ခုတလော အိမ်ခြံမြေ အခွန်ကိစ္စနဲ့ပါတ်သက်လို့ အသံအမျိုးမျိုးထွက်နေကြတယ်
တက်မှာလား ကျမှာလားမြေဝယ်မကျဆိုသလိုပဲ မြန်မာနိုင်ငံမှာမြေဝယ်ပြီးကျတယ်ဆိုတာထက် ငြိမ်သွားပြီး အေးသွားတယ်ဆိုတာပဲရှိခဲ့တာ ခေါင်းကိုက် ဗိုက်နာဆိုရင်တမျိုးပေါ့
မြေဈေးတက်ရိပ်ကလဲ တော်ရုံ လုပ်ငန်းတွေက ရတဲ့အကျိုးမြတ်ကမမှီနိုင်ဘူး ဒါ့ကြောင့်လဲအိမ်ခြံမြေဈေးဘက်ကိုလှည့်နေကြတာ
တိုက်ခန်းဈေးကွက်ပေါ်ကိုပါသက်ရောက်နေကြတယ် ဒါတောင်
နိုင်ငံခြားသားတွေတရားဝင်ဝယ်ဖို့ condo law ကမထွက်သေးဘူးနော်
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဖိတ်ခေါ်ပြီးအိမ်ယာတွေဆောက်ဖို့စီစဉ်နေကြပြီးကောင်းပါတယ် မြေတွေက မနည်းဘူး
A နိုင်ငံခြားသားပိုင် + B မြန်မာနိုင်ငံသားပိုင်=C joint company (နိုင်ငံခြားသား+မြန်မာနိုင်ငံသားပိုင်) ကိုသာမြေဝယ်ခွင့်ပြုမယ်ဆိုရင် မြေဈေးတွေမတွေးရဲဘူး လတ်တလောတော့မလုပ်သေးဘူးထင် ပါထင်တယ်
အိမ်ခြံမြေက ထပ်တက်မှာလား ကျမှာလားဆိုတော့ ထပ်တက်ဖို့မြင်တယ်
အထူးသဖြင့် အထပ်မြင့်ဆောက်လို့ ရတဲ့နေရာတွေဆို ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာလို့ မြေရှင်တွေက စင်ပေါ်ကပဲအခွန်နှုန်းသတ်မှတ်လိုက်လို့ ကျသလားဆိုတော့ ဘယ်နားက အိမ်မြေဈေးကျတာကြားသလဲ...
ဒီတလောအထပ်မြင့်ဆောက်လို့ရတဲ့နေရာတွေဆို ပိုတောင်တက်သေးတယ်
ပူစီဖောင်းကြိုးတန်းလန်းနဲ့ကွဲ မလား မိုးပေါ်ပျံတက်ရင်းနဲ့ကွဲမလား
အင်းးးး
Credit: myanmar property news