ရန်ကုန်မှာရှိခဲ့ဖူးတဲ့ အဝိုင်းကြီးတွေ

ရန်ကုန်မှာရှိခဲ့ဖူးတဲ့ အဝိုင်းကြီးတွေ - Property Knowledge in Myanmar from iMyanmarHouse.com
13 Jan 2015 10:23 am တွင် တင်ခဲ့သည်
4190 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အောက်မြန်မာနိုင်ငံကို သိမ်းပြီးနောက်ပိုင်းမှာ အင်္ဂလိပ်တို့ဟာ ရန်ကုန်ကို မြို့ကွက်သစ်ပြန်ဖော်ပြီး တည်ဆောက်ခဲ့ပါတယ်။

မြို့ကွက်ဒီဇိုင်းကို အဓိကတာဝန်ယူ ရေးဆွဲတာကတော့ စစ်အင်ဂျင်နီယာ ဗိုလ်ဖရေဇာ(ဖရေဇာလမ်း- အနော်ရထာလမ်း) ဖြစ်ပါတယ်။ အမေရိကန် ဝါရှင်တန်မြို့ကို ပြင်သစ်အင်ဂျင်နီယာ Pierre Charles L'Enfant က အဝိုင်းကြီးတွေ ထည့်သွင်းပြီး တည်ဆောက်ထားတာကို သူက သဘောကျပါတယ်။ ဖရေဇာကလည်း ဒါကိုအတုယူပြီး မြက်ခင်းအဝိုင်းကြီးတွေနဲ့ ရန်ကုန်မြို့ကို အကွက်ဖော်တည်ဆောက်ခဲ့ပါတယ်။

ဦးဝိစာရအဝိုင်းနဲ့ ဟံသာဝတီအဝိုင်းတို့လို အဝိုင်းကြီးတွေ ကျန်ရှိနေသေးပေမဲ့ အခြားအဝိုင်းတွေကတော့ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။ ဗိုလ်ဖရေဇာ ဖော်ထုတ်ခဲ့တယ့် အဝိုင်းကြီးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁)ဘုရားကုန်းတော်မြေတည်ရှိရာ ဆူးလေဘုရားအဝိုင်းကြီး
(၂)ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ဆူးလေဘုရားလမ်းဆုံ ကွန်တီနင်တယ် အဝိုင်းကြီး
(၃)ဗဟန်းလမ်း၊ဦးထောင်ဗိုလ်လမ်း နဲ့ ကန်ရိပ်သာလမ်းဆုံ ဗဟန်းအဝိုင်းကြီး
(၄)ရွှေဂုံတိုင်လမ်းနဲ့ ကိုယ့်မင်းကိုယ့်ချင်းလမ်းဆုံရာ ရွှေဂုံတိုင်အဝိုင်းကြီး(ဗဟန်းမြို့နယ်)
(၅) ဦးဝိစာရလမ်းနဲ့ အလုံလမ်းဆုံရာ (ဒဂုံမြို့နယ်) ဦးဝိစာရအဝိုင်းကြီး
(၆) ဦးဝိစာရလမ်းနဲ့ ဘောင်ဒရီလမ်းဆုံ( ဓမ္မစေတီလမ်း) ဝိဇယအဝိုင်း
(၇) အနောက်မြင်းပြိုင်ကွင်းလမ်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းနဲ့ ဗညားဒလလမ်းဆုံရာ တာမွေအဝိုင်းကြီး
(၈)ပြည်လမ်းနဲ့ ဗားကရာလမ်းဆုံ မြေနီကုန်းအဝိုင်းကြီး
(၉) ပြည်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ အင်းစိန်လမ်းနှင့် လှည်းတန်းလမ်းဆုံရာ ကမာရွတ်အဝိုင်း(လှည်းတန်းအဝိုင်း)
(၁၀)ဦးဝိစာရလမ်း၊ဟံသာဝတီလမ်းနှင့် ပြည်လမ်းတို့ဆုံရာ ဟံသာဝတီအဝိုင်းကြီး တို့ဖြစ်ပါတယ်။

၁၉၆၀ ခုနှစ် လမ်းများတိုးချဲ့ဖောက်လုပ်ရာမှာ အဝိုင်းကြီးတော်တော်များများကို ဖျက်ပစ်ခဲ့ပါတယ်။ တာမွေအဝိုင်းကြီးကိုတော့ ၁၉၈၉ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပါတယ်။

Ref; ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီ သမိုင်း

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသားဖော်ပြသည်။)
ရန်ကုန်မှာရှိခဲ့ဖူးတဲ့ အဝိုင်းကြီးတွေ - Property Knowledge in Myanmar from iMyanmarHouse.com
ရန်ကုန်မှာရှိခဲ့ဖူးတဲ့ အဝိုင်းကြီးတွေ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service