ခေတ်ကာလပြောင်းလဲလာသည့်နှင့်အမျှ လူတို့၏ အလေ့အထ၊ တွေးခေါ်စဉ်းစားပုံများသည်လည်း ပြောင်းလဲသည်ထက် ပြောင်းလဲလာသည်။ ပိုမိုခေတ်မှီဆန်းသစ်လာကြသည်။ အိမ်၊ခြံ၊မြေလောကတွင်လည်း ထိုသို့ပင်ဖြစ်ပေသည်။
ယခင်က အိမ်ငှားချင်လျှင် ပွဲစား/အကျိုးဆောင်များထံမှ စုံစမ်းမေးမြန်းကာ ထိုပွဲစား/အကျိုးဆောင်များလိုက်ပြသော အိမ်၊ခြံ၊မြေအားလုံးကို တစ်အိမ်တက်/ဆင်း အကြိုက်မတွေ့မချင်းလိုက်ကြည့်ကြရသည်။
ထိုမှတစ်ဖန် သတင်းစာ၊ ဂျာနယ်များတွင်လည်း ထည့် ကြော်ငြာသော ကာလကိုရောက်လာပြန်သည်။ ၀ယ်လို/ငှားလိုသူတို့က ဂျာနယ်များတွင် ကြော်ငြာထားသည်များမှ မိမိတတ်နိုင် သော၊ စိတ်ဝင်စားသော Data များကို တွေ့မှ ဖုန်း၍ လိုက်ကြည့်ကြသည်။
ယခုအခါ Internet/IT သည် မြန်မာနိုင်ငံတွင် တစ်စ ထက်တစ်စ လွှမ်းမိုးမှုကြီးမားလာရာ ၀ယ်လို/ငှားလိုသူတို့သည် အိမ်၊ခြံ၊မြေ website များ ၀င်ရောက်ကြည့်ရှု၍ မိမိနှင့် အမှန် တကယ်ကိုက်ညီလောက်မည်ထင်သည့် Data များကိုသာ ကိုယ်တိုင်လိုက်ကြည့်ပေတော့သည်။
ယခုလက်ရှိ အချိန်တွင် ထိုအိမ်၊ ခြံ၊မြေ website များကို အများဆုံးဝင်ရောက်ကြည့်ရှုနေသူများလည်း မြန်မာနိုင်ငံသို့ အလုပ်ကိစ္စနှင့် ရောက်ရှိနေကြသော နိုင်ငံ ခြားသားများသာဖြစ်ပါတယ်။ Internet အသုံးပြုမှုများပြားလာသည်နှင့်အမျှ မြန်မာနိုင်ငံသားများပါ အိမ်၊ခြံ၊မြေ website များကို ထဲထဲဝင်ဝင်အသုံးပြုလာတော့မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
သတင်းစာ/ဂျာနယ်များတွင်ရှာခြင်းဖြင့် Data အကြမ်းဖျင်းကိုသာ သိနိုင်သည်။ website များတွင်ရှာဖွေလျှင် Data အသေးစိတ်ကိုသာမက ထိုအိမ်၊ခြံ၊မြေနှင့်သက်ဆိုင်သော ဓါတ်ပုံများကိုလည်း ကြည့်ရှုနိုင်၍ အချိန်ကုန်လူပင်ပန်းသက်သာသည်။
ကားလမ်းပိတ်ဆို့မှုပြဿနာမှာ ရန်ကုန်မြို့တွင်းရှိ နေရာအတော်များများတွင် ခံစားရလျက်ရှိရာ ကိုယ်သေချာမသိသော အိမ်၊ခြံ၊မြေလိုက်ကြည့်ရန်အတွက် ကားပေါ်တွင် အချိန်ကုန်ရသည့် ဒုက္ခမှ ကင်းလွတ် နိုင်ပါသည်။ ထို website များပေါ်လာခြင်းမှာ အိမ်ငှား/၀ယ်လိုများအတွက်သာမက အိမ်ရှင်များအတွက်ပါ အလွန်အကျိုးရှိလှ သည်။ Customer များအနေဖြင့် ဓါတ်ပုံများကြည့်ပြီးဖြစ်ရာ အမှန်တကယ်စိတ်ဝင်စားမှသာ ကိုယ်တိုင်ကိုယ်ကျလိုက်ကြည့်ခြင်း ဖြစ်၍ အိမ်ပိုင်ရှင်များအတွက်လည်း အချိန်ကုန်သက်သာရုံသာမကပို၍ ထိရောက်မြန်ဆန်စေပါသည်။ ထိုသို့အိမ်ရှင်အိမ်ငှားနှစ်ဦး နှစ်ဖက်အကျိုးရှိလှသော ပြောင်းလဲမှုကို ကြိုဆိုရင်းဖြင့် လုပ်ငန်းစီးပွားများ ဆထက်တပိုးတိုးပွားစေရန် ဆုတောင်းရေးသား လိုက်ပါသည်။
Credit: Myanmar Property News- MPN