ဗဟုသုတ | Posted by ရွှေစင်ဝင်း
ယခု လတ်တလေ အင်တာနက်ပေါ်မှ အိမ်၊ ခြံ၊ မြေ ဈေးကွက် အခြေအနေလေးတွေကို တင်ပြချင် ပါတယ်။
ဈေးကွက်အေးနေသော်လည်း ပုံမှန် အငှားလေးတွေ ဖြစ်နေတဲ့ အပြင်လောက အိမ်၊ ခြံ၊ မြေ ဈေးကွက်ဖြစ်နေသော်လည်း Online ပေါ်တွင် ကြော်ငြာထားသော အိမ်၊ ခြံ၊ မြေ ကြော်ငြာများကို လာရောက် စုံစမ်းမေးမြန်းမှုလေးတွေကတော့ တဖြည်းဖြည်းနဲ့ အရေအတွက် ပိုမိုတိုးတက်လို့လာနေပြီး မရမ်းကုန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ အင်းယားကန်အနီး တဝိုက်နှင့် ဗဟန်းမြို့နယ်၊ ကမာရွတ်မြို့နယ်များကို မေးမြန်းလေ့လာမှု ပိုများကြောင်း နာမည်ကြီး Web Protal တစ်ခုမှ Web Admin တစ်ယောက်၏ ပြောပြချက်အရ သိရပါတယ်။
အပြင်လောက အိမ်ခြံမြေ ဈေးကွက် အေးနေချိန်မှာ အွန်လိုင်းပေါ်မှာ ဝင်ရောက်လေ့လာသူများနဲ့ ဆက်သွယ်မေးမြန်းသူ အရေအတွက် တိုးတက်မှု အခြေအနေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ Online Business ကဏ္ဍလည်း ပိုမိုကျယ်ပြန်နေတယ်လို့ ခန့်မှန်းမိပါတယ်။
ကုန်ကျစရိတ်သက်သာပြီး အင်တာနက်ရှိသော အချိန်နှင့် နေရာဒေသမရွေးမှာ အသုံးပြုမေးမြန်း ဆက်သွယ် ရှာဖွေနိုင်သော Online ကြော်ငြာ ကဏ္ဍလေးတွေကို ကျယ်ပြန့်စွာအသုံးပြုခြင်းဟာ တိုးတက်လာသော Online Business နှင့်အတူ ယှဉ်ပြိုင်နိုင်ဖို့ အထောက်အကူတစ်ခုဖြစ်မယ်လို့ ယုံကြည့်မျှော်လင့်မိကြောင်းလည်း အကြံပြုတင်ပြ လိုက်ရပါတယ်။
Credit: Myanmar Property News – MPN