ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီ မြို.ပြစီမံကိန်းနှင့် မြေစီမံခန်.ခွဲမှုဌာနတွင် မြေဌားဂရန် လျှောက်ထားခြင်း ၊ မြေပုံမြေရာဇဝင်ရေးကူးပေးပါရန် လျှောက်ထားခြင်း၊ မြေတို်င်းတာခြင်းနှင့် မြေကွက်အမည်ပြောင်းခြင်းကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ၂၀၁၁ - ၂၀၁၂ နှစ်က မြန်မာ့အလင်း နှင့် ကြေးမုံသတင်းစာ တို.တွင်ဖတ်လိုက်ရသည်။ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ငွေကြေးကုန်ကျမှုမရှိစေရန် နှင့် အချိန်ကြန်.ကြာမှုမရှိစေရန် မြို.တော်ခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းကောင်းပါလာသဖြင့် “ရေကန်အသင့်၊ ကြာအသင့်” ဖြစ်သွားသည်။ လွန်ခဲ့သောနှစ်က စိတ်ကူးကို ယခုအကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။
“ပရိတ်” ဆိုတာ “အရံအတား” ဖြစ်တယ်လို.တောင်တန်းသာသနာပြုဆရာတော် “ဦးဥတ္တမသာရ” ၏ ပရိတ်တရားတော်တွင် နာကြားရဖူးသည်။ ထို.အတူအိမ်ရှိပြီဆို
လျှင်လည်း အရံအတားဖြစ်အောင် ခြံစည်းရိုးကာရံဖို.လိုအပ်သည်။ ခြံစည်းရိုးကောင်းမှ လုံခြုံမှုလည်း ရှိနိုင်သည်မဟုတ်လား။ သည်လိုအတွေးပေါ်သည်မှာ ကြာနေပြီး ။ ဒီနေ.တော့ အိမ် ၊ ခြံစည်းရိုးကာရံဖို. မြို.တော်ခန်းမသည်. အရောက်လှမ်းခဲ့သည်။
နံနက် (၁၁) နာရီ မြို.တော်ခန်းမရောက်တော့ စာရေးသူကဲ့သို.ပင် မိမိတို.ပိုင်ဆိုင်တဲ့အိမ်နှင့် မြေပတ်သက်လို. ရောင်းဖို. ၊ ဝယ်ဖို. ၊ မြေတိုင်းဖို. ဂရန်သစ်လျှောက်ဖို. ၊ အမည်ပြောင်းဖို.ကိစ္စများဖြင့် လာရောက်ကြသည့် ဧည့်သည်များမှာ မြို.တော်ခန်းမ မြေညီထပ်တွင် အထူးစည်ကားလှသည်။ တာဝန်ကျစားပွဲခုံအသီးသီးတွင်လည်း ခေါင်းမဖော်နိုင်အောင် အလုပ်ရှုပ်နေကြသည် ကိုတွေ.မြင်ရသည်။
စာရေးသူလည်း အများနည်းတူ ခြံစည်းရိုးကာရန် လျှောက်လွှာတစ်စုံကို ၂၀၀ိ/- ကျပ်ဖြင့်ဝယ်လိုက်သည်။ လျှောက်လွှာတွင် အမည် ၊ မှတ်ပုံတင် ၊ အဘအမည် ၊ မြေတိုင်းရပ်ကွက် ၊ မြေကွက်အမှတ်၊ ဂရန်အမည်ပေါက်စသည်ဖြင့် လိုအပ်ချက်များကို ဖြည့်သွင်းလိုက်သည်။ ထို.နောက် မိမိအမည်ပေါက် အနှစ် (၆၀) ဂရန်မိတ္တူတစ်စုံ ၊ မိမိ၏မှတ်ပုံတင် မိတ္တူတစ်စုံတို.ကို တင်ပြပြီး ခြံစည်းရိုးကာရံဖို. မြေပုံထုတ်ပေးရန်
လျှောက်လွှာတင်လိုက်သည်။
လျှေက်လွှာတင်ပြီးနာရီဝက်ခန်. စောင့်ရသည်။ ဒီနောက်မှာတော့ အလှည့်ကျခေါ်သဖြင့် စာရေးသူအလှည့်ရောက်လာသည်။ မှတ်ပုံတင်မူရင်း၊ ဂရန်မူရင်းများကို တိုက်ဆိုင်စစ်ဆေးဖို. တောင်းသည်။ စာရေးသူလည်းအသင့်ပါလာသော မှတ်ပုံတင် ၊ အနှစ် ၆၀ ဂရန်မူရင်းတို.ကို ထုတ်ပြရာမှန်ကန်မှုရှိသဖြင့် မူရင်းများပြန်ပေးပြီး မိတ္တူများကို လက်ခံထားသည်။ နောက်ဆုံးမှာတော့ ဂရန်မြေဌားရမ်းခ (၃) လ တစ်ကြိမ်ထုတ် ပြေစာကိုတောင်းသည်။ စာရေးသူ အခက်တွေ.သွားသည်။ ရေခွန် ၊ မီးခွန်လည်းမရှိ မြို.နယ်မှ ဂရန်မြေဌားရမ်းခ လာရောက်ကောက်ခံခဲ့ဖူဖြင်းလည်း မရှိကြောင်း ပြောပြတော့မှ မြို.နယ်တာဝန်ခံဌာနစုမှူးက …..
“ဒါဆိုရင် အစ်ကိုနေတဲ့ မြို.နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှာသွားပြီး ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်သွားယူပြီး ပြန်လာခဲ့ပါ။ အခုတော့
မြေပုံကူးလျှောက်လို.မရသေးပါဘူး” ဟု ပြော၍ ပြန်လွှတ်လိုက်သည်။
“ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်တောင်းတာတော့ဟုတ်ပါပြီ။ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် နမူနာပြပါ”
လို.ပြောတော့ ဌာနစုမှူးက နမူနာစာရွက်တစ်ရွက် ထုတ်ပြသည်။ စာရေးသူဖတ်လိုက်ရသည့် ထောက်ခံချက်ကို စာဖတ်သူများလည်းသိစေလိုသဖြင့် ကူးယူဖော်ပြလိုက်ပါသည်။
မြို.တော်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး
မြောက်ဥက္ကလာပမြို.နယ်
စာအမှတ်၊ / / စည်ပင် (မဥ)
ရက်စွဲ၊ ၂၀၁၃ ခုနှစ် လ ရက်
သို.
ဌာနမှူး
မြို.ပြစီမံကိန်းနှင့် မြေစီမံခန်.ခွဲမှုဌာန
အကြောင်းအရာ ။ ။ ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်။
အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သတ်၍မြောက်ဥက္ကလာပမြို.နယ်…………ရပ်ကွက်………လမ်း၊ အိမ်အမှတ် ………..နေ ၊ ပစ္စည်းခွန် ၊ မြေခွန် ၊ ကြွေးကျန်ကင်းရှင်းမှု လျှောက်ထားသူ “ဦးဖြူ” မှတ်ပုံတင်အမှတ်………..သည် ပေါင်းစည်းအခွန်ကြွေးကျန် ကင်းရှင်းကြောင်းထောက်ခံအပ်ပါသည်။
စာရေးသူလည်း ဝါမဆိုမီ အမြန်ဆုံး ခြံစည်းရိုးကာရန်လိုသဖြင့် အထက်ပါထောက်ခံချက်ရရန် မြို.နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို.ခြေလှမ်းကြဲကြဲဖြင့် အရောက်လှမ်းခဲ့ပါတော့သည်။
Credit: winningland