ပထမဦးစွာလျှောက်ထားရမည့် အချက်
1. မိမိပိုင်မြေဂရန် သို.မဟုတ်မြေပိုင်မြေကိုတိုင်းတာလိုလျှင်သော်လည်းကောင်း၊ မြေခွဲခြမ်းလိုလျှင်သော် လည်းကောင်း ၊ မြေ၏နယ်နမိတ်နယ်လေးရပ်ကိုတိုင်းတားထားသည့် မြေတိုင်းမြေပုံ (Demarcatoin Map ) ရရန် လျှောက်ထားရပါမည်။
2. ထိုမြေတိုင်းမြေပုံရရှိပါက မြေခွဲစိတ်ပုံစုံ (Proposed Sub-Division Lay-Out Plan) ရေးဆွဲပြုလုပ် ပေးရမည်။ ခွဲစိတ်ပုံစံပြုလုပ်ခြင်းဖြစ်ပါသည်။ ထိုမြေခွဲစိတ်ပုံစံတွင် ရန်ကုန်မြို.တော်စည်ပင်သာယာရေး ကော်မတီမှ အသိအမှတ် ပြုထားသည့် လိုင်စင်ရအင်ဂျင်နီယာ၏ အတည်ပြုလက်မှတ် ရေးထိုးပေးရန် လိုပါသည်။
3. မြေကွက်ခွဲစိတ်ပုံစံရရှိပါက ခွဲထုတ်မည့်သီးခြားမြေကွက် (ဦးပိုင်မြေကွက်) (Sactioned Lay-Out) ခွဲစိတ် မြေပုံရရေးအတွက် ဆက်လက်လျှောက်ထားရပါမည်။ မြေပိုင်မြေ (ဘိုးဘွားပိုင်) ဖြစ်ပါက အင်ဂျင်နီယာဌာန(အဆောက်အအုံ)၏ အတည်ပြုချက်ရရန် လိုအပ်ပါသည်။
နောက်ဆုံးအဆင့်ခွဲစိတ်မြေပုံလျှောက်ထားရာတွင် လိုအပ်သောစာရွက်စာတမ်းများ
1. လျှောက်ထားသူ၏ မှတ်ပုံတင် သို.မဟုတ် နိုင်ငံသားကဒ်ပြားမိတ္တူ။
2. မြေခွန်မြေခ ကြွေးကျန်မရှိကြောင်း ထောက်ခံချက်။
3. ပိုင်ဆိုင်မှုအထောက်အထား ဆက်စပ်စာချုပ်များမူရင်းနှင့် မိတ္တူများ။
4. မြေဂရန် သို.မဟုတ် မြေပိုင်အထောက်အထားမူရင်းနှင့် မိတ္တူများ။
5. မြေကွက်ခွဲစိတ်ခွင့်မူရင်းနှင့် ခွဲစိတ်ပုံစံမူရင်း မိတ္တူများ။
လျှောက်ထားရမည့်နေရာမှာ မြို.တော်ခန်းမရှိ ခန်းမ(၂)တွင်ဖြစ်ပါသည်။ ထိုခန်းမတွင် မြို.ပြစီမံကိန်းနှင့် မြေစီမံခန်.ခွဲမှုဌာနမှ ဝန်းထမ်းများ ၊အဆောက်အအုံ အင်ဂျင်နီယာဌာနမှ ဝန်ထမ်းမျာက တစ်နေရာတည်းတွင် ဆောင်ရွက်ပေးနေပါသည်။
သက်ဆိုင်ရာဌာနမှ ဆက်လက်ဆောင်ရွက်ချက်
လျှောက်ထားခြင်းအပေါ် မြေတိုင်းခွင့်ပြုမိန်.ချပေးပြီး မြေတို်င်းအဖွဲ.သည် လုပ်ထုံးလုပ်နည်းများအရ ဆက်လက်ဆောင်ရွက်ကြရပါသည်။
1. မြေကွက်နှင့်ဆက်စပ်နေသော အနား(၄)ဘက်မြေကွက် ပိုင်ရှင်များက ကန်.ကွက်ရန် ရှိ/မရှိ ကြောငြာ ထုတ်ပြန်ခြင်း။
2. မြေတိုင်းတာချိန်အလိုက် မြေတိုင်းခပေးသွင်းရခြင်းနှင့် မြေတိုင်းမြေပုံအတွက် မြေဧရိယာအလိုက် ကြိုတင်ငွေပေးသွင်းရခြင်း။
3. သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို.နယ် အုပ်ချုပ်ရေးမှူးရုံးတို.အားကြိုတင်အကြောင်းကြားပြီး ၊ ၎င်းကိုယ်စားလှယ်များနှင့်ဘေး(၄)ဘက်မှ မြေကွက်ပိုင်ရှင်ရှေ.တွင် မြေနယ်နိမိတ်ကို တိုင်းတာမှတ်သားခြင်း၊ ကိုယ်စာလှယ်များအား လက်မှတ်ရေးထိုးစေခြင်း။
4. ၎င်းကိစ္စများပြီးဆုံးပါက သတ်မှတ်သောရက်တွင် လျှောက်ထားသူအား မြေပုံ(၁) ထုတ်ပေးပါလိမ့်မည်။
မှတ်ချက်
ခွဲစိတ်ခွင့်ပြုရန် လျှောက်ထားခြင်းသည် မြေဧရိယာ (၂၄၀၀)စတုရန်းပေအထိသာ ခွဲစိတ်ခွင့်ပြုသည်။ (၁၂၀၀)စတုရန်ပေအောက်ကို ခွဲစိတ်ခွင့်မပြုပါ။
Credit: ဦးသန်းညွန်.မောင် (တရားလွှတ်တော်ရှေ.နေ)