အိမ်နှင့်ပက်သက်၍ ခိုက်တတ်သည်ဆိုသောအယူအဆများ

အိမ်နှင့်ပက်သက်၍ ခိုက်တတ်သည်ဆိုသောအယူအဆများ - Property Knowledge in Myanmar from iMyanmarHouse.com
22 Jan 2015 11:22 am တွင် တင်ခဲ့သည်
7887 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

မြန်မာလူမျိုးတွေမှာ အိမ်ခြံမြေနဲ့ပက်သက်ပြီး အစွဲအလမ်းလေး တွေရှိပါတယ်။ လမ်းဦးတိုက် အိမ်ဦးတိုက်မနေကောင်းဘူး ခိုက်တတ်တယ်ဆိုတဲ့ အယူလေးတွေပါ။ တစ်ချို့မှာ ဒီလိုအယူတွေမရှိကြတော့ပေမဲ့ တစ်ချို့ကတော့ ဆက်လက်စောင့်ထိန်းနေဆဲပါပဲ။ မြန်မာလူမျိုးတွေ ယုံကြည်ကြတဲ့ အိမ်ခြံမြေ အစွဲအလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

လမ်းဦးတိုက်
လမ်းကိုထိပ်တိုက် ဆောက်ထားတဲ့အိမ် ဖြစ်ပါတယ်။ ဒီလိုအိမ်မှာနေမယ်ဆိုရင် ကျားရုပ်တစ်ခုလုပ်ပြီး လမ်းဘက်ကို လှည့်ပေးထားရပါတယ်။ ဒါမှမဟုတ် အိမ်ရှေ့မှာ သောက်ရေအိုးစင်ဆောက်တာမျိုးလည်း ရပါတယ်။

နို့ညှပ်
ညီအစ်ကိုကြား၊သားအဖကြား ရောက်နေတဲ့အိမ်ဖြစ်ပါတယ်။ ကိုယ်နဲ့ကပ်ရပ် ဘယ်နဲ့ညာကအိမ်ပိုင်ရှင်တွေဟာ သားအဖတွေ၊ ညီအစ်ကိုတွေဖြစ်နေတာပါ။ ဒီလိုမျိုးနေမိပြီဆိုရင်တော့ ထညပ်(ငါးကင်ရာမှာ သုံးတဲ့ဝါးညှပ်) ကို အိမ်ရဲ့တစ်ဖက်တစ်ချက်မှာ ထားရပါတယ်။

စေတီဦးတိုက်
ဘုရားကျောင်းကန်စေတီပုထိုးတစ်ခုခုက မိမိအိမ်ထက်နိမ့်ပြီး ဘေးနားကပ်လျက်မှာရှိနေတာကို ဆိုလိုပါတယ်။ တိုက်တာအဆောက်အဦးပေါတဲ့ ရန်ကုန်လိုနေရာတွေမှာ တွေ့ရတတ်ပါတယ်။ ဒီလိုနေမိရင် အနီးအနားဘုရားကျောင်းကန်တစ်ခုမှာ ကောဇောခင်းတာ၊ ကျောက်ပြားခင်းတာ၊ တံမြက်စည်းလှည်းတာတွေ လုပ်ပေးရပါတယ်။

ကြမ်းဦးတိုက်
အထပ်တစ်ခုပေါ်၊ ကြမ်းခင်းတစ်ခုပေါ်၊ အဆင့်တစ်ခုပေါ်ကို တက်လိုက်တဲ့အခါမှာ ကိုယ့်ခြေဖဝါးဟာ အဲဒီ့အထပ်မှာခင်းထားတဲ့ ကြမ်းအလျားတိုင်း ချမိနေတာကိုပြောတာပါ။ ဒီလိုမျိုးကြမ်းခင်းထားတဲ့ အဆောက်အဦးမှာ နေမိပြီဆိုရင် အဲဒီ့ကြမ်းမှာ ဖယောင်းပုဆိုး၊ကောဇော ဒါမှမဟုတ် တစ်ခုခုခင်းပေးရပါတယ်။

အိမ်တံစို့
မိမိအိမ်ကို အခြားအိမ်က အလယ်တည့်တည့်က ကန့်လန့်ဆောက်ထားတာဖြစ်ပါတယ်။ဒါမျိုးဆိုရင်တော့ မိမိအိမ်ဘက်ကနေ ကန့်လန့်ဆောက်ထားတဲ့အိမ်ကို မှန်တစ်ချပ် ထောင်ပေးထားရပါတယ်။
နေအိမ်တွင်းမှာ ခြတောင်ပို့ရှိရင် အရောင်းအဝယ်မကောင်းဘူး။ မိမိအိမ်မျက်နှာစာက အခြားအိမ်ရဲ့နောက်ဖေးဖြစ်နေရင် မကောင်းဘူးဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။ ရိုးရာအယူအဆတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

Ref; အိမ်ခြံမြေလမ်းညွှန်(ဇော်မြင့်ဦး)

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသားဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service