အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မယ်ဆိုရင်

အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
7 Apr 2014 11:36 am တွင် တင်ခဲ့သည်
4425 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ကန်ထရိုက်ပေးပြီး အထပ် မြင့်ဆောက်လုပ်မယ့် မြေပိုင်ရှင်တွေအနေ နဲ့ ဆောက်လုပ်မယ့် ကန်ထရိုက်၊ အဆောက်အအုံ၊ proposal (လုပ်ငန်းဆောက်လုပ်ခွင့် အဆိုပြုချက်) စတာတွေ အရင်စိစစ်ပြီးမှ အထပ်မြင့်ဆောက်လုပ်သင့်တယ်လို့ စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ သိရပါတယ်။

“အဆောက်အအုံဆောက်လုပ်မယ့် လိုင်စင်အင်ဂျင်နီယာရဲ့ လုပ်ငန်းလိုင်စင်နဲ့ ပတ်သက်ပြီး ဌာနမှာ ဖုန်းဆက်ပြီး မေးလို့ ရတယ်၊ စည်ပင်ဝက်ဘ်ဆိုက်မှာလဲ တရားဝင် ကြည့်လို့ရတယ်”လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကန်ထရိုက်ကို စစ်ဆေးလို့ရ

အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်မယ့် ကန်ထရိုက်ကို ၄င်းရဲ့နာမည်၊ လိုင်စင်နံပါတ်နဲ့ မှတ်ပုံတင်နံပါတ်တို့ကို ယူပြီး စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှာ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် ၃၈၂၅၆၅ ကိုဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဒါ့အပြင် မြို့တော်စည်ပင်ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.ycdc.com.mm အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှာလည်း မိမိလိုင်စင် ကန်ထရိုက်နဲ့ ပတ်သက်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

၎င်းဝက်ဘ် ဆိုက်ထဲမှာ အဆောက်အအုံ ဆောက်လုပ်ခွင့်နဲ့ ပတ်သက်တဲ့ လျှောက်လွှာပုံစံတွေကိုလည်း အခမဲ့ ဒေါင်းလုတ်ပြုလုပ်နိုင်တယ်လို့ သိရပါ တယ်။ ဌာနမှာ ပရိုပိုဆယ်တင်နိုင် အထပ်မြင့်ဆောက်လုပ်မယ့် မြေပိုင်ရှင်တွေအနေနဲ့ မိမိတို့ရဲ့အဆောက်အအုံအမြင့်ပေနဲ့ အထပ် ဘယ်လောက်အထိ ဆောက်လုပ်ခွင့်ရတယ်ဆိုတာကို proposal (လုပ်ငန်းဆောက်လုပ်ခွင့် အဆိုပြု ချက်) တင်ကာ ဌာနမှ ခွင့်ပြုတဲ့နှုန်းကို သိရှိ နိုင်တယ်လို့ သိရပါတယ်။

“အဆောက်အအုံဆောက်လုပ်ခွင့်မရ သေးဘဲ အဆောက်အအုံ ဒီဇိုင်းဆွဲတာ၊ လုပ်ငန်းစတင်တာတွေ အရင်လုပ်ရင် ဌာနက ချပေးတဲ့ အဆောက်အအုံပုံစံ၊အထပ်နဲ့ ကွာခြားမှုရှိရင် ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်နိုင်သလို လုပ်ငန်းကြန့်ကြာမှုတွေဖြစ်နိုင်တယ်။ ဒါကြောင့် ပရိုပိုဆယ်အောင်မှ လုပ်ငန်းစတင်သင့်တယ်”လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီ ယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အမြင့်ပေတွက်သင့်

လက်ရှိအချိန်အထိ ရန်ကုန်မြို့တွင်း အဆောက်အအုံဆောက်လုပ်ခွင့်နဲ့ ပတ်သက်ပြီး မြို့မြေအသုံးချမှုဇုန် ၁၁ ဇုန် ခွဲခြား သတ်မှတ်ထားပါတယ်။ လူနေသိပ်သည်း မှုအများဆုံးဇုန်၊ လူနေသိပ်သည်းမှုအသင့် အတင့်ရှိတဲ့ဇုန်၊ မြို့မြေအသုံးချမှုရောနှောနေတဲ့ဇုန်တွေမှာဆိုရင် အထပ်မြင့် ဆောက်လုပ်သူအနေနဲ့ မြေချန်များနိုင်ရင် အထပ်ကို ၁၀ ပေနဲ့ အထက်အထိ ဆောက်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းကျဉ်းနေရာတွေမှာ အထပ်မြင့် ဆောက်လုပ်မယ်ဆိုပါက လမ်းရဲ့ နှစ်ဆ ကိုသာ အထပ်မြင့်ဆောက်လုပ်နိုင်မှာ ဖြစ် ပါတယ်။ FAR (ကြမ်းခင်းဧရိယာအချိုး) x BCR (အဆောက်အအုံဖုံးလွှမ်းမှုအချိုး) တွေနဲ့ အဆောက်အအုံ အထပ်အမြင့်ကို လည်း မြေချန်နဲ့ တွက်ချက်နိုင်ပါတယ်။

လက်ရှိအချိန်မှာ မြို့မြေအသုံးချမှုဇုန် သတ်မှတ်ထားတဲ့မြို့နယ်တွေကတော့ ရန်ကင်း၊ တာမွေ၊ ဆိပ်ကမ်း၊ စမ်းချောင်း၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ လှိုင်၊ ဒဂုံ၊ ဗဟန်း၊ အလုံစတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ ၄င်းမြို့နယ် တွေမှာ အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်မယ့်သူတွေအနေနဲ့ အထပ်မြင့်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး တစ်ခါ တည်းသိရှိနိုင်ပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service