင်တဲ့ အခက်အခဲပြဿနာတွေ တစ်ထွေးကြီးကြုံလာရပါတော့တယ်။
လောဘသားကောင်တွေ ဖြစ်တဲ့အတွက် အလိုရမက်ဆန္ဒတွေကိုယ်စီရှိကြ ရာဝယ် မိဘရဲ့အမွေကို သူယူထိုက်တယ်၊ ငါယူထိုက်တယ်။ သူက ဘယ် လောက်ပမာဏယူ၊ ငါက ဘယ်လောက်ပမာဏယူဆိုပြီး အပြန်အလှန်အ ငြင်းပွား စိတ်ဝမ်းကွဲကြသည်ဖြစ်ရာ မောင်နှမသားချင်း၊ စကားမပြေလည်ရန် ဖြစ်နောက်ဆုံးအသက်အန္တရာယ်တွေကို ရန်ရှာလာသည် အထိဖြစ်သွား ကြရတာမျိုးတွေရှိပါတယ်။ တချို့ဆို တရားတစ်ဘောင်တွေရောက်ပြီးအ မွေခွဲခြင်းတွေကို အရှက်တကွဲနဲ့ရင်ဆိုင်ဖြေရှင်းကြရမျိုးတွေလည်းဖြစ်လာ ရပါတော့တယ်။
ထို့အတွက်ကြောင့် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအမွေခန်းမှာ မိဘဘိုးဘွား တွေရဲ့ အမွေအနှစ်ပိုင်ဆိုင်မှုတွေခွဲဝေခြင်းအတွက် သြရသသားသမီးတွေ ရဲ့ အမွေစား အမွေခံပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး သိကောင်းစရာအချက်အ လက်တချို့ကို ဗဟုသုတအနေနဲ့ ရေးသားဖော်ပြပေးလိုက်ပါတယ်။
သြရသ သားကြီး (မိဘအလုပ်ကူလုပ်သူ) ဖခင်ကွယ်လွန်သွားခဲ့ပြီး ၁၂ နှစ်အတွင်း မိခင်ထံမှ အမွေဝေစု လေးပုံတစ်ပုံ တောင်းဆိုနိုင်တယ်။ သြရသ သမီးကြီး( မိဘအလုပ်ကူလုပ်သူ) မိခင်ကွယ်လွန်ပြီး ၁၂ နှစ်အတွင်း ဖခင် ထံမှ အမွေဝေစု လေးပုံတစ်ပုံတောင်းဆိုနိုင်တယ်။
အကယ်၍ မိဘနှစ်ပါးလုံးကွယ်လွန်ပြီး အမွေကျန်ခဲ့လျှင် သြရသ သားနှင့် သမီးတို့က အတူတူခံစားခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် သြရ သ သားသမီးတို့က သြရသ ဝေစုလေးပုံတစ်ပုံအပြင် ကျန်ညီအစ်ကိုမောင်နှ မများနှင့် တန်းတူတစ်စုရခွင့် ရှိနေသေးတယ်ဆိုတာကိုလည်း သိထားသင့်ပါ တယ်။
Ref; ဇော်မြင့်ဦး ( လူတိုင်းအတွက် အိမ်ခြံမြေလမ်းညွှန်)
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသားဖော်ပြသည်။)