ကမ္ဘာပေါ်မှာ ဓာတ်လှေကားပေါ်လာခဲ့ပြီးနောက်ပိုင်း အဆောက်အဦးတွေရဲ့ဓာတ်လှေကားတွေကို ကေဘယ်ကြိုးတွေ ဝန်ချီစက်တွေနဲ့ ပြုလုပ်လာခဲ့တာ နှစ်ပေါင်း ၁၆၀ ရှိပါပြီ။
ဂျာမနီကုမ္ပဏီတစ်ခုက အင်ဂျင်နီယာတွေဟာ ကေဘယ်ကြိုးတွေ အသုံးပြုခြင်းမရှိတဲ့ ကြိုးမဲ့ဓာတ်လှေကားကို ပထမဆုံး တီထွင်လိုက်ပါတယ်။
ဒီနည်းပညာဟာ ဓာတ်လှေကားကို ဒေါင်လိုက်ကော၊ အလျားလိုက်ပါ ချောမွေ့စွာရွေ့လျားနိုင်ဖို့ သံလိုက်ကို အသုံးပြုမှာဖြစ်ပါတယ်။
သံလိုက်ကွိုင်တစ်ခုဟာ ဓာတ်လှေကားရဲ့ ရှပ်တန်းတစ်လျှောက်မှာ အလုပ်လုပ်နေပြီး ဓာတ်လှေကားခန်းရဲ့ အပြင်ဘက်မှာရှိတဲ့ သံလိုက်တွေကို တွန်းကန်ပြီး ရွေ့လျားစေမှာဖြစ်ပါတယ်။
Multi လို့ခေါ်တဲ့ ဒီနည်းပညာကို ဂျာမန်ကုမ္ပဏီ ThyssenKrupp က တီထွင်ခဲ့တာဖြစ်ပါတယ်။
ThyssenKrupp ရဲ့အဆိုအရ ဒီနည်းပညာဟာ အဆောက်အဦးရဲ့ နေရာအကျယ်အဝန်းကို ၂၅ ရာခိုင်နှုန်းလောက်လျော့ချအသုံးပြုမှာဖြစ်ပြီးသာမန်ဓာတ်လှေကား တွေထက် ၅၀ ရာခိုင်နှုန်းလောက် ပေါ့ပါးမယ်လို့ဆိုပါတယ်။
အနာဂတ်မှာ အထပ်မြင့်အဆောက်အဦးတွေဟာ ဒီနည်းပညာကို အသုံးချလာဖို့ ရှိတယ်လို့ဆိုပါတယ်။
Credit : iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)