အိမ်ခြံမြေ ဝယ်ယူ ရာတွင် ရောင်းချသူ၏ နိုင်ငံသားစိစစ်ရေးကတ်ကို တိုက်ဆိုင်စိစစ်ရန်လိုအပ်ခြင်း

အိမ်ခြံမြေ ဝယ်ယူ ရာတွင် ရောင်းချသူ၏ နိုင်ငံသားစိစစ်ရေးကတ်ကို တိုက်ဆိုင်စိစစ်ရန်လိုအပ်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
23 Oct 2014 11:46 am တွင် တင်ခဲ့သည်
1940 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ဝယ်ယူသူ အနေဖြင့်ဖြစ်စေ ၊ အကျိုးဆောင် အနေဖြင့်ဖြစ်စေ ၊ အိမ်ခြံမြေ အရောင်းအဝယ် အရပ်စာချုပ် ရေးသားချုပ်ဆိုကြရာတွင် ပိုင်ရှင်ဖြစ်သူ ရောင်းချသူ ၏အမည် မှတ်ပုံတင်လိပ်စာကို ၎င်း၏ပြောပြချက်အရသာ ရေးသားဖော်ပြလေ့ရှိပြီး အဆိုပါ ပိုင်ရှင်ဖြစ်သူ ၊ ရောင်းချသူ ၏အမည်နှင့် ၎င်းကိုင်ဆောင်သည့် မှတ်ပုံတင်ကို တိုက်ဆိုင်စိစစ်ရန် ဝန်လေတတ် သတိမထားမိတတ် ဖြစ်တတ်ကြပါသည်။

များသောအားဖြင့် ရောင်းချသူ ၊ ပိုင်ဆိုင်သူ၏ အမည်နှင့်၎င်းမှတ်ပုံတင်ကို တိုက်ဆိုင်စစ်ဆေးခြင်းမရှိဘဲ အိမ်ခြံမြေ အရောင်းအဝယ်စာချုပ် ရေးသားချုပ်ဆိုလေ့ ရှိကြပါသည် ။

ရောင်းသူနှင့်ဝယ်သူအချင်းချင်းသိကျွမ်းရင်းနှီးပြီးသား ဖြစ်လျှင်အကြောင်းမဟုတ်သော်လည်း ရင်းနှီးသိကျွမ်းသူများ မဟုတ်လျှင် အမှန်တကယ် ပိုင်ရှင်ဟုတ်၊ မဟုတ် သေချာစေရန်အတွက် ၎င်း၏ မှတ်ပုံတင်နှင့် တိုက်ဆိုင်စစ်ဆေးရန် လွန်စွာအရေးကြီးပေသည်။

ပိုင်ရှင်ဖြစ်သူ ၊ ရောင်းချသူအနေဖြင့်လည်း အမှန်တကယ်ပိုင်ဆိုင်သူဖြစ်ကြောင်း ဖော်ပြနိုင်ရန်အတွက် ဝန်လေးခြင်း ၊ စိတ်ကွက်ခြင်းမပြုဘဲဝတ္တရားအရ မိမိကိုင်ဆောင်သည့် မှတ်ပုံတင်ကို ပြသစိစစ်ခံရန် လိုအပ်ပါသည်။

တာဝန်ယူ ရေးသားချုပ်ဆိုပေးသူများအနေဖြင့် တာဝန်ကျေရန် အမှားအယွင်း ချို.ယွင်းမှုမရှိအောင် အထူးသတိပြုရမည့်အချက်ဖြစ်သကဲ့သို. ဝယ်သူအနေဖြင့်လည်း နစ်နာဆုံးရှူံးမှု မဖြစ်ပေါ်စေရေးအတွက် သတိထားရမည့်အချက် ဖြစ်ပါသည်။

စာချုပ်စာတမ်းများမှာ အစစ်အမှန်များဖြစ်သော်လည်း တစ်ခါတစ်ရံအဆိုပါစာရွက်စာတမ်းများမှာ ခေတ္တပေါင်းနှံထား၍သော်လည်းကောင်း ၊ ယုံကြည်အပ်နှံခြင်းဖြင့် လည်းကောင်း အကြောင်းအမျိုးမျိုးဖြင့်တခြားတစ်စုံ တစ်ယောက်ထံ ရောက်ရှိနေတတ်ရာ စာချုပ်စာတမ်းအစစ်များပြတိုင်း ပိုင်ရှင်အစစ်အမှန်ဟု တစ်ထစ်ချမပြောနိုင်ပေ ။

တစ်စုံတစ်ယောက်က အဆိုပါစာရွက်စာတမ်း စာချုပ်စာတမ်းများရယူ၍ရယူ၍ ပိုင်ရှင်အစစ်အမှန်ဟန်ဆောင်ကာ လက်ညှိုးထိုး လမ်ညာရောင်းချခြင်းများရှိတတ်သဖြင့်စာချုပ်စာတမ်းအစစ်အမှန်များ ပြသသော်လည်း ရောင်းချသူသည် ပိုင်ရှင်အစစ်အမှန်ဟုတ်၊ မဟုတ် မှန်၊ မမှန် စိစစ်ရန် အထူးအရေးကြီးပေသည်။

အဆိုပါ ရောင်းချသူ၏မှတ်ပုံတင်ကို တောင်းယူစိစစ်ကြည့်ရန် လိုအပ်ပါကြောင်း ၊အရောင်းအဝယ်ညှိနှိုင်းစဉ် အပြန်အလှန် သဘောတူညီမှုများ ဆွေးနွေးစဉ်ကပင် ကြိုတင်အသိပေး ပြောဆိုညှိနှိုင်းထားရန် လိုအပ်ပါသည်။ ဝယ်သူအနေဖြင့် အရောင်းအဝယ် စရန်မပေးချေမီတွင်ပင် အဆိုပါရောင်းချသူ၏မှတ်ပုံတင်စိစစ်ရန်ကိစ္စကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

Credit: winningland

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service