ယခုအခါ ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းဝယယူမှုများပြားလာကြပါသည်။ ကြိုပွိုင့်စနစ်သည် ပကတိမျက်မြင် အခြေအနေကို ဝယ်ယူခြင်းမဟုတ်ဘဲ အဆောက်အအုံနမူနာပုံစံငယ် (သို့) စာရွက်ပေါ်ရှိ အဆောက်အအုံပုံစံ (သို့) ဆောက်လုပ်ဆဲအနေအထားကိုကြည့်၍ ဝယ်ယူသူများအနေဖြင့် လက်ရောက်ရယူနိုင်ခြင်း မရှိသေးဘဲ ကြိုတင်ငွေပေးချေ၍ ဝယ်ယူရခြင်း ဖြစ်ပါသည်။
အသင့်ဖြစ်ပြီးသော အခန်း၊ အဆောက်အအုံတို့ကို ဝယ်ယူရာတွင် အလွယ်တကူဝယ်ယူရန် မသင့်လျော်ဘဲ အဘက်ဘက်မှ ကြည့်ရှုချင့်ချိန်၍ ဝယ်ယူရသည်ဖြစ်ရာ ကြိုပွိုင့်ဖြင့်ဝယ်ယူမည်ဆိုလျှင် သတိကြီးစွာထားရှိရမည်ဖြစ်ပါသည်။
ကန်ထရိုက်တချို့သည် တိုက်ခန်းတစ်ခန်းတည်းအား တစ်ဦးက်မနည်းရောင်းချ၍ ထွက်ပြေးတိမ်းရှောင်ခြင်း၊ အဆောက်အအုံပြီးဆုံးခြင်း မရှိသေးမီ ကန်ထရိုက် အလွှဲအပြောင်းများရှိခြင်း၊ သတ်မှတ်ကာလထက် အချိန်များစွာ ကျော်လွန်သည့်တိုင် အဆောက်အအုံပြီးဆုံးမှုမရှိခြင်း စသည့်ပြဿနာရပ်မျိုးစုံဖြင့် ကြုံတွေ့ရနိုင်ပါသည်။
ထို့ကြောင့် ကြိုပွိုင့်တိုက်ခန်းဝယ်ယူတော့မည်ဆိုလျှင် လိုအပ်သည့် အထောက်အထားစာချုပ်များတောင်းယူကြည့်ရှုရန်နှင့် မြေရှင် နှင့် ကန်ထရိုက်ချုပ်ဆိုသော စာချုပ်မိတ္တူတောင်းဆိုခြင်း၊ စာချုပ်ချုပ်ဆိုရာတွင်လည်း ဝယ်ယူမည့်တိုက်ခန်းနှင့်ပက်သတ်၍ အဘက်ဘက်မှ ပြည့်စုံသည့် အချက်အလက်များထည့်သွင်းချုပ်ဆိုလျှက် မြေရှင်ကိုပါ တွေ့ဆုံပြီး သက်သေအနေဖြင့် လက်မှတ်ရေးထိုးပေးရန် လိုအပ်ကြောင်း ကြိုပွိုင့်ဝယ်ယူလိုသူများထံသို့ အသိပေးအပ်ပါသည်။
Credit: မြန်မာ့အိမ်ခြံမြေသတင်းဌာန