ကိုယ်စားလှယ်ဆိုသည်မှာ အထူးကိစ္စရပ်အတွက် ဆောင်ရွက်ရန် လွှဲအပ်သည့် ကိုယ်စားလှယ်နှင့် အထွေထွေကိစ္စများအတွက် ဆောင်ရွက်ရန် လွှဲအပ်သည့်ကိုယ်စားလှယ်ဟူ၍ ရှိသည်။
အထွေထွေကိုယ်စားလှယ် လွှဲစာ (GENERAL POWER) နှင့် အထူးကိုယ်စားလှယ်လွှဲစာ (SPECIAL POWER ) တို.ဖြစ်သည်။ တရားရုံးနှင့်သက်ဆိုင်သော အမှုကိစ္စအတွက် ဖြစ်စေ၊ တခြားပြင်ပကိစ္စများအတွက်ဖြစ်စေ ၊ မည်သည့်ကိစ္စတွင်မဆို ပဋိညာဉ် အက်ဥပဒေအရ အရွယ်မရောက်သေးသူနှင့် ရှူးသွပ်သူမှတစ်ပါး မည်သူကိုမဆို ကိုယ်စားလှယ် လွှဲအပ်စေပြီး ဆောင်ရွက်နိုင်သည်။
ကိုယ်စားလှယ်လွှဲအပ်ရာတွင် စာဖြင့်ဖြစ်စေ ၊ နှုတ်ဖြင့်ဖြစ်စေ လွှဲအပ်သည့်သဘော သက်ရောက်စေခြင်းဖြင့် ဖြစ်စေ ၊ လွှဲအပ်နိုင်သည်။
ယေဘုယျအားဖြင့် ကိုယ်စားလှယ်လွှဲစာများကို စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေအရ မှတ်ပုံမတင်ဘဲ နေနိုင်သည် ။ သို.သော် စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ ၃၂ ပါပြဌာန်းချက်များအရ ရုံးတွင်ဆိုင်ရာခွင့်တောင်ဆိုရန် ဒီဂရီအတည်ပြုဆောင်ရွက်ရန် စသည်တို.အတွက် ကိုယ်စာလှယ်ဟုတ်မှန်ကြောင်း အသိအမှတ်ပြုသည့်အနေဖြင့် ယင်းဥပဒေ ပုဒ်မ ၃၃ အရ မှတ်ပုံတင်ရန် လိုသည်။ မှတ်ပုံတင်သည့်အခါ တံဆိပ်ခေါင်းအက်ဥပဒေ ဇယား ၁ အပိုက် ၄၈ အရ သတ်မှတ်သည့် တံဆိပ်ခေါင်း ထမ်းဆောင်ရမည်။
ကိုယ်စားလှယ် လွှဲစာများကို မှတ်ပုံတင်ခြင်း ၊ မတင်ခြင်းသည် လုပ်ဆောင်သော လုပ်ငန်းကိစ္စအပေါ်တည်သည်။ အချို.မှတ်ပုံမတင်ဘဲလည်း ရှိသည် ။ တချို.မှာ နိုထရီပတ်ဗလစ်ရှေ.နေထံ မှတ်ပုံတင်သည်လည်းရှိသည်။ တချို.မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရသည်လည်းရှိ၏ ။ မရွှေ.မပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်းသည့် ကိစ္စမျိုးဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်ရမည် ဖြစ်ပေသည်။
ကိုယ်စားလှယ် လွှဲစာကို ကိုယ်စားလှယ်လွှဲသူအနေဖြင့် ပြန်လည် မရုပ်သိမ်းနိုင်သည့် ကိုယ်စားလှယ် လွှဲစာမှတစ်ပါး ၊ တခြားကိုယ်စားလှယ် လွှဲစာများကို ပြန်လည်ရုပ်သိမ်းနိုင်သည်။
သတင်းစာမှနေ၍ ကိုယ်စားလှယ်လွှဲအပ်ခြင်းကို ပြန်လည်၍ ရုပ်သိမ်းကြောင်း ကြေညာကာ ယင်းကြေညာချက်နှင့်အတူ မိမိမှတ်ပုံတင်ထားသောဌာနသို. အကြောင်းကြားပေးပို.ရသည်။ ပြန်လည်မရုပ်သိမ်း နိုင်သည့် ကိုယ်စားလှယ်လွှဲစာကို ပြန်လည်ရုပ်သိမ်း လိုပါက လွှဲသူနှင့် လွှဲအပ်ခံရသူ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ပြန်လည်ရုပ်သိမ်းနိုင်သည်။
Credit: winningland