ဗဟုသုတ | Posted by ရွှေစင်ဝင်း
နယ်ချဲ့ကိုလိုနီများကျူးကျော်သိမ်းပိုက်ခံခဲ့ရဖူးတဲ့ အရှေ့တောင်အာ ရှ နိုင်ငံတွေအကြားမှာ ရန်ကုန်မြို့တော်က ကိုလိုနီခေတ်အဆောက် အအုံများစွာကျန်ရစ်ခဲ့တဲ့ မြို့တော်အဖြစ် နာမည်ကျော်ပါတယ်။ ဗ ဟိုအစိုးရတရားရုံး၊ ကုန်းတွင်းပိုင်းသယ်ယူပို့ဆောင်ရေးရုံးချုပ်၊အ ကောက်ခွန်ရုံး၊ အတွင်းဝန်ရုံးနဲ့စထရန်းဟော်တယ် အဆောက်အ အုံတို့က ကိုလိုနီခေတ်အငွေ့အသက်တွေ များစွာရရှိခံစားနိုင်တဲ့နေ ရာတွေပါပဲ။ နှစ်ပေါင်းဆယ်စုနဲ့ချီတဲ့ အဆောက်အအုံတွေကြောင့် လည်းနိုင်ငံခြားသား ခရီးသွားဧည့်သည်တွေက စိတ်ဝင်တစားနဲ့လာ ရောက်လည်ပတ်ကြတာပဲဖြစ်ပါတယ်။
မြို့တော်ခန်းမ
မြန်မာနိုင်ငံရဲ့အကောင်းဆုံးဗိသုကာ အဆောက်အအုံအဖြစ် စံပြ သတ်မှတ်ခံထားရပါတယ်။ ၁၉၂၆ ခုနှစ် နဲ့ ၁၉၃၆ ခုနှစ်အကြားမှာ ဗိသုကာ ပညာရှင် ဦးတင်က ဦးစီးဦးဆောင်ကာတည်ဆောက်ခဲ့ တာဖြစ်ပြီး ရန်ကုန်မြို့တော်ရဲ့သမိုင်းဝင်အဆောက်အအုံစာရင်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အတွင်းဝန်ကြီးများရုံး၊ ဝန်ကြီးများရုံး
အထင်ကရ ကိုလိုနီခေတ်အဆောက်အအုံတွေထဲက အကြီးမားဆုံး အဆောက်အအုံလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံသမိုင်းအဆက်ဆက် မှာ အတိတ်ဆိုး အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့တဲ့ အဆောက်အအုံလို့ လည်းဆိုလို့ရပါတယ်။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင် ကိုးဦးတို့အသက်ဝိညာဉ်လွင့်ခဲ့ ရတဲ့ အဆောက်အအုံလည်းဖြစ်ပါတယ်။ မြို့တော်ရှိ ဗိုလ်အောင် ကျော် လမ်းတစ်ဘလောက်စာလောက်ယူထားတဲ့ ဒီကိုလိုနီအ ဆောက်အအုံနီနီကြီးက ယနေ့အချိန်အထိ ထီးထီးမားမားကြီး တည် ရှိနေပါသေးတယ်။
ဗဟိုအစိုးရတရားရုံး
ရှေးယခင်ခေတ်နှစ်များက တရားစီရင်ရေးရုံးလို့ အခေါ်များခဲ့တဲ့ ဒီ ကိုလို နီခေတ်အဆောက်အအုံကြီးကို ပထမကမ္ဘာစစ် မတိုင်မီ ၁၉၁၄ ခုနှစ် မှာတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက နယ်ချဲ့လက်အောက်ကနေ လွတ်မြောက်လာခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ တော့ အစိုးရက ဗဟိုအစိုးရတရားရုံးအဖြစ် ပြောင်းလဲခေါ်တွင်ခဲ့ လိုက်တာပဲဖြစ်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသားဖော်ပြသည်။)