နေ့စဉ်သတင်းစာတစ်စောင်မှာ ပါခဲ့တဲ့ အိမ်ခြံမြေ ကုမ္ပဏီတစ်ခုရဲ့ ကြော်ငြာဖြစ်ပါတယ်။ ကြော်ငြာဆိုပေမဲ့ သူ့မှာ မှတ်သားစရာလေးတွေ ပါတာကြောင့် အချက်အလက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
ရန်ကုန်မြို့ရဲ့ အထပ်မြင့်အဆောက်အဦးတွေမှာ နေထိုင်မယ့်သူတိုင်း သိထားသင့်တဲ့ အချက်လေးတွေပါ။
ဖောင်ဒေးရှင်း
အထပ်မြင့်အဆောက်အဦး ဆောက်မယ်ဆို ဖောင်ဒေးရှင်း လေးခုရှိပါတယ်။ ဖောင်ပုံသဏ္ဍန် ဖောင်ဒေးရှင်း၊ သေတ္တာပုံသဏ္ဍန် ဖောင်ဒေးရှင်း၊ ပိုင်ဖောင်ဒေးရှင်း၊ ပိုင်နဲ့ဖောင်တွဲလျှက် ဖောင်ဒေးရှင်းဖြစ်ပါတယ်။
သင့်လျော်သောဖောင်ဒေးရှင်း
ရန်ကုန်ဟာ မြေနုမြေပြန့်ဖြစ်တာကြောင့် ပိုင်ဖောင်ဒေးရှင်း သို့မဟုတ် ပိုင်ဖောင်တွဲ ဖောင်ဒေးရှင်းက အသင့်တော်ဆုံး ဖြစ်ပါတယ်။
ပိုင်ဖောင်ဒေးရှင်း
တူးထည့်ပိုင်၊ ရိုက်ပိုင်နဲ့ တူးရိုက်ပိုင်ဆိုပြီး ရှိပါတယ်။ ရန်ကုန်မြို့ မြေအနေအထားဟာ ရိုက်ပိုင်နဲ့ တူးရိုက်ပိုင်က အသင့်တော်ဆုံးဖြစ်ပါတယ်။
ငလျင်ဒဏ်
သုတေသနတွေအရ ရန်ကုန်ရဲ့ အထပ်မြင့် အဆောက်အဦး တစ်ခုဟာ ငလျင်ဒဏ်ခံနိုင်ရည် ၇.၅ သို့မဟုတ် ၇.၅ အထက် ရှိရပါမယ်။
ဆောက်လုပ်မှုပုံစံ
ကွန်ကရစ်ပုံစံ၊ ဖရိမ်ကိုယ်ထည်ပုံစံ၊ ပြင်းအား (သက်ရောက်အား)လျှော့ နံရံပုံစံ၊ ဖရိန်အလယ်ချုပ်ပုံစံ ဆိုပြီး ၄ မျိုး ရှိပါတယ်။
သင့်လျော်သောပုံစံ
ပြင်းအားလျှော့ဟာ အထပ်မြင့် လူနေအဆောက်အဦးတွေ အတွက် ရွေးချယ်သင့်တဲ့ ပုံစံဖြစ်ပါတယ်။
ဖရိန်အလယ်ချုပ်ဟာ အထပ်မြင့် ရုံးခန်းများနဲ့ အထပ်မြင့် ဟိုတယ်တွေအတွက် သင့်လျော်တဲ့ ပုံစံဖြစ်ပါတယ်။
Credit : Golden City စီမံကိန်း